Wednesday, October 16, 2013

သက်သေ၏ ထွက်ဆိုချက်..........

တရားသူကြီးက မီးလောင်မှုဖြစ်ရာတွင် မီးလောင်မှုအား ပထမဆုံးတွေ့သည်ဆိုသော သက်သေကို
မေးသည်။


“မောင်မင်း မီးလောင်တာကို ဘယ်အချိန်မှာ စသိတာလဲ´´


“ကျွန်တော် ဒီနေ့ကလဲ အလုပ်ပင်ပန်းတာနဲ့ အိမ်ရောက်ရောက်ခြင်း
ထမင်းတောင်မစားဖြစ်ပဲ အိပ်ယာထဲတန်းဝင်တယ်´´


“လိုရင်းကို ပြောပါမောင်မင်း´´


“ဟုတ်ကဲ့ပါ၊ အိပ်ယာထဲဝင်ပြီး ခဏအကြာမှာ ကျွန်တော်ဟာ ကျွန်တော့်မိန်းမငုဝါရဲ့

လုံချည်ကိုလှန်လိုက်ပါပါတယ်´´


“မောင်မင်းတရားရုံးမှာ မဆိုင်တာတွေ မပြောပါနဲ့လိုရင်းပြောပါ´´

“ဟုတ်ကဲ့ပါခင်ဗျ၊ ကျွန်တော်လှန်ကြည့်လိုက်တော့ နွေးကနဲအသိနဲ့ အနံ့တစ်ခုကို
ခံစားမိပါတယ်´´


တရားသူကြီး ပိုဒေါသထွက်လာကာ
“မောင်မင်း ဒီလိုမဆိုင်တာတွေလျှောက်ပြောနေရင် မောင်မင်းကို ဖမ်းချုပ်ရလိမ့်မယ်´´


“ကျွန်တော့်တိုက်ခန်းပြတင်းပေါက်ကို မချုပ်ရသေးတဲ့ ကျွန်တော့်မိန်းမလုံချည်နဲ့ ကာထားမိတာ 

အပြစ်လားဗျာ …”

အေးလေနော်

ဦးမောင်ကြီး


မူရင်းလင့် 

No comments:

Post a Comment