Monday, October 21, 2013

အောင်လံထူမဲ့စိတ်

သမိုင်းအုတ်တချပ်ဆင့်ဖို့ အသက်နဲ့တောင် ရင်းခဲ့ရ

ခံပြင်းတက်ခေါက်
စိတ်တွေလဲ မီးတောက် 

ဒူးထောက်သူ ရင်ကော့သူ

လူအမျိုးမျိုးနဲ့ကြုံ

သူပုန် တဖြစ်လဲ
အောင်ပွဲရဖို့ ရှေ့ချီတက်

လက်တွဲစို့ရဲဘော်
အနာဂတ်ကို မျှော်ကြမယ်။

ကိုယ်ကျိုးကို မြေမြှုပ်
ကိုယ့်အထုပ် ကိုယ်မပိုက်

တိုက်ပွဲသာ အသက်
တိုက်ရဲတာ လက်နက်

သွေးစက်စက်ကျပေစေ
အုတ်မြစ်ချလူ့ဗိမာန်
အကျည်းမတန်စေရ။

လူမှန်ရင်သတ္တိရှိရမယ်

  အသိစိတ်မြင့်မား 
တရားကိုချစ်တတ်ရမယ်။

အမှားနွံမနစ် တရားမွန်ချစ်တတ်မှ

လောကသစ်အုတ်တချပ်
အနာဂတ်အတွက် စီနိုင်မယ်။

အောင်လံထူဖို့ လွယ်ကူတဲ့ အလုပ်မဟုတ်။

အချောင်ကံထလို့ 
အောင်လံမရနိုင်။

နောင်အမြဲလှစေဖို့ 
အောင်ပွဲအရ ချီတက်လော့။ ။

တင်မိုး

၂၈၊၀၁၊၂၀၀၅

မူရင်းလင့် 

No comments:

Post a Comment