Monday, October 21, 2013

ချစ်သူ

မနက်မိုးလင်း

မျက်လုံးပွင့်သည်နှင့်
ချစ်သူ အကြောင်းစဉ်းစားမိ၏။

နေ့ ခင်းနေ့ ဘက် အလုပ်လုပ်ချိန်
ချစ်သူ အသံကြားယောင်မိ၏။

အလုပ်ဆင်းလို့ 
အိမ်ပြန်ရောက်သော်
ချစ်သူကိုပဲတွေ့ ချင်မိ၏။

ညဘက်ရောက်လို့ အိပ်ပြန်လျှင်လည်း
အိမ်မက်ထဲမှာ ချစ်သူကပဲ
စိုးမိုးနိုင်လွန်း၏။

မူရင်းလင့် VIP

No comments:

Post a Comment