Friday, December 13, 2013

ခွေးထက်မိုက်တဲ့ သစ်ပင်

ကြက်ဆူပင်တောထဲမှာ
အပွေးကိုမြင်ရရင်တော့
ဘာပင်ဆိုတာ ပြောနိုင်စမြဲပဲ
မဟုတ်လား

အခုတော့ဗျာ
မှန်ဘီလူးနဲ့ကြည့်တာတောင်မှ
ဘာအပွေးမှလဲမမြင်
 
ရာဇဝင်မှာ
ဘာပင်မှလဲမဟုတ်
ဘာရုပ်မှလဲမပေါက်
အခေါက်လဲမရှိ အပွေးလဲမရှိဘဲနဲ့
ဘယ်နေရာကြည့်ကြည့် ကျက်သရေမရှိလိုက်တာ
သစ်ပင်နဲ့တော့တူသလို ရှိပါရဲ့
သူတို့က သစ်ပင်ပါဆိုလို့သာ
ကျနော်တို့က သစ်ပင်လိုက်ရ
 
အရိပ်လဲမရ အပွင့်ကလဲ ပန်းစာရင်းမဝင်
သီးပင်စားပင်လဲမဟုတ်
ကြည့်လိုက်ရင် မြေပေါ်မှာ ငုတ်တုတ်
ချုံပုပ်သာ
အမှိုက်ရှုံ့နေတာ သက်သက်
 
သူတို့အတွက်သာ သူတို့ပေါက်နေကြပုံကိုက
လုံးဝမနှစ်မြို့စရာ
သူတို့ရှိနေတာ မြေကြီးလဲနာတယ်
ကမ္ဘာကြီး လဲလေးတယ်
ခွေးထက်မိုက်တဲ့ သစ်ပင်တွေ။

နိုင်မြန်မာ
 

No comments:

Post a Comment