Monday, November 25, 2013

အမျိုးသမီးများသို့

အမျိုးသမီးများသို့


လက်မထပ်ရသေးငြား....တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား....လွဲမှားခဲ့သော်
အရှက်ရလိမ့်

လက်မထပ်ရသေးငြား....တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ......မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား.......အခွင့်အရေး
များမပေးနှင့်...ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်.........အကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
မည်သို့မည်ပုံ.......ယုံအောင်လှည့်ဖျား
အတည်ယူမည်...........ဘယ်သို့ယူမည်
ကြည်ဖြူပါဟု......သွေးသားအမှု
ခံခဲ့လေသော်.........မယုံမှားနှင့်
ကိလေသာစိတ်...........ခဏသာယာ
ပြီးခဲ့လေသော်...........နောင်တတရား
ရင်ဝယ်ပိုက်...............ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။


မိန်းခလေးများအထူးသဖြင့် အချစ်ကြီးတာသက်သက် လိုက်လျောတာအားနာတာသက်သက်
မလိုက်လျောအားမနာလို့ ကိုယ့်ကိုပစ်သွားတော့လည်းဂျောင်းပေါ့ကွယ်
တကယ်ချစ်ရင် အဲဒါကြောင့်တော့ကိုယ့်ကိုထားမသွားနိုင်ပါဘူး
ဟုတ်တယ်မလား??

ညီမငယ် အမကြီးများ မိမိရဲ့တန်ဖိုးရှိတဲ့ဘဝကို
တန်ဖိုးရှိတဲ့အချိန်မှသာ ပေးအပ်သင့်ပါတယ်
အချိန်မတိုင်ခင်ပေးရင်တန်ဖိုးကျတယ် တန်ဖိုးမဲ့တယ်
တန်ဖိုးကျရင်ကိုယ့်ကိုအထင်သေးတယ် ပြီးရင်သူတို့က
စွန့်ပစ်သွားကြရောလေ ။ ။


ခင်မင်လျက်
ကောင်ကလေးလက်မထပ်ရသေးငြား....တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား....လွဲမှားခဲ့သော်
အရှက်ရလိမ့်

လက်မထပ်ရသေးငြား....တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ......မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား.......အခွင့်အရေး
များမပေးနှင့်...ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်.........အကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
မည်သို့မည်ပုံ.......ယုံအောင်လှည့်ဖျား
အတည်ယူမည်...........ဘယ်သို့ယူမည်
ကြည်ဖြူပါဟု......သွေးသားအမှု
ခံခဲ့လေသော်.........မယုံမှားနှင့်
ကိလေသာစိတ်...........ခဏသာယာ
ပြီးခဲ့လေသော်...........နောင်တတရား
ရင်ဝယ်ပိုက်...............ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။

မိန်းခလေးများ အထူးသဖြင့်
အချစ်ကြီးတာသက်သက်
လိုက်လျောတာအားနာတာသက်သက်
မလိုက်လျောအားမနာလို့ ကိုယ့်ကိုပစ်သွားတော့လည်းဂျောင်းပေါ့ကွယ်
တကယ်ချစ်ရင် အဲဒါကြောင့်တော့ကိုယ့်ကိုထားမသွားနိုင်ပါဘူး
ဟုတ်တယ်မလား??

ညီမငယ် အမကြီးများ မိမိရဲ့တန်ဖိုးရှိတဲ့ဘဝကို
တန်ဖိုးရှိတဲ့အချိန်မှသာ ပေးအပ်သင့်ပါတယ်
အချိန်မတိုင်ခင်ပေးရင်တန်ဖိုးကျတယ် တန်ဖိုးမဲ့တယ်
တန်ဖိုးကျရင်ကိုယ့်ကိုအထင်သေးတယ် ပြီးရင်သူတို့က
စွန့်ပစ်သွားကြရောလေ ။ ။

ခင်မင်လျက်
ကောင်ကလေး

No comments:

Post a Comment