Friday, December 13, 2013

ဘယ်သူလဲ.............


 ကျပ်ငွေကို ဘယ်သူက ရိုက်ထုတ်ပါသလဲ။ မြန်မာအစိုးရပါပဲ။
လေယာဉ်လက်မှတ်ဖြတ်ရင် ကျပ်ငွေကို ဘယ်သူက မယူတာလဲ။ မြန်မာအစိုးရပါပဲ။

မှတ်ပုံတင်ကို ဘယ်သူက ထုတ်ပေးတာလဲ။ မြန်မာအစိုးရပါပဲ။
မှတ်ပုံတင်ကိုင်ပြီး နေရာအနှံ့ သွားလို့မရအောင် တားဆီးတာ ဘယ်လူလဲ။ မြန်မာအစိုးရပါပဲ။

၂၀၀၈ ခု ဥပဒေကို ပြင်ဆင်နိုင်တယ်လို့ ပြောတာ ဘယ်သူလည်း မြန်မာအစိုးရပါပဲ။
ဖွဲ့စည်းပုံပြင်ဖို့ ကြီးလေးကြီးမတွေ့ဖြစ်အောင် ငြင်းဆန်တာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

ပြည်ထောင်စုနိုင်ငံလို့ အမည်ပေးလိုက်တာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
တန်းတူရေးကို လက်မခံတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

စစ်တိုက်နေတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
အပစ်ရပ်အောင် ဖိအားပေးနေတာလည်း ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

အဓိကရုဏ်းဖြစ်အောင် လုပ်နေတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
ငြိမ်းချမ်းရေးအကြောင်း ပြောနေတာလည်း ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

တိုင်းပြည်ကို အခါခါ ကယ်တင်ခဲ့ပါတယ်လို့ ပြောပြောနေသူက ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။
တိုင်းပြည်ကို ဂုတ်စီးနေတာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

စစ်အစိုးရဟောင်းကို မမုန်းရ။
လက်ရှိသိန်းစိန်အစိုးရကို မဝေဖန်ရ။
တပ်မတော်ကို အပြစ်မတင်ရ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မထောက်ခံရ။
ဖွဲ့စည်းပုံပြင်ဖို့ မပြောရ။

ဦးပိုင်တွေ နေရာတိုင်မှာ မြင်မြင်သမျှ ပိုင်နေတာ၊ စစ်တပ်က မြေသိမ်း ပြန်ရောင်း ပြန်သိမ်း ပြန်ရောင်းနေတာ၊ ခရိုနီတွေက ကိုလိုနီများ ဖြစ်နေတာ၊ ပြည်သူများကို နားလှည့်ပါးရိုက်နေတာ....ဒါတွေကို အမြင်မစောင်းရ။ စစ်တပ်ပြုသမျှ နုသူကိုမှ ဒီမိုကရေစီစိတ်ဓာတ်ရှိသူလို့ သတ်မှတ်တာ ဘယ်သူလဲ။ မြန်မာအစိုးရပါပဲ။

ခွန် ဒီးယမ်


secretnewsofMDF 

No comments:

Post a Comment