Saturday, November 16, 2013

၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုအတွက် မြန်မာနိုင်ငံမှ နာမည်ကျော် ဆရာကြီးများမှ ဆွတ်ခူးရရှိ

နိုဝင်ဘာ ၁၆၊ ၂၀၁၃

မြန်မာနိုင်ငံ၏ ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုအတွက် နာမည်ကျော်ဆရာကြီးဖြစ်သော ဆရာကြီးဦးအောင်သင်း ၊ ဆရာဦးတင်မောင် (သိပံမှူးတင် ) နှင့်ဆရာမ ဒေါ်ခင်ဆွေဦး တို့ က ဆွတ်ခူးရရှိသွားကြောင်း ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရသိရသည်။


" ရသင့်ပါတယ် ၊ဒီိလိုကြီးတွေက စာပေနဲ့  သူတို့ လူမှုဘ၀ဖူလုံမှုအတွက်မရခဲ့ပါဘူး ၊ သူတို့တွေက စာပေတွေကို တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်၊ သူတို့ ရထိုက်ပါတယ် ၊ ဆရာမ ဒေါ်ခင်ဆွေဦးဆိုရင် ရသစာပေတွေကို တစိုက်မတ်မတ်ရေးခဲ့တယ်၊ ပြီးတော့ ဆရာကြီးဥိးအောင်သင်းက ဝေဖန်ရေးနှင့် 

ရသစာပေတွေကိုရေးခဲ့တယ်၊ ဆရာ (သိပ္ပံမှူးတင်) ဆိုရင် သိပ္ပံ ဘာသာရပ်နဲ့ နီးစပ်အောင် လုပ်ခဲ့တယ် အသက်အရွယ်ကလည်းတော်တော်လေးရနေပြီဆိုတော့ ရထိုက်ပါတယ် " ဟု အယ်ဒီတာတစ်ဦးက
 ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို ပြန်ကြားရေးဌာနမှထုတ်ပြန်ကြေညာခဲ့သည်။


အာရှအလင်း သတင်းတင်ဆက်မှုအနုပညာဂျာနယ်

No comments:

Post a Comment