Monday, November 25, 2013

နေရေးထက် သေရေးခက် ဆိုသည့်အတိုင်း .......

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ ဖောင်းလောင်ကျေးရွာတွင် နာရေးဖြစ်လျှင်
သင်္ဂြိုဟ်ရန် သုဿာန်မရှိကြောင်း သိရှိရသည်။

ကျေးရွာသုဿာန်မရှိသဖြင့် နာရေးဖြစ်လျှင် အနီးအနား ရွာများ၏ သုဿာန်တွင် ခွင့်တောင်း၍
မြေမြှုပ်သင်္ဂြိုဟ်ရကြောင်း၊ ယခုအခါ အဆိုပါရွာသားများက လက်မခံနိုင်ကြောင်း ပြောကြောင်း ကြားသိရသဖြင့် ဖောင်းလောင်ကျေးရွာအတွက် သုဿာန်မြေနေရာ ၀ယ်ယူခွင့်တောင်းခဲ့သော်လည်း အဆင်မပြေကြောင်း သိရှိရပါသည်။

ဖောင်းလောင်ကျေးရွာသည် ဖောင်းလောင်ဆည်တည်ဆောက်ခြင်းကြောင့် ရေ၀ပ်ဧရိယာ မလွတ်သဖြင့် လက်ရှိရွာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့်ရွာဖြစ်ကြောင်း၊ လက်ရှိနေရာတွင် ကျေးရွာမြေကွက်သာ
ပေးပြီး၊ သုဿာန်အတွက် မြေနေရာသတ်မှတ်ပေးခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ ဒုက္ခဖြစ်နေရကြောင်း
သိရှိရသည်။

No comments:

Post a Comment