Wednesday, October 16, 2013

ပါးစပ်…ပါးစပ်…ပါးစပ်…မင်းတရားခံဖြစ်မယ်

ပါးစပ်…ပါးစပ်…ပါးစပ်…
မင်းတရားခံဖြစ်မယ်

ဗလောင်းဗလဲစကား
အပြောင်းအလဲကများသနဲ့
အချောင်းထဲကငါးရေကူးမြန်သလို

မမှန်မကန်တွေကို
မြန်မြန်ဆန်ဆန်ပြောကြတယ်…..။

ကြားသူတိုင်းရှုပ်ထွေးပြီး
အလိုးလေးတရအောင်

ပါးစပ်ကကျည်ဆံထွက်
ထွီ ထွမ် ခွက်
ပက်လက်မျောစရာ



စကားနာ စကားလိမ် စကားသိမ်
စကားဖျင်း စကားတင်း

စကားယုတ်
စကားပုပ် စကားလှည့်

စကားရွဲ့
စကားစောင်း

အကြောင်းအမျိုးမျိုးပြပြီး
မတိမကျ ပြောခဲ့တယ်……

ပြောသူမရှက် ကြားသူရှက်ပါကလား………။

တင်မိုး
ဒီကကူးထားပါသည်။ 

No comments:

Post a Comment