Tuesday, December 17, 2013

Sea Games ဘောလုံးပွဲ မြန်မာအသင်းနှင့် အင်ဒိုအသင်းပွဲအပြီး ဖေ့စ်ဘွတ်ပေါ်မှ အသံများ

 

ဘာကြောင့်ဒေါသတွေပေါက်ကွဲခဲ့တာလဲ။ မင်းတို့သိရဲ့လား။ 

လက်မှတ်ရဖို့အတွက် နှစ်ရက်လောက်ကြိုပြီးအပင်ပန်းခံခဲ့ရတယ်။
နာရီပေါင်းများစွာ နေပူထဲမှာ အစာငတ်ခံပြိးစောင့်ခဲ့ရတယ်။ လက်မှတ်မရလို့ နှစ်သောင်းကျော် ပေးဝယ်ပြိးကွင်းထဲဝင်ခဲ့ရတယ်။ အကျီ်တွေဝယ်ခဲ့တယ်။ ခေါင်းစီးတွေ၊အလံတွေ ၊ ကပ်ခွာတွေ၊
( ဒါတွေက ရှိလို့ ၀ယ်တာမဟုတ်ဘူး။ ချစ်လို့ဝယ်ခဲ့ကြတာ ) 
အားပေးချင်လွန်းလို့ အကုန်ခံခဲ့တာ။ ရလဒ်ကောင်းကိုမျှော်လင့်ခဲ့တာ။

 မျှော်လင့်ချက်ကိုကင်းမဲ့စေခဲ့လို့ ဆန္ဒတွေပေါက်ကွဲခဲ့ပြီးကွင်းပြင် အရောက်မှာ သူတို့ငွေကုန်ခံပြီးပေးဝယ်ထားတဲ့ အရာတွေကို စမီးရှို့ခဲ့တာ။
 နောက်ပြိး သူတို့ငွေတွေနဲ့ဖြစ်တည်ထားတဲ့ ဆိုင်းဘုတ်တွေကို ဆုတ်ဖြဲခဲ့တယ်။ နောက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် ပြည်သူကို ထွက်တောင်းပန်ပေးဖို့ တောင်းဆိုတယ်။ ဗိုလ်မှူးချုပ်တစ်ယောက်ဦးဆောင်ပြီး လုံထိန်းအင်အားအပြည့်နဲ့ထွက်လာတယ် ။ ဒိုင်းတွေကာပြီး ပရိသတ်ဘက်ကိုချီတက်ခဲ့တယ်။ 

လက်နက်အပြည့်နဲ့ ထွက်လာတဲ့လုံထိန်းတွေ။ လက်နက်မပါတဲ့ပရိသတ်ကို ညာသံပေးပြိး 
ဝင်လုံးတယ်။ ဒီမှာ အာဏာရှင်ဆန်မှုတွေကိုရွံမုန်းနေတဲ့ ပရိသတ်ရဲ့ဒေါသတွေက ခဲလုံးတွေဆီကိုလက်ရောက်တဲ့အထီဖြစ်ကုန်ကြတယ်။ ခဲနဲ့ပြန်ပစ်တယ်။ 

ပရိသတ်တစ်ယောက်ကို လုံထိန်းတွေကဖမ်းတယ်။ ပြီးတော့ အာဏာရှင်တို့စရိုက်အတိုင်း
ရိုက်တယ်။ ထိုးတယ်။ ၀ိုင်းလုပ်ကျတော့ ကျန်တဲ့သူတွေပါဒေါသထွက်ကုန်တယ် ။ အုတ်ခဲတွေကိုင်ပြီးသူတို့လူကိုဝင်လုကြတယ်။ ပြန်ရလိုက်ပါတယ်။ နောက်တော့ ရေပိုက်တွေနဲ့ အသင့်ဖြစ်နေတဲ့ ကားတွေ နှစ်စီးရောက်လာတယ်။ ရေတွေနဲ့ပက်တယ်။ လမ်းဒီဘက်မှာ ( ဘောလုံးကွင်းဘက် ) ။ လမ်းဟိုဘက်မှာတော့ ပရိသတ်တွေက ခဲနဲ့ပစ်တယ်။ 
 အဲ့ဒီမှာဇာတ်လမ်းစတော့တာပဲ။ အခြေအနေတွေဆိုးလာတယ်။ နောက် မဲမဲမြင်ရာ ၀င်ဖမ်းတယ်။ 

