ရည်မှန်းချက်ဆိုတာ မရှိခဲ့တော့
ပန်းတိုင်ဆိုင်ရာ ဝေးရောပေါ့။
ခေတ်ကြောင့်လား....
စနစ်ကြောင့်လား ဆိုရင်တော့
အချစ်ကြောင့်ပေါ့ဗျာ......။
(သူတို့က ကျွန်တော်တို့ကိုမှ မချစ်ခဲ့တာ)
လူတွေအများကြီးထက်
သူတို့ ကိုယ် သူတို့ ပိုချစ်ခဲ့လို့...။
(ကျွန်တော်တို့ကလည်း သူတို့ ချစ်အောင် မနေတတ်လို့ နေမှာပေါ့)
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်မြဲသာ ဓမ္မတာတည်း ဆိုသလို
တစ်ချို့လူတွေကောင်းစားဖို့
လူအများကြီးက ဒုက္ခရောက်ပေးကြရတယ်....။
သူတို့အမျိုးတွေ
နိုင်ငံခြားက အကောင်းစားကျောင်းတွေမှာ
ပညာသင်ဖို့
ဒို့နိုင်ငံထဲက ကျောင်းတွေ
ဆရာမလုံလောက် .... စာသင်ခန်းမရှိ
ဖြစ်ခဲ့ကြတယ်.....။
ရိုးမတောင်ခြေနားက
သစ်ထုတ်ရေးကွင်းနားက
ကျောင်းမှာ စာသင်ခုံ မလုံလောက်ဘူး....။
နွားလှည်းနဲ့ သစ်ခုတ်သယ်တဲ့
သူတွေကျတော့ သစ်ခိုးသမား.....။
ကားကြီးနဲ့ သစ်ထုတ်ရေးကွင်းထဲက
ခိုးတဲ့သူကျတော့ သူတို့တွေ မသိလိုက်ဘူး....။
သူဌေးတွေတောင် ဖြစ်ကုန်ကြပြီ။
ဘာထူးလဲ ဒီမိုကရေစီဆိုတာ.....။
ငိုစရာကို မရှိကြတော့ဘူး....။
နှမြောစရာမရှိတော့ဘူး....။
ရှိသမျှ ကုန်နေပြီလေဗျာ....။
ဘာတွေ လာပြောနေတာလဲ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး....တဲ့။
No comments:
Post a Comment