Tuesday, December 17, 2013

အလှမယ်ဘဝမှ ရုပ်ရှင်လောကထဲရောက်ရှိလာသူ သုံးထပ်ကွမ်း အကယ်ဒမီ ခင်သန်းနု ရုပ်ပုံလွှာ


၂ဝဝဝခုနှစ်၊ဖေဖော်ဝါရီ ၈ ရက် နေ့ထုတ်၊ ပေါ်ပြူလာဂျာနယ်အတွဲ (၄)၊အမှတ်(၆)တွင်”၂ဝရာစု မြန်မာ့ အလှဆုံးမင်းသမီးရွေးချယ်ပွဲ” ဟူ သည့်ကဏ္ဍတစ်ရပ်ပါဝင်ခဲ့ပြီး စာနယ်ဇင်းအယ်ဒီတာများ၊ ရုပ်ရှင်၊ ဗီဒီ ယို၊ ကြော်ငြာဒါရိုက်တာများ၊ သရုပ်ဆောင်အနုပညာရှင်များ၏ ဆန္ဒသဘောထားများအပြင် ပေါ် ပြူလာ ဂျာနယ် စာဖတ်ပရိသတ်ထံမှ ဆန္ဒသဘောထားများကို တစ်လကျော် အချိန်ယူကောက်ခံခဲ့သည်။

ဆန္ဒသဘောထားပေးပို့လွှာ (၁၂ဝ၆)စောင်ရေရရှိခဲ့ရာ အလှဆုံးမင်းသမီးများရွေးချယ်ခံရသည့်
စာရင်းများ မှာ-

(၁) ခင်သန်းနု (၂၈ဒသမ ၃ရာခိုင်နှုန်း)၊
(၂) နန္ဒာ လှိုင် (၁၃ ဒသမ ၂ ရာခိုင်နှုန်း)၊
(၃) ထက်ထက်မိုးဦး (၁၃ ဒသမ ဝ ရာခိုင်နှုန်း)၊
(၄) စိုးမြတ်သူဇာ (၁၂ ဒသမ ၄ ရာခိုင်နှုန်း)၊
(၅) ဝါဝါဝင်းရွှေ (၁၁ ဒသမ ၁ ရာခိုင်နှုန်း)၊ 
(၆) ခိုင်သင်းကြည် (၇ ဒသမ ၆ ရာခိုင်နှုန်း)၊ 
(၇) ချိုပြုံး (၄ ဒသမ ဝ ရာခိုင်နှုန်း)၊
(၈) ခင်ယုမေ (၃ ဒသမ ၈ ရာခိုင်နှုန်း)၊
(၉) မေရီ မြင့် (၂ဒသမ ၅ရာခိုင်နှုန်း)၊
(၁ဝ) ကြည်လဲ့လဲ့ဦး (၂ ဒသမ ၃ ရာခိုင် နှုန်း)၊
(၁၁)အိâန္ဒာကျော်ဇင် (၁ ဒသမ ၈ ရာခိုင်နှုန်း) တို့ဖြစ်သည်။

” ၂ဝ ရာစု မြန်မာ့အလှဆုံး မင်းသမီးရွေးချယ်ပွဲ” တွင် အနုပညာသည် အိုသည်မရှိ (သို့ မဟုတ်) ထာဝစဉ်
နုပျိုနေတဲ့သူအကယ်ဒမီ သုံးထပ်ကွမ်းအနုပညာရှင် ခင်သန်းနုက ဆန္ဒသဘောထား အများဆုံးဖြစ်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အနုပညာရှင် ခင်သန်းနု အတွက် အအောင်မြင်ဆုံး ကာလဖြစ်ပြီး ပျဉ်းမနားမယ်၊ မန္တလေး တိုင်းမယ်၊ ဥတ္တရမယ်၊ ပြည် ထောင်စုမယ် ဘွဲ့ တွေကို ရရှိခဲ့သည်။

အသက် အရွယ်အားဖြင့် ၁၅ နှစ် ၄ လသာရှိသေးပြီး အရပ် ၅ ပေ ၃ လက်မ၊ ကိုယ်အတိုင်းအထွာ ၃၄ လက်မ၊ ၂၂ ဒသမ ၅ လက်မ၊ ၃၅ လက်မရှိသည်။ အဆိုပါကာလများတွင် အလှမယ် ခင်သန်းနုကို ကူညီပံ့ပိုး အကြံပေးခဲ့သူက ပျဉ်းမနားမြို့ အားကစားနည်း ပြဆရာ ဦးမောင်မောင်ဖြစ်သည်။ မယ်ဘွဲ့ ရရှိသူများကို ပရိသတ်က စိတ်ဝင်စားတဲ့ အချိန်ဖြစ်သလို ရုပ်ရှင် ကုမ္ပဏီများကလည်း မင်းသမီး တင် မြှောက်ရန်ကြိုဆိုအားပေးနေသည့် အချိန်ကာလလည်းဖြစ်သည်။ ရုပ် ရှင် မင်းသမီးဖြစ်ချင်သူဆိုတော့ အလှမယ်လောကမှ ရုပ်ရှင်လောက ထဲသို့ရောက်ရှိသွားခဲ့သည်။ ထိုစဉ် အချိန်ကာလက ရုပ်ရှင်လောက တွင် မျက်နှာသစ်တွေကို လိုလား နေသည့် အချိန်ဖြစ်၍ ဝင်ရတာ မခက်ပေမယ့် ပရိသတ်လက်ခံ သည့် မင်းသမီးတစ်ယောက်ဖြစ်ဖို့ ခက်ခဲနေချိန်ဖြစ်သည်။ ခင်သန်းနုသည် အချိန်တော်တော် ကြိုး စားပြီး နောက်ပြည်သူချစ်သော အနုပညာ ရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ဘဝတွင် ပထမဦးဆုံးခေါင်း ဆောင် မင်းသမီး အဖြစ် အောင်မြင်ခဲ့သည်။ ရုပ်ရှင် ဇာတ်ကားမှာ ဒါရိုက်တာ မင်းရှင် နောင်ရိုက်ကူးသည့် ” ချစ်သောသူတစ်ယောက်” ရုပ်ရှင်ဇာတ်ကားတွင် စွယ်စုံရအနုပညာရှင်ဝင်းဦးနှင့် တွဲဖက်သရုပ်ဆောင်ခဲ့ ရသည်။