မီဒီယာကတ်ဆွဲထားတဲ့ မီဒီယာတွေကို လည်းလိုက်တယ်။ မီဒီယာသမားတွေပြေးကြတယ်။ မီဒီယာပါလို့ပြောတယ်။ မရဘူး။ တွေ့တဲ့သူမှန်သမျှ ရိုက်မယ်။ဖမ်းမယ်တစ်ကဲကဲပဲ။ ဒီမှာတင်
သုဝဏ ကိုလမ်းလေးဆုံပိတ်ပြီး ရဲတွေဝိုင်းလိုက်တော့တယ်။ လမ်းတွေအားလုံးပိတ်လိုက်တယ်။
( ဒီဖြစ်စဉ်မှာ ရဲတွေက ပရိသတ်ထဲက တစ်ယောက်ကိုဖမ်းတာမဟုတ်ဘူးနော်။ ၀ိုင်းလုံးပြီး 
ထိုးတယ်။ ရိုက်တယ်။ ကန်တယ် ) အခြေအနေကအဲ့ဒီမှာပိုဆိုးသွားခဲ့တာပါ။ ကျနော်ရမ်းမပြောဘူး။ အမှန်အတိုင်းပြောတာ။ အဲ့ဒီအချိန်အဲ့ဒီမှာရှိနေတဲ့သူတွေအားလုံးအသိပဲ။ ဘယ်သူတွေကြောင့်ပြဿဿသနာက ပိုပြီးကြီးထွားတယ်လို့ထင်လဲ။ ကျနော်ကမေးရုံပဲမေးတာနော်....

Htet Oo Kyaw


======================================
မြန်မာ - အင်ဒို ဆီးဂိမ်းရှုံးပွဲ၏ ထူးခြားချက်များ
---------------------------------------
၁။ မြန်မာအသင်းနည်းပြ၏ အလွန်ညံ့ဖျင်းသော ကိုင်တွယ်ပုံ။

၂။ ကွင်းထဲ လူနှစ်ယောက်ဝင်ခြင်း။
(တောင်ဘက်ပွဲကြည့်စင်မှတစ်ယောက်
မြောက်ဘက်ပွဲကြည့်စင်မှ တစ်ယောက်)

၃။ ပွဲအပြီး ခုံများရိုက်ချိုးကြရာ
တောင်ဘက်ပွဲကြည့်စင် ကုန်သလောက်ဖြစ်သွားခြင်း။

၎။ သရေကျလျှင်ပင်တက်မည်ကို ရှုံးအောင်ကန်၍ အုပ်စုမှထွက်ခဲ့ခြင်း။

၅။ ကွင်းထဲလူဝင်ရာ ဦးဇော်ဇော်ကိုယ်တိုင်အူယားဖားယားပြေးဖမ်းမည်ပြုခြင်း။
မြောက်ဘက်ပွဲကြည့်စင်မှတစ်ယောက်မှာ ဗလတောင့်၍
ဦးဇော်ဇော်မလှုပ်။ ရဲများဖမ်း၏။
တောင်ဘက်ပွဲကြည့်စင်မှဝင်သူမှာ အကောင်သေးသေးလေးဖြစ်ရာ
ရဲများခြေလှမ်းတုန့်နေစဉ် ဦးဇော်ဇော် ပြေးသွားပြပြီး
အနားမလှမ်းမကမ်းရောက်သော် ရပ်လိုက်သည်။
ရဲများဝိုင်းဖမ်းလိုက်ကြသည်။

သွန်းနေစိုး

************************************************************************ 
ဒီအရှုံးဟာ ဘောလုံးတစ်ပွဲထက် ပိုပါတယ်။ ပြုစုပျိုးထောင်လာသမျှ ငွေကြေးအရလည်း ရှုံးတယ်။ ပြင်ဆင်မွမ်းမံထားသမျှ သိက္ခာပိုင်းအရလည်း ရှုံးတယ်။ တည်ဆောက်မွေးမြူထားသမျှ စိတ်ဓါတ်အရလည်း ရှုံးတယ်။ လေ့ကျင့်ကြိုးစားထားသမျှ ရလဒ်အရလည်း ရှုံးတယ်။ မျှော်လင့်အားပေးထားသမျှ ယုံကြည်ချက်အရလည်း ရှုံးတယ်။
ဒီအရှုံးဟာ ဘောလုံးတစ်ပွဲထက် ပိုပါတယ်။
=================== 

ကျွန်တော်တို့ အသင်းရှုံးလို့ ရှိုက်ကြီးတငင်ငိုခဲ့ရတဲ့ ပရိသတ်တွေရဲ့ပုံရိပ် အခုထိ 
မျက်စိထဲက မထွက်ဘူး။ စိတ်ပျက်စရာကြီးကိုမှ ပယ်ပယ်နှယ်နှယ် အားပေးမိကြတဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ အဖြစ်ကမှ ပိုမို စိတ်ပျက်စရာ ကောင်းနေရောလားဗျာ။ 
ဒါပေမယ့်လည်းလေ... ကြိုသိနေပါတယ်။ ကျွန်တော်တို့ မြန်မာဟာ ဘောလုံးနဲ့ ပတ်သက်ရင် 
ဘယ်တော့မှ အမှတ်သည်းခြေ မရှိကြဘူး။ မယုံရင် နောက်နှစ်တွေမှာ စောင့်ကြည့်ကြပါ။ စိတ်မှတ်မရှိတဲ့အထဲ ကျွန်တော်အပါအ၀င်ပေါ့။

