ကျွန်တော်တို့ နောက်ထပ်သိရှိရတဲ့ အဆိပ်မုန့် နောက်တမျိုးပါ။
တရုတ်ပြည်ကထုတ်လုပ်ပါတယ်။
မြန်မာပြည်က မုန့်ဈေးကွက်မှာ ပြန့်နှံ့ရောင်းချနေတယ်လို့ သိရှိရပါတယ်။
တရုတ် ငုံးဥပြုတ် မုန့်လို့ခေါ်ပါတယ်။
တဘူးကို ၁၀၀ ကျပ်ထဲနဲ့ရောင်းချနေတယ်လို့ သိရှိရပါတယ်။ မုန့်တံဆိပ်၊ ထုတ်လုပ်သည့်လိပ်စာ၊ ထုတ်လုပ်ရက်စွဲ၊ သက်တန်းကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်းစာရင်းစသည့် အချက်များလုံးဝဖော်ပြမထားပါ။
ငုံးဥ ၇ ခြမ်းခန့်ပါဝင်ပြီး ဆီထဲတွင်နစ်နေသယောင် ဖန်တီးထုတ်လုပ်လိမ်ညာထားပါတယ်။
Packing ထုတ်စရိတ်၊ လမ်းစရိတ်၊ အဆင့်ဆင့် အမြတ်တင်ပြီးတာတောင် ကလေးများကို
၁၀၀ ကျပ် ဖြင့်ရောင်းချနိုင်တယ်ဆိုတော့ လုံးဝမသကာင်္စရာပါ။
ငုံးဥအတုဟုယူဆရပါတယ်။ F.D.A မှ ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့မည်ဆိုလျှင်တော့ အဖြေတိတိကျကျသိရှိနိုင်မှာပါ။ မြန်မာပြည်ကိုဝင်သမျှ တရုတ်မုန့်မှန်သမျှကို စစ်ဆေးသင့်ပါသည်။
- တရုတ်မုန့်များတွင် မြန်မာပြည်မှကလေးများအတွက် လူမျိုးတုန်းသေကြေစေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပါက မည်သူ့ကိုတရာစွဲမှာလဲ?
- တရုတ်ပြည်ကထုတ်လုပ်သူကိုလား?
- သယ်ယူဖြန့်ဖြူးတဲ့ကုန်သည်ကိုလား?
- ကျောင်းဈေးသည်ကလေးတွေကိုလား?
ဘာပဲဖြစ်ဖြစ် တရုတ်မုန့်များအားလုံးကို ကလေးများအား မစားစေဘဲ ဆန့်ကျင်သပိတ်မှောက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။
မိဘများအားလုံး သိရှိအောင် အတတ်နိုင်ဆုံး ကြိုးစားကြခြင်းဖြင့်
မုန့် တိုက်ပွဲကို ပူးပေါင်းပါဝင်ကြပါ။
** ဒေါက်တာကျော်ဆွေ (မုန့်- တိုက်ပွဲ)
No comments:
Post a Comment