Tuesday, November 5, 2013

အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ...

၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း
 ၂- အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
 

၃- အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူ
    မရှိခြင်း

၎ - ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို
     ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း

၅- အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့သာပို့
    ရသဖြင့် ပိုက်ဆံကုန်ခြင်း

၆- နေရာတကာ မီတာဆောင်၊ ဖုန်းခွန်ဆောင် မိမိဘာသာသွားလာရခြင်း


၇ - ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံ
မယ့်သူမရှိခြင်း

၈ - အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလာ
း၊ ဘယ်တော့လဲစသဖြင့်
      ရိထေ့ငေါ့ခြင်းကို အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊

၉ - အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်
းကိုမခံရခြင်း

၁၀ - လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း

၁၁ - သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာ တင်းတင်းဖက်ထားရ
ခြင်း

၁၂ - ညောင်းညာတိုင်း အနှိပ်သည်ကိုသာ အားကိုးရခြင်း

၁၃ - လိုင်းကားတိုးစီးရာတွင် အကာကွ
ယ်မရရှိခြင်း

၁၄ -ေ ယာင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း

၁၅ - နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း

၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိ
မ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ
      ကြောက်လန့်နေရခြင်း

၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း

၁၈ - ဘုရားသွားသည့်အခါ..အားမလိုအာ
းမရ သူများတွေကိုသာငေးနေရခြင်း

၁၉ - မင်္ဂလာဆောင်ဖိတ်စာရသည့်အခါမျာ
းတွင် အားငယ်ခြင်းကိုခံစားရခြင်း

၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်
အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း

၂၁ - အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာ သိမ်းကြုံးလုပ်
ရခြင်း

၂၂ - မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တစ်ချိန်လုံးခံရခြင်း

၂၃ - မိုးရွာသည့်အခါ ထီးဆောင်းပေးမ
ည့်သူမရှိခြင်း

၂၄ - မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအာ
းပေးမည့်သူ မရှိခြင်း

၂၅ - ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲမျ
ားကြားတွင် တယောက်တည်း
       ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း

၂၆ - ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း..

၂၇ - မောင်ရေ..ကိုကိုရေ..ဟုချွဲန
ွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊

၂၈ - မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း

၂၉ - စိတ်ညစ်၍ငိုတိုင်းချော့မည့်သ
ူမရှိခြင်း

၃၀ - တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမ
ရှိခြင်း

( အဲ့လိုဆိုတော့..ဘယ်လိုလုပ်ရရင်ကောင်းမလဲနော်...)

No comments:

Post a Comment