Saturday, November 16, 2013

တစ်ရာမှာ တစ်ယောက်သာ ချမ်းသာရခြင်းအကြောင်း

တစ်ရာမှာ တစ်ယောက်သာချမ်းသာရခြင်းအကြောင်း
-----------------------------------------------------
မေး-ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျက်၊ ချမ်းသာအောင် စီးပွားရှာတာချင်း
လည်းတူပါလျက်၊ လူတစ်ရာတွင် တစ်ယောက်သာ ချမ်းသာပြီး ကျန် ကိုးဆယ့်ကိုး 
ယောက်ကဆင်းရဲနေရသည်မှာ အဘယ့်ကြောင့်နည်း။

ဖြေ-အကြောင်းကား လူတစ်ရာတွင် တစ်ယောက်ခန့်သာ လှူရမှု၌ပျော်မွေ့ပြီး။ကျန်
၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ခဲ့သောကြောင့်ပေတည်း။

မျှော်လင့်ချက်တစ်ခုခုဖြင့်ပြုသော ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ၊ နတ်ချမ်း
သာကိုပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်ချမ်းသာသို့ မပို့၊အကြောင်းကား အ
လှူခံကောင်းစားဖို့(ချမ်းသာဖို့) လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်
ရွယ်ချက်ဖြင့် လှူခဲ့သောကြောင့် ဖြစ်၏။ငါဟူသည်ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူ
သည် လောဘကိလေသာ။  ထိုဒိဋ္ဌိနှင့် လောဘဝင်ရှုပ်သောကြောင့် ပါရမီမထိုက်သော
ဒါနသည် နိဗ္ဗာန်သို မပို့နိုင်ခြင်းဖြစ်၏။

မည်သည့် မျှော်လင့်ချက်မှမပါဘဲ ပြုသော ပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊နတ်
ချမ်းသာကို လည်းပေးသည်။နိဗ္ဗာန်သို့လည်းပို့သည်။အကြောင်းကား ဒါနပြုစဉ်ကတည်း
က ငါကောင်းစားဖို့ ဟူသော ဒိဋ္ဌိနှင့်လောဘကိ တဒင်္ဂသတ်ပြီးသားဖြစ်နေသောကြောင့်
ပေတည်း။

သဒ္ဓါဓာတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေအမြဲတမ်း ပိုနေတတ်သည်။လောဘ
ဓာတ်ကြီးမားသူအတွက် လှူချင်စရာပစ္စည်းတွေ အမြဲတန်း လိုနေတတ်သည်။

အသာခံခြင်းဝါဒကို အရှင်ဒေဝဒတ်တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံး
ပန်းတိုင်သည် အပါယ်လေးပါး၊။ အသာစီခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေဝ
ဒတ်ကိုယ်တိုင် ယခုအခါ အဝီစိငရဲသို့ ကျရောက်နေပြီဖြစ်သည်။ အသာစံခြင်းဟူသည် 
ပယ်သတ်ရမည့် သမုဒယသစ္စာကို ဆောင်ထားခြင်းဖြစ်သည်။

အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင်းတည်ထောင်တော်မူသည်။ အနာခံခြင်းဝါဒ၏
နောက်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင်
ကိုယ်တော်တိုင် ယခုအခါ နိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီ ဖြစ်သည်။အနာခံ
ခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို အလုပ်ဖြင့်လက်တွေ့ပယ်
သတ်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင်ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျက် အဆင်းရဲဆုံးတွင်လည်းမြန်မာဖြစ်
နေရခြင်းမှာ တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့သည့်နေရာများ
တွင် အိတ်သွန်ဖာမှောက် လှူနေသောကြောင့်ပင် ဖြစ်သည်။

ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင်ပျက်စီးသွားသော စာသင်ကျောင်းပေါင်း
လေးထောင်ကျော်ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ကျန်နှစ်ထောင်
ကျော်ကို ပြင်ဆင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့သောနေရာတွင် မလှူပဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင်၊ အာဏာမြဲ
အောင်ဟူသောရည်ရွယ်ချက်ဖြင့် မလိုအပ်ပဲ ဘုရား၊ စေတီတွေ များစွာတည်နေကြခြင်း
မျိုးပင်တည်း။


အရှင်ဇဝန(မေတ္တာရှင်ရွှေပြည်သာ)
Posted hy Mg Chan Nyein Win
 
မေး - ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျက်၊ ချမ်းသာအောင် စီးပွားရှာတာချင်းလည်း
        တူပါလျက်၊ လူတစ်ရာတွင် တစ်ယောက်သာ ချမ်းသာပြီး ကျန် ကိုးဆယ့်ကိုး ယောက်က
        ဆင်းရဲနေရသည်မှာ အဘယ့်ကြောင့်နည်း။

ဖြေ - အကြောင်းကား လူတစ်ရာတွင် တစ်ယောက်ခန့်သာ လှူရမှု၌ပျော်မွေ့ပြီး၊
       ကျန် ၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ခဲ့သောကြောင့်ပေတည်း။

မျှော်လင့်ချက်တစ်ခုခုဖြင့်ပြုသော ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကို
ပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်ချမ်းသာသို့ မပို့၊ အကြောင်းကား အလှူခံကောင်း
စားဖို့(ချမ်းသာဖို့) လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်ရွယ်ချက်ဖြင့် လှူခဲ့သော
ကြောင့် ဖြစ်၏။ ငါဟူသည်ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူသည် လောဘကိလေသာ။ ထိုဒိဋ္ဌိနှင့်
လောဘဝင်ရှုပ်သောကြောင့် ပါရမီမထိုက်သောဒါနသည် နိဗ္ဗာန်သို မပို့နိုင်ခြင်းဖြစ်၏။

မည်သည့် မျှော်လင့်ချက်မှမပါဘဲ ပြုသော ပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကို
လည်းပေးသည်။ နိဗ္ဗာန်သို့လည်းပို့သည်။ အကြောင်းကား ဒါနပြုစဉ်ကတည်းက ငါကောင်းစားဖို့
ဟူသော ဒိဋ္ဌိနှင့်လောဘကိ တဒင်္ဂသတ်ပြီးသားဖြစ်နေသောကြောင့် ပေတည်း။

သဒ္ဓါဓာတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေအမြဲတမ်း ပိုနေတတ်သည်။ လောဘဓာတ်ကြီးမား
သူအတွက် လှူချင်စရာပစ္စည်းတွေ အမြဲတန်း လိုနေတတ်သည်။

အသာခံခြင်းဝါဒကို အရှင်ဒေဝဒတ်တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံးပန်းတိုင်သည်
 အပါယ်လေးပါး၊။ အသာစီခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေဝဒတ်ကိုယ်တိုင် ယခုအခါ
 အဝီစိငရဲသို့ ကျရောက်နေပြီဖြစ်သည်။ အသာစံခြင်းဟူသည်  ပယ်သတ်ရမည့် သမုဒယသစ္စာကို
 ဆောင်ထားခြင်းဖြစ်သည်။

အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင် တည်ထောင်တော်မူသည်။ အနာခံခြင်းဝါဒ၏ နောက်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင် ယခုအခါ နိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီ ဖြစ်သည်။ အနာခံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယ
သစ္စာခေါ် တဏှာကို အလုပ်ဖြင့်လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင်ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျက် အဆင်းရဲဆုံးတွင်လည်း မြန်မာဖြစ် နေရခြင်းမှာ
 တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့သည့်နေရာများတွင် အိတ်သွန်ဖာမှောက် လှူနေသောကြောင့်ပင် ဖြစ်သည်။

ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင်ပျက်စီးသွားသော စာသင်ကျောင်းပေါင်းလေးထောင်ကျော်
ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ ကျန်နှစ်ထောင်ကျော်ကို ပြင်ဆင်ဆောက်လုပ်
နိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့သောနေရာတွင် မလှူပဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင်၊ အာဏာမြဲအောင်ဟူသော
ရည်ရွယ်ချက်ဖြင့် မလိုအပ်ပဲ ဘုရား၊ စေတီတွေ များစွာတည်နေကြခြင်းမျိုးပင်တည်း။

** အရှင်ဇဝန(မေတ္တာရှင်ရွှေပြည်သာ) **

No comments:

Post a Comment