Friday, November 22, 2013

ခင်ဗျားတို့ စဉ်းစားကြည့်

ခင်ဗျားတို့အစွန်းအစရှိလွန်းလို့
အခြေခံဥပဒေကို ဒီကနေ့ပဲတစ်ရက်ထဲနဲ့ပြင်ပြင်
ခင်ဗျားတို့ညံ့လို့ နှစ်ငါးဆယ်လောက်ကြာအောင်
မပြင်နိုင်ဘဲနဲ့ ပဲနေနေ
တိုင်းပြည်ကိုစီးပွားရေးအရပြန်ပိတ်ခိုင်းတာတော့
ဘယ်သူလုပ်တာမှလက်မခံဘူးဗျို့။
လူထုက ပြားကပ်နေပြီ။


စီးပွားရေး ကို အင်တိုက်အားတိုက်လာလုပ်ကြရင်တောင်မှ
ချက်ချင်း သက်သာရာရဖို့မလွယ်တာ
ထပ်ပိတ်မယ်ဆိုလို့ကတော့ ဆန့်ကျင်တယ်ဗျ။



၂၀၁၅မတိုင်ခင် အခြေခံဥပဒေကို
ဒီမိုကရေစီနဲ့အပြည့်အဝကိုက်ညီတဲ့အထိ ပြင်လို့
လုံးဝမရဘူးဆိုတာလည်း သတိပေးပါရစေ။

ခုတ်ရာတခြားရှရာတလွဲ ဖြစ်နေတယ်ဆိုတာကို
ပြန်သုံးသပ်ကြဖို့လည်း
အကြံပြုပါရစေ။
 

ဗန္ဓက သရက်သီးစားချင်လှချည်ရဲ့ဆိုပြီး
ခင်ဗျားတို့စိုက်နေတာ ပဒိုင်းပင်ကြီးဗျ။
 

လက်တွေ့ကျကျ ထိထိရောက်ရောက် လုပ်နိုင်မှ
အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတွေအဖြစ်သတ်မှတ်လို့ရပါလိမ့်မယ်။
 

သက်သက် တိုက်ခိုက်တာမဟုတ်ဘူးနော်။
တိုင်းပြည်နဲ့ လူထုနဲ့ဆိုင်လို့ ပြောရတာပါ။
မနိုင်မှန်းသိနေတဲ့စစ်ကို တိုက်ရင် လူမိုက်ပဲ။
တိုက်ရင်နိုင်ခြေတော့ရမယ်။
 

လုပ်သင့်တာဘာလဲ သိရဲ့လား။ ဖြစ်နိုင်တာဘာလဲသိရဲ့လား။
၂၀၁၅ ရွေးကောက်ပွဲကိုအာရုံစိုက်ဖို့ပဲ။
 

ရွေးကောက်ပွဲအများစုနိုင်ခြေရှိနေတာကို မျက်ကွယ်ပြုပြီး
၂၀၁၅မတိုင်ခင်ပြင်မရနိုင်တဲ့ဟာကို အာရုံတအားစိုက်နေကြတာ
လုံးဝမှားပါတယ်။
 

ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ရင်
တပ်ကလည်း နိုင်တဲ့သူတို အစိုးရဖွဲ့ခွင့် အသာတကြည်ပေးပါလိမ့်မယ်ဗျာ။
မသိမှာစိုးလို့ပါ။
 

အခြေခံဥပဒေကိုကျော်ပြီး တပ်က အတိုက်အခံနိုင်လို့အစိုးရဖွဲ့မှာကို
ဘယ်တော့မှမတားဘူးဆိုတာလည်း ပြောချင်ပါတယ်။
ဖြစ်နိုင်ချေကို လုပ်ကြစေချင်ပါတယ်။
 

ဒေါ်စုကို ၅၉( စ )ပြင်ပေးဖို့လည်း အခုသူလုပ်နေတဲ့ပုံနဲ့တော့ ဝေးသွားပြီဆိုတာ
အခိုင်အမာ ပြောချင်ပါတယ်။
 

သမ္မတ မဖြစ်လည်း ပြည်ထောင်စုလွှတ်တော်နာယက လုပ်လို့ရပါတယ်။
မသိမှာစိုးလို့ ထပ်ပြောပါရစေ။
 

ဒီမိုကရေစီ ပီပြင်သထက်ပီပြင်အောင် လုပ်ပေးနိုင်တာ
သမ္မတ လုံးဝမဟုတ်ပါ။
လွှတ်တော်များသာလျင်ဖြစ်ပါတယ်ဗျာ။
 

အလုပ်ဖြစ်စေချင်လို့သတိပေးနေတာသာဖြစ်ပြီး
သိနေမြင်နေရက်နဲ့မပြောမိရင်
နိုင်ငံသားတစ်ယောက်ရဲ့တာဝန်မကျေရာကျမှာမို့
တတ်နိုင်သလောက်ပြောရခြင်းသာဖြစ်ပါတယ်။
 

စေတနာမရှိရင် အသာလေးထိုင်ကြည့်နေလိုက်ရုံပါပဲဗျ။
စေတနာကိုမသိလွန်းလို့ပြောတာပါ။
 

ကျနော်က ဘာကောင်မှမဟုတ်လို့
ကျနော်ပြောတာအရာမသွင်းရင်လည်း
ကျနော်က ဘာမှမဖြစ်ပါ။
 

ကိုယ့်ကြမ္မာ ကိုဖန်တီးနေကြတာမို့
ဆက်မိုက်ချင်လည်း မိုက်ခွင့်ရှိကြပါတယ်ဗျာ။
 

မိုက်ချင်သလောက်သာ မိုက်ကြပါတော့။
ကျနော်ကတော့ ဖြစ်နိုင်ခြေကိုပဲနိုင်သလောက်
ထိထိရောက်ရောက်ဆက်လုပ်တော့မယ်ဗျို့။
 

အုတ်တစ်ချပ် သဲတစ်ပွင့်လည်းပဲ
လိပ်ပြာသန့်သန့်လုပ်ရတာ
မိုက်လုံးကြီးနေတဲ့သူတွေထက်တော့ လူထုအတွက်အကျိုးရှိမှာပဲဗျ။
 

အတိုက်အခံတို့ကိုပြောချင်တာက
တိုင်းပြည်ကို လူထုကိုတကယ်ချစ်ရင် ၂၀၁၅မှာအနိုင်ရအောင်လုပ်ပြီး
လွှတ်တော်များကနေ ဥပဒေတွေကိုအကောင်းဆုံးပြဌာန်းပေးဖို့ကြိုးစားရင်း
ဒီမိုကရေစီပီပြင်အောင် လုပ်ပေးသွားဖို့က
သမ္မတဖြစ်ဖို့ထက် ပိုအရေးပါသလို
ပိုလည်းလက်တွေ့ကျပါကြောင်းဗျာ။ ။


ပိုက်တင်

No comments:

Post a Comment