Wednesday, December 18, 2013

SEA GAMES နောက်ဆက်တွဲများ

နိုင်ငံတကာသတင်း တွေနဲ. ရင်းနှီးကျွမ်းဝင်နေတဲ့ သတင်းသမား တစ်ဦး အနေနဲ့
မြန်မာပရိသတ်ရဲ. ပွဲပြီး ခုံရိုက်ချိုးမှုဟာ နိုင်ငံတကာမှာ ရုပ်ပျက်ဆင်းပျက် သိက္ခာကျစရာ
ကိစ္စတစ်ခု မဟုတ်ဘူးဆိုတာ သိပ်ကို သေချာပါတယ် ခင်ဗျာ။ တာဝန်ယူပါတယ်။
ဘောပွဲရှုံးလို. ခုံရိုက်ချိုးတာ ကလပ်သင်းတိုင်း နိုင်ငံသင်းတိုင်းမှာ ရှိပါတယ် ခင်ညာ။

ကိုယ်တွေတွက်ဆို ဒါသာမန်သတင်းပါ။ ကော်ရပ်ရှင်တို. ဘရိုက်ဗင်း တို.ကျမှ
မျက်နှာဖုံးသတင်း ဖြစ်တာ ခင်ည။ ရှက်တတ်တယ်ဆိုရင် လူကြီးလူကောင်းများ
ခိုးတဲ့ဝှက်တဲ့ ကိစ္စကို ရှက်ကြပါ ခင်ည။

ဆက်ပြီး ရိုက်ချိုးကြပါ။ အားပေးတယ်ခင်ည ...
ဒါမှ အားကစားကို တကယ် မြှင့်တင်တာ မဟုတ်ဘဲ ကိုယ့် PR ကမ်ပိန်းတွက်ပဲ
အသုံးချနေတဲ့ ခရိုနီပြာတွေနဲ. ကိုသိန်းစိန်တို. အစိုးရ ဆင်ခြင်လာမှပါ ခင်ည။
ချိုးကြပါခင်ည .... ဝေး ဟေး ဟေးးးး ...

မြန်မာသင်း ဘောပွဲ ရှုံးလို. ခုံရိုက်ချိုးတဲ့ လူတွေရဲ. ဒေါသကို ကြည့်ထားပါ ဦးသိန်းစိန်။
တစ်ပွဲတိုး နည်းတွေသုံးပြီး ဆိုက်ဝါးတွေ ပရော်ပါဂန်းဒါးတွေနဲ. ပရိသတ်နဲ. ပြည်သူကို
ညာခဲ့သမျှ တကယ် တိုးတက်တာ မဟုတ်ကြောင်း သိလာကြတဲ့ခါ အခု ခုံရိုက်ချိုးတဲ့
ဒေါသတွေဟာ ခင်ဗျားတို. ထိပ်ပြောင်ပြောင်တွေကို ရိုက်ခွဲဖို. လိုက်ရှာကြမှာ။
 
အဲဒိချိန်မှာ ပြေးပေါက် မမှားချင်ရင် ခုတည်းက တကယ်ပြင်ပါ ...
ဖောရှော လုပ်ချင်ရင် အစိုးရ မလုပ်နဲ. ဇာတ်ထဲလိုက်။
ဒလောက်ပဲပြောမယ်။
သံယောဇဉ် ရှိလွန်းလို. … ဟွန်.

Kyaw Zwa

photo credit to Ah Hpu

No comments:

Post a Comment