Monday, January 20, 2014

သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ (၃၂) ယောက်


၁။ ဟတ္ထ စ္ဆိန္န – လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်
                    တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ ပြတ်နေသူ၊

၂။ ပါဒ စ္ဆိန္န – ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ ပြတ်နေသူ၊

၃။ ဟတ္ထပါဒ စ္ဆိန္န – လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊

၎။ ကဏ္ဏ စ္ဆိန္န – နားရွက်ပြတ်နေသူ၊

၅။ နာသ စ္ဆိန္န – နှာခေါင်း ပြတ်နေသူ၊

၆။ ကဏ္ဏနာသ စ္ဆိန္န – နားရွက်နှာခေါင်း ပြတ်နေသူ၊

၇။ အဂုင်္လ စ္ဆိန္န – လက်ချောင်း၊ ခြေချောင်းများ ပြတ်နေသူ၊

၈။ အဠ စ္ဆိန္န – ခြေမ လက်မများပြတ်နေသူ၊

၉။ ကဏ္ဍရ စ္ဆိန္န – အကြောမများ ပြတ်တောက်နေသောကြောင့် ခြေဖျားထောက်ကာသွားသူ၊

                      ဖနောင့်ဖြင့်သွားသူ၊ လုံးဝမသွားနိုင်သူ၊

၁၀။ ဖဏ ဟတ္ထက – ခြေချောင်းလက်ချောင်းလေးများ ပူးကပ်နေသူ၊

၁၁။ ခုဇ္ဇ – ခါးကုန်းနေသူ (ဤနေရာတွင် အဋ္ဌကထာဖွင့်၌ကား အလွန်ရုပ်ဆိုးအောင်

              ကုန်းသူကိုသာ ယူရမည်၊ လုံးဝ ခါးမကုန်းသူ ဟူသည်ကား မြတ်ဘုရားမှ လွဲ၍
              ကျန်သူအားလုံးအနည်းငယ် ကုန်းကြသည်သာ )

၁၂။ ၀ါမန – ပုပုကွကွ ဖြစ်နေသူ၊

၁၃။ ဂလဂဏ္ဍီ – လည်ပင်းကြီးနာ ရောဂါရှိသူ၊

၁၄။ လက္ခဏာ ဟတ – ရာဇ၀တ်မှု ကျူးလွန်ဖူးသောကြောင့် နဖူး၊ လက်မောင်း၊ ခြေထောက်

                              စသော တနေရာရာတွင် သံပြားကို မီးကင်ကာ သေရာပါ အမှတ်တံဆိပ်
                              ခပ်နှိပ်ခံရသူ၊

၁၅။ ကသာဟတ – ရာဇ၀တ်မှုကြောင့် ကြိမ်ဒဏ်ပေးခံရဖူးသူ၊

၁၆။ လိခိတက – အပြစ်ရှိသောကြောင့် တွေ့ရာအရပ်၌ သတ်စေ ဟု ဖမ်းဝရမ်းထုတ်ခံထားရသူ၊

၁၇။ သီပဒိ – ခြေထောက်ဆိုင်းနေသူ၊ ထော့နဲ့ ထော့နဲ့ ဖြစ်နေသူ၊ ဒရွတ်ဆွဲနေသူ၊

၁၈။ ပါပရောဂီ – အနာဆိုးရောဂါများပေါက်ရောက်နေသူ ဟူသည်ကား

                     အမြဲတမ်း ဝေဒနာခံစားနေရသည်ဖြစ်၍ ဆေးကုမရ၊ စက်ဆုပ်ဖွယ်၊
                    အော့နှလုံးနာဖွယ် စသော ရောဂါများခံစားနေရသူ ကို ဆိုလိုသည်။

၁၉။ ပရိသဒူသက – ရုပ်အဆင်း အသွင်သဏ္ဍာန် ချို့တဲ့သဖြင့် ပရိသတ်ကို ဖျက်ဆီးတတ်သူ၊

၂၀။ ကာဏ – မျက်စိ တစ်ဖက်ကန်းနေသူ၊

၂၁။ ကုဏီ – လက်၊ ခြေများကောက် ကွေးနေသူ၊

၂၂။ ခဉ္ဇ – ခြေထောက် ခွင်နေသူ၊

၂၃။ ပက္ခဟတ – ခန္ဓာကိုယ် တစ်ခြမ်းသေနေသူ၊ လက်တဖက် ခြေတစ်ဖက် လှုပ်ရှားမရသူများ၊

၂၄။ ဆိန္နိရိယာပထ – ဟိုနားဒီနား မသွားနိုင်သဖြင့် ဣရိယာပုတ်ပျက်စီးနေသူ၊ ဦးနှောက်ကျပ်မပြည့်သူ၊

၂၅။ ဇရာဒုဗ္ဗလ – အသက်ကြီးသဖြင့် ဇရာကြောင့် အားအင်ချိနဲ့နေသူ၊

၂၆။ အန္ဓ – မျက်စိ နှစ်ဖက်လုံး ကန်းနေသူ၊

၂၇။ မူဂ – စကား ဆွံ့အ၊ ထစ်အ နေသူ၊

၂၈။ ဗဓိရ – နားထိုင်းသူ၊ ပင်းနေသူ၊

၂၉။ အန္ဓ မူဂ – မျက်စိလည်းကန်း၊ စကားထစ်အ ဆွံ့အနေသူ၊

၃၀။ အန္ဓဗဓိရ – မျက်စိလည်းကန်း၊ နားလည်းထိုင်းသူ ပင်းသူ၊

၃၁။ မူဂ ဗဓိရ – စကား လည်းဆွံ့အ၊ နားလည်းထိုင်းနေသူ၊

၃၂။ အန္ဓ မူဂ ဗဓိရ – မျက်စိကန်း၊ စကားဆွံ့၊ နားထိုင်း ၃ မျိုးလုံးချို့တဲ့နေသူ၊

အထက်ပါ ခန္ဓကိုယ်အင်္ဂါများတွင် တစ်ခုခု ချို့ယွင်းနေသူများကို သာသနာ့ဘောင်သို့

ဝင်ခွင့်မပြုရ ဟု မြတ်ဘုရား ဟောတော်မူ ပညတ်တော်မူထားခဲ့သည်၊ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သာသနာ့ဘောင် ရောက်လာပါကလည်း ရှင်သာမဏေ ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိပါသည်။ သို့သော်လည်း အထက်ပါ ပုဂ္ဂိုလ်များကို သာမဏေ၀တ်ပေးသူ၊ ရဟန်းဝတ်ပေးသူ ဆရာ ဘုန်းကြီး ဥပေဇ္ဈာယ်များမှာ ဒုက္ကဋ်အာပတ် သင့်လေတော့၏။

ကျမ်းညွှန်း။ ။ န ပဗ္ဗာဇေတဗ္ဗ ဒွတ္တိံသ၀ါရ
မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိတော် နှင့် အဋ္ဌကထာ၊ ၀ိနယပိဋက

(အရှင်သုနန္ဒာလင်္ကာရ)

Credit to = Young Buddhist Association

No comments:

Post a Comment