Wednesday, October 16, 2013

စန္ဒီ ၁၅၀၀ ကွယ်လွန်....

အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။



စန္ဒီရဲ့မိခင်က´´သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။ နည်းနည်းလေးကောင်းလိုက်ပြန်
ထလိုက်ဖြစ်နေတာ။ အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွားပြီ။
ဒီမနက်တော့ 
ဆုံးသွားတာပါ´´လို့ပြောပြပါတယ်။စန္ဒီရဲ့ရုပ်အလောင်းကို သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။သူမဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်
ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါတယ်။


 


ဓာတ်ပုံ-သိမ်မွေ့
 









စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ Sunday journal ကလည်းဝမ်းနည်းမိပါတယ်....။ 
 စန္ဒီကွယ်လွန်ချိန်မှာ အသက် ၃၀ ရှိပြီဖြစ်ပါတယ်။စန္ဒီ့ကိုလိုက်ပါ ပို့ဆောင်
ချင်သူများအတွက် နေအိမ်မှ ကားများ သောကြာနေ့ ၂ နာရီခွဲထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ်...။ 

Sunday Journal 

No comments:

Post a Comment