Monday, March 24, 2014

ခေတ်စမ်း ဖခင်သို့

စာပေအသစ်
ခေတ်စမ်းခေတ်ဟု
ထွန်းရစ်ဆန်းသစ်ခဲ့လေပြီ ၊

" ငါ့ ပုခုံးထက်
မင်းတို့တက်ကြ
ငါ့ ထက်မင်းတို့ တော်ရမယ်၊ "

" ဆရာတို့ထက်
တပည့်ထက်မှ
တိုးတက်မြင့်လို့ ဆိုရမယ် ၊ "
 

ခေတ်စမ်းဖခင်
ဖေမောင်တင် က
စဉ်အလာသစ်
ဆိုရိုးသစ်ဖြင့်
စာသစ်စင်ပေါ် တင်ခဲ့ပြီ ၊
 

ဖေမောင်တင်နှစ်
တရာ့တစ်မှာ
ပုဆစ်ဒူးတုပ်
လက်အုပ်ချီမိုး
ငါ ရှိခိုးသည်
မိုးသို့ တို့စာ ကျယ်စေသနည်း ။



 မောင်စွမ်းရည်

No comments:

Post a Comment