Monday, November 25, 2013

*** ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2) ***

The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ 
the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။


၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပတင်မက ဟောလိဝုဒ်အသိုင်းအဝိုင်းထိပါ
 အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအရသော ဗမာ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။


ပြင်သစ်မှာ W group ကုမ္မဏီပိုင်ရှင် ဟာ မမျော်လင့်ပဲ သေဆုံးခဲ့ပါတယ်။ သူဌေးဟာ ဘီလျံနာ တစ်ဦးဖြစ်ပြီး စီးပွားရေးတင်မကပဲ ပရဟိတ လုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်သူ ဖြစ်ပါတယ်။
သူ့ရဲ့သေဆံးမှု ဟာ သွေးရိုးသားရိုးမဟုတ်ပဲ ဗမာ့စစ်တပ်တွေနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ ဆိုပါတယ်။ (ဇာတ်လမ်းထဲမှာ မြန်မာလို့မသုံးပဲ Burma မြန်မာလို့သာ သုံးသွားပါတယ်။)




 ထိုင်းနယ်စပ်က မြန်မာ့ပိုင်နက်အတွင်း ဒုက္ခသည်စခန်း မှာ ငွေကြေးတွေ လှူဒါန်းနေတဲ့ သူဌေးဟာ လုပ်ကြံခံလိုက်ရခြင်း ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ကျော်မင်း ( General Kyaw min) ကတရားခံစာရင်းထဲမှာ ပါဝင်နေပါတယ်။ သူဌေးမှာ မွေးစားသားတစ်ဦးတည်းသာရှိပြီး W Group ကို ပိုင်ဆိုင်ရရှိမှာ ဖြစ်ပါတယ်။

သို့ပေမယ့် အသက်အန္တရာယ်နဲ့ နီးစပ်နေတဲ့ မွေးစားသား Largo ဟာ W ကုမ္မဏီကို အပြီးတိုင် ရောင်းချပြီး ပရဟိတလုပ်ငန်းမှာ လှူမယ်လို့ ကြေညာခဲ့ပါတယ်။ သို့တည့်တိုင် ငွေကြေးတွေကို မတရား ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်တွေကြောင့် သူဟာ ဖခင်သေဆုံးမှုကို မြေလှန်စုံစမ်း ရတော့မှာ ဖြစ်ပါတယ်။


ဒါကြောင့် မြန်မာ့နိုင်ငံ၊ ရှမ်းပြည်နယ်အစွန်အဖျားက ဗိုလ်ချုပ် ကျော်မင်း အုပ်ချုပ်နေတဲ့ ဒေသကို အရောက်သွားပါတယ်။ သာမန်အရပ်သားလို နေထိုင်ရင်း မြန်မာမလေးတစ်ဦးနဲ့ နီးစပ်ခဲ့ပုံတွေကိုပါ ရိုက်ကူး ထားပါတယ်။ အမှန်တော့ ဇာတ်လမ်းကို မြန်မာပြည်မှာ လာရောက်ရိုက် ကူးခြင်းမဟုတ်ပဲ ထိုင်းနိုင်ငံမှာ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ 

Trailer ကြည့်ရသလောက်တော့ ဗမာစကားပြော မပါဝင်ပဲ ထိုင်းဘာသာ စကား ပြောတာကိုသာ တွေ့ရ
ပါတယ်။ ဒီအချက်က ဝေဖန်သူတို့ အတွက် ထောက်ပြစရာ တစ်ခု ဖြစ်သွားပါတယ်။ မြန်မာ့တောထဲမှာ တစ်လကျော်ကြာနေထိုင်ရင်း ဗမာ့တပ်မတော်နဲ့ တိုက်ခိုက်ရပါတော့တယ်။ ဇာတ်လမ်းအရ ကတော့ ထုံးစံအတိုင်း မြန်မာ့ တပ်မတော်က ဗီလိန်ဖြစ်ပြီး ရွာတွေကို မီးရှို့ လူရက်ရက်စက်စက် သတ်ဖြတ်နေတာ
တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ စစ်အစိုးရခေတ်ကို အခြေခံပြီး ရိုက်တဲ့ ဇာတ်ကား
ဖြစ်ပါတယ်။


ဇာတ်လမ်းကို ဘယ်လ်ဂျီယံ နာမည်ကြီး ဝတ္ထု Largo Winch ကိုပြန်လည် အသက်သွင်း ခြင်း ဖြစ်ပါတယ်။ ပထမ တစ်ကား Largo Winch ကို ၂၀၀၈ မှာ ရိုက်ကူးပြီး ဇာတ်ကွက်က သိပ်မကွာပါဘူး။ ပထမကားက အမေဇုန်တောထဲမှာ ဖြစ်ပြီး ဒုတိယတစ်ကားကျတော့ မြန်မာ့မြေ အမှတ်နဲ့ ထိုင်းနယ်စပ်မှာ ရိုက်ကူး ထားပါတယ်။


ဇာတ်လမ်းနှစ်ခုလုံး ဝတ္ထုတစ်ပုဒ်တည်းကို အခြေလို့ တူနေမယ်မဟုတ်ပါဘူး။ ဇာတ်ကြောရိုးက တူသယောင် ရှိနေပါတယ်။ ပထမ Largo Winch ကလည်း မွေးစားဖခင် အသတ်ခံရမှုကို စုံစမ်းရင်း အမေဇုန်တော ထဲ ရောက်သွားတာမျိုးဖြစ်ပါတယ်။ ဒုတိယ တစ်ကားကျတော့ Burma Jungle (မြန်မာ့တော) ထဲထိရောက်လာတယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါ တယ်။ အက်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဝေဝေဆာဆာပါဝင်ပါတယ်။


မင်းသား Largo Winch နေရာမှာ ဂျာမနီဖွား ပြင်သစ်မင်းသား Tomer Sisley က သရုပ်ဆောင်ပြီး၊
ဟောလိဝုဒ် မင်းသမီး Sharon Stone က Largo ရဲ့ စက္ကထရီနေရာမှာ သရုပ်ဆောင် ထားပါတယ်။


the Burma Conspiracy (Largo Winch-2) မကြည့်ရသေးသူများအတွက် Download link နဲ့ Trailer link များ မျှဝေပေးလိုက်ရပါတယ်။


http://www.youtube.com/watch?v=5L9WMDcuB-Q

http://bluraycdmovie.blogspot.com/2012/07/burma-conspiracy-2011-blu-ray-rip-720p.html

http://www.filestube.com/t/the+burma+conspiracy

http://kat.ph/the-burma-conspiracy-2011-brrip-720p-x264-dual-audio-hindi-english-by-k-rtik-exd-exclusive-t6490992.html

http://thepiratebay.se/torrent/7422853/The_Burma_Conspiracy_%282011%29___m-HD___720p___Hindi___Eng___BHATTI


http://moviesmobile.net/common/dwnload.php?url=20737

http://itunes.apple.com/gb/movie/the-burma-conspiracy/id482682686

http://www.nzbmovieseeker.com/NZB/1322333-The-Burma-Conspiracy/


.
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment