Saturday, November 16, 2013

The World's Tallest Things


ကမ္ဘာ့ အမြင့်ဆုံး ဆိုတဲ့ အထဲမှာ လူလုပ်ပစ္စည်း တွေရော၊ သဘာဝ အလျှောက် ဖြစ်တည် နေတာတွေရော ပါဝင်ပါတယ်။ ဘာတွေလဲ ဆိုတာ ကြည့်ကြ ရအောင်လား။ 

Tallest Tree
ကမ္ဘာ့ အမြင့်ဆုံးသစ်ပင် ကတော့ California coastal redwood (sequoia sempersirens) အမျိုးအစား ဖြစ်ပြီး Hyperion လို့လည်း လူသိ များ ပါတယ်။ ဒီသစ်ပင် ကိုတော့ Sequoia National Park ထဲမှာ ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ပြီး အမြင့်ပေ ၃၇၉.၉ပေ (115.7 m) ရှိပါတယ်။ အနီး အနား မှာရှိတဲ့ Helios လို့နာမည် ပေးထားတဲ့ redwood အမျိုးအစား သစ်ပင် ကလည်း ၃၇၄.၃ပေ ( 114.1 m ) အမြင့် ရှိပါတယ်။ ဒီသစ်ပင်ကြီး တွေကို ထိန်းသိမ်းဖို့ ရာအတွက် သစ်ပင်တွေရဲ့ နေရာ အတိအကျကိုတော့ မထုတ်ပြန်ဘဲ လျှို့ဝှက် ထားပါတယ်။

Hyperion


Tallest Building
လက်ရှိ တည်ဆောက်နေဆဲ US မှာရှိတဲ့ One World Trade Tower ကသူ့နိုင်ငံ မှာတော့ အမြင့်ဆုံး ဖြစ်ပေမယ့် ကမ္ဘာ့ အမြင့်ဆုံး အ ဆောက်အဦး ဖြစ်တဲ့ Dubai, UAE မှာရှိတဲ့ Burj Khalifa နဲ့ယှဉ်လိုက် ရင်တော့ အတော့်ကို ကွာနေ ပါသေးတယ်။ Buri Khalifa ရဲ့အမြင့်ပေက ၂၇၁၆.၅ပေ (828m) ရှိပါတယ်။ ဒီအဆောက်အဦး မတိုင်ခင်က ကမ္ဘာ့အမြင့်ဆုံး နေရာကိုတော့ အီဂျစ်မှာ ရှိတဲ့ The Great Pyramid of Giza ကနှစ်ပေါင်း ၄၀၀၀ခန့် ယူထားခဲ့ တာပါ။

Burj Khalifa

Tallest Animal
သစ်ကုလားအုတ် တွေဟာ ကမ္ဘာ့ အမြင့်ဆုံး တိရိစ္ဆာန် တွေပဲ ဖြစ်ပါတယ်။ သစ်ကုလားအုတ် အထီးဟာ ၁၈ပေ (5.5 m) အထိ မြင့်နိုင်ပြီး သစ် ကုလားအုတ် အမက ၁၄ပေ (4.3m) အထိ မြင့်ပါတယ်။ သစ်ကုလားအုတ် ပေါက်စလေး တွေဟာ မွေးမွေးချင်း ၆ပေ (1.8 m) ခန့်ရှိပြီး တစ် နေ့ကို တစ်လက်မ နှုန်းနဲ့ ကြီးထွား နိုင်ပါတယ်။

Tallest Animal

Tallest Rocket
ကမ္ဘာ့ အမြင့်ဆုံး ဒုံးပျံကတော့ NASA ကတည်ဆောက်တဲ့ Saturn V ဒုံးပျံဖြစ်ပြီး ဒီဒုံးပျံကို ၁၉၆၀ နှောင်းပိုင်း နှစ်တွေနဲ့ ၁၉၇၀ အစောပိုင်း နှစ်တွေမှာ အမေရိကန် အာကာသ ယာဉ်မှုးတွေကို လဆီကို ပို့လွှတ်ရာမှာ အသုံးပြု ခဲ့ပါတယ်။ ဒီဒုံးပျံ ကိုတော့ Florida မှာရှိတဲ့ Kennedy Space Centre ကနေ လွှတ်တင်တာ ဖြစ်ပါတယ်။ ဒီဒုံးပျံ အမြင့်က 363 ပေ (110m) ရှိပြီး နောက်ဆုံး အသုံးပြု ခဲ့တာက ၁၉၇၃ ခုနှစ်မှာပါ။ ခုချိန်ထိတော့ အသုံးပြု ခဲ့သမျှ ဒုံးပျံတွေ ထဲမှာ အားအကောင်းဆုံး ဒုံးပျံ အဖြစ်လည်း အသိအမှတ် ပြုထား ပါတယ်။

Saturn V

Tallest Mountain
Mount Everest ရဲ့တောင်ထိပ် အမြင့်ဟာ ပင်လယ်ရေ မျက်နှာပြင်ထက် ပေပေါင်း 29,035 ပေ (8850 m) မြင့်ပြီး တခြား တောင်ထိပ်တွေ အားလုံးထက် မြင့်ပါတယ်။ ဒါ့အတွက်ကြောင့် ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ်အဖြစ် လူအများစုက လက်ခံထား ကြပါတယ်။ ဒါပေမယ့် ဟာဝိုင်အီ မှာရှိတဲ့ Mauna Kea ဟာ အောက်ခြေ ကနေ ထိပ်အထိ အမြင့်ပေပေါင်း 33500 ပေ (10,210 m) ရှိတာကြောင့် Mount Everest ထက် တစ်မိုင် နီးပါး ပိုမြင့် ပါတယ်။

Mount Everest

Tallest Man
ကမ္ဘာ့ အရပ်အမြင့်ဆုံး သက်ရှိ လူသား အဖြစ် ၈ပေ ၃လက်မ (2.5m) မြင့်တဲ့ Sultan Kosen ကိုသတ်မှတ် ထားပါတယ်။ လက်ရှိ မှာတော့ သူ ဟာ သူ့အရပ် မြင့်လာမှုကြောင့် ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာ တဲ့အတွက် အရပ်ရှည် လာတာကို ရပ်တန့်ဖို့ အတွက် ဆေးကုသမှု ခံ ယူနေ ပါတယ်။ အမေရိကန် လူမျိုး Robert Wadlow (1918-1940) ကတော့ ကမ္ဘာ့အရပ် အမြင့်ဆုံး လူသားအဖြစ် မှတ်ယူ ထားဖူးပါတယ်။ Wadlow ရဲ့အရပ်ဟာ ၁၁.၁ပေ ( 2.72 m) မြင့်ပါတယ်။

Sultan Kosen

Tallest Lighting
ကမ္ဘာ့ မျက်နှာပြင် အထက်မှာ နေကလာတဲ့ ultraviolet radiation ဟာကမ္ဘာ့ လေထုထဲ မှာရှိတဲ့ molecules တွေနဲ့ ဓာတ်ပြုပြီး ၅၆မိုင်ခန့် ရှည်လျားတဲ့ လျှပ်စီးကြောင်းတွေ ဖြစ်ပေါ် စေပါတယ်။ ၂၀၀၁ခုနှစ်မှာ သိပ္ပံပညာရှင် တွေဟာဒီ လျှပ်စီးကြောင်း တွေဟာ ကမ္ဘာ့လေထု အ လွှာဖြစ်တဲ့ Troposphere ကနေ အမြင့်ဆုံး အလွှာဖြစ်တဲ့ ionosphere အထိ ရှည်လျားတယ်လို့ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

Tallest Lighting

No comments:

Post a Comment