Friday, December 13, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို

ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝ မကျိန်းသေ ဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘတင့်ဆွေက သုံးသပ်ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကိုလျှော့ချရေးမှာ ထိပ်တန်းမှ
ပြင်ဆင်သင့်သည့်အရာတစ်ခု ဖြစ်သော်လည်း သမ္မတဖြစ်ရေး ကိုပြင်ဆင်ရမည့်အချက်မှာ ပိုမို ခက်ခဲသောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်းဖြစ်
သည်ဟု ယင်းက သုံးသပ်သည်။

ဦးဘတင့်ဆွေက ''အများစု အမြင်မှားနေတာတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ သမ္မတဖြစ်ရေးဥပဒေ ဟာ ဒေါ်စုတစ်ဦးတည်းကို ရည် ရွယ်ရေး ဆွဲထားတာလို့ ထင်နေ ကြတယ်။ တကယ်တော့ မဟုတ် ပါဘူး။ ဖွဲ့စည်းပုံတစ်ခုက တိုင်း ပြည်ရဲ့ ရေမြေသဘာဝနဲ့ ကိုက် ညီအောင် လုပ်ရတာပါ။ ဒီဖွဲ့စည်း ပုံ ကလဲ စစ်အစိုးရလက်ထက် မှာ ရေးဆွဲထားတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို လုံခြုံဖို့ အဓိက ထားတဲ့ အချက်ပါ။ ဖွဲ့စည်းပုံမှာ သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် မလိုလားအပ်တဲ့ ကန့်သတ် ချက် တွေပါတယ်။ ဒါပေမဲ့ ဒီအချက် တွေကိုပြင်ဖို့က တပ်မတော်ပါဝင် မှုကိုပြင်ဖို့ထက်ခက်တယ်။ ဒီတော့ ဒေါ်စုသမ္မတဖြစ်ဖို့ ၂၀၁၅မှာမဖြစ် နိုင်ဘူး။ ဒေါ်စုမဟုတ်တဲ့ တခြား ပြည်သူတစ်ဦးဆိုရင်လဲ မဖြစ်နိုင် ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံ အခင်းအကျင်းအရရော ဖွဲ့စည်းပုံ အရ ဒေါ်စု သမ္မတဖြစ် ဖို့ ရာခိုင်နှုန်း၉၀ မကျိန်းသေပါဘူး'' ဟု ပြောသည်။

Yangon Media Group

No comments:

Post a Comment