၁၉၆၁ခု နှစ်မှယနေ့အချိန် အထိရုပ်ရှင်ဇာတ် ကားပေါင်း ၂ဝဝ နီးပါးရိုက်ကူးခဲ့ ပြီးပါဝင်သရုပ် ဆောင်ခဲ့သည့် ဇာတ်ကားများ၏ နောက်ခံသီချင်းများကို အေဝမ်းတင်တင်လှမှ အဆိုများခဲ့သည်။ ” လေ့ကျင့်ရင်း ကုန် ထုတ်၊ ကုန်ထုတ်ရင်းလေ့ကျင့်” ဆိုသည့်အတိုင်းသရုပ်ဆောင်အတတ်ပညာကို သင်ကြားခဲ့သူ ခင် သန်းနုသည် အလှမယ်ဘဝမှ မင်းသမီးဘဝ အထိအောင် မြင်မှုပန်းတိုင်ရအောင် လျှောက်လှမ်းနိုင်ခဲ့သည်။ သမိုင်းအမွေကောင်းသယ်ပိုးခဲ့ကြသော မှတ်တမ်းတင်စရာ အားကစားမယ် ကြယ်ပွင့်များ စာအုပ်တွင် ပါရှိ သည့် အင်တာဗျူး၌ ခင်သန်းနုက ” မိဘနှစ်ပါးက မမနုကို စိတ်ဝင်တစားစောင့်ရှောက် အားပေးခဲ့ တဲ့ ကျေးဇူးတွေ၊ မမနုကို စိတ်ဝင်တစား လက်ခံခဲ့ တဲ့ ပရိသတ်တွေ၊စေတနာ အပြည့် နဲ့လိုအပ်တာတွေကို အားမနာတမ်း အကြံပေးခဲ့တဲ့သူတွေနဲ့ စာနယ်ဇင်း ဝေဖန်ရေးဆရာတွေက မမနုရဲ့ဘဝ ကို Lead လုပ်ခဲ့ တာ အတွက်လည်း ကျေးဇူးတင်လို့မဆုံးပါဘူး။ ကိုယ့် ကိုချီးကျူးရင် မမနုကငြိမ်မနေတတ် ဘူး။ဝေဖန်စရာ တစ်ခုခုကိုပဲကြား ချင်စိတ်တွေနဲ့ ဝေဖန် တာတွေကို သေသေ ချာချာဂရုစိုက်ပြီး ကိုယ့်ရဲ့ အားနည်း ချက်တွေကို ပြုပြင်သွား ခဲ့တာကြောင့် ဝေဖန်သူတွေက မမ နုရဲ့ ဇာတ်လမ်းကို တွန်းတင်ပေး တဲ့ ဆရာတွေလို့ အမြဲတွေးခဲ့လို့ လည်း အခုလိုအောင် မြင်မှုသရဖူ ကို ရေရှည်ထိန်းထားနိုင်တဲ့ လျှို့ ဝှက်ချက်တစ်ခုလို့ပဲ ပြောပါရစေကွာ”  ဟု ဖြေကြားပေးထားသည်။

” အနုပညာသည် အိုသည်မရှိ”  စကားအတိုင်းငယ်ရွယ်နုပျိုစဉ်အချိန် ကာလများတွင် မင်းသမီးတစ်
ယောက်အဖြစ် ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သလို အသက် အရွယ်ရလာသည့်အချိန်တွင် ကိုယ် တတ်စွမ်းသည့်အနုပညာ၊အတွေ့ အကြုံများကိုမျိုးဆက်သစ်အနုပညာ ရှင်များအား လက်ဆင့်ကမ်း ရင်း သုံးထပ်ကွမ်းအ ကယ်ဒမီခင်သန်းနု တစ် ယောက်ဘဝကိုအေးချမ်းတည် ငြိမ်စွာ ဖြတ်သန်းရှင်သန် လျက်ရှိသည် မှာမလွဲဧကန်အမှန်ပင်ဖြစ်သည်။

ကြယ်စင်သစ်

No comments:

Post a Comment