Monday, October 21, 2013

ခင်

ရွက်ဖျားနှင်းခို
အအေးပိုတော့
မောင့်ကိုရည်မှန်း
ထွေးလှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
မြူနှင်းကွယ်ပျောက်
နွေကိုရောက်၍
ပိတောင် ခိုင်ညှာ
မြင်မိပါရင်
မောင့်ပင်ရည်မှန်း
ဆင်လှည့်စမ်းလို့
ရော်ရမ်း၍များ ဆိုမလား ။
သနားမညှာ
ညဥ့်ယံလွှာတွင်
ဝဠာဆိတ်သုဉ်း
တိမ်လိပ်ဖုံး၍
ထစ်ချုန်းမြည်ဟီး
လျှပ်စီးလက်ဖြာ
သိပ်ငယ်ရှာ လျှင်
မောင့်ရင်ပင်မှန်း
ကွယ်လှည့်စမ်းလို့
ရော်ရန်း ၍များဆိုမလား ။
အခုများဖြင့်
ပိတောက်ပွင့်ညှာ
ကြွေကာလွန့်လူး
လေရူးဝေ့၀ိုက်
မိုးလုံးမိုက်မှောင်
လျှပ်လျှက်ရောင်စီး
မငြီးမငို
မယ့်တစ်ကိုယ်ပင်
ဆိုစဉ် ဆောင်းရက်သက်ခဲ့ပြီ  ။
 

No comments:

Post a Comment