ကိုထွဋ်ထိပ် 16.12.2013
(အိမ်ကွင်းမှာ မြန်မာအသင်း အုပ်စုအဆင့်နဲ့တင် ဆိုးဆိုးရွားရွားပြုတ်ခဲ့ရတဲ့ နေ့)
==================================================


တိုင်းပြည်ကပေးတဲ့.. လစာများ ကုန်ပါပြီ..
စပွန်ဆာပေးတဲ့ ပိုက်ဆံများ ပြောင်ပါပြီ..
မြန်မာ ပြန်ပြီ.. ဒို့ မြန်မာ ပြန်ပြီ..
အမျိုးဂုဏ်နှီမ့်ပေးတဲ့ ကျေးဇူးကြောင့် သေချင်ပါသည်..
သောင်းသောင်းဖြဖြ ကြိုဆိုလို့အတည် ပြည်သူများ မီးရှို့ကြပေသည်..။

ဒန့် တန် တန်
A Nge Kg

 ====================================================

ဆီးဂိမ်းမှတ်တမ်း...... ရေးဆို/ စိုင်းစိုင်းဘွန်ဟောင်း
++++++++++++++++++++++++++++++++

တိုက်ဆိုင်လိုက်တာများကွာ ဒီဇင်၁၆ရက်

သောက်ရှက်ကဖင်ထဲမှာ
အင်ဒိုနဲ့ကန်ခဲ့ ရှုံးခဲ့တယ်တစ်ဂိုးနဲ့

မင်းကဒိုင်ကိုအထင်သေးတာလား
မင်းကအင်ဒိုကိုအထင်မကြီးတာလား
မကန်ချင်လည်းကွင်းပိတ်ထားလိုက် ငါကတော့ခုံကိုရိုက်ခွဲမှာပဲ၊

အခြားအသင်းတွေအသာအယာခတ်တဲ့ ဘော်လုံးကွင်းထဲနင်ပြာယာခတ်ခဲ့
အခုတော့တစ်ဂိုးနဲ့ နင်လေပက်လက် အခုတော့လေတစ်ဂိုးနဲ့ပွဲရပ်

နားလည်ပေးပါပိတ်သတ်ကြီးရယ်...

ကျနော်ဂိုးမှမသွင်းတတ်တာကို
အပြစ်မဲ့တာလို့လဲမပြောချင်ပါဘူး မုသားဝါဒကျူးလွန်ခဲ့
သရေကျရင်တတ်မယ်မဟုတ်ဘူးညာတာ။

တကယ်တော့ တစ်ဂိုးနဲ့လစ် ၀ီစီမှုတ်လို့ပွဲပြီးတဲ့အချိန် ခံစားချက်ကရင်မှာတစ်လစ်

လေ့ကျင့်တာလေးနှစ် ရှုံးခဲ့တာလေးနှစ် အဖြစ်ပျက်တွေပြန်လည်တွေးရင်း 

ဆန္ဒမပြပါနဲ့တော့ကွာငါ့အချစ်

တောင်းပန်တယ်ကွာ တစ်ကွင်းလုံးဗြောင်းဆန်နေတာပဲ

တကယ်ကန်ခဲ့တယ်ဆိုတာကတော့ လုပ်ဇာတ်မဟုတ်ပါဘူးပိတ်သတ်ကြီးရယ်.....

Credit:ဘိန်းစား ဘွန်ဟောင်း

 



====================================================

ကိုယ်အလုပ်ကိုယ်မလုပ်ဘဲ
စီးပွားရေးသမားက ဘောလုံးဥက္ကဌ လုပ်
ဘုန်းကြီးက ဥပဒေပြဌာန်း
စစ်တပ်ကတိုင်းပြည်အုပ်ချုပ်
နိုင်ငံရေးသမားက သတင်းစာ ထုတ် နေသ၍တော့
ပြည်သူတွေ အသည်းကွဲနေရအုံးမှာပဲ . . .


Aung Thu Ra

=======================================================
အိမ်ရှင်မြန်မာအသင်း ရှုံးသွားတယ် .. ကျွန်တော် သိပ်ပြီး နာကျင်ဝမ်းမနည်းမိတော့ဘူး
ဘာလို့လည်း ဆိုတော့ ကျွန်တော် အရှိတရားကို နားလည်တတ်လာတယ်လေ
ဆီးဂိမ်းဖွင့်ပွဲ့ကြီး ခမ်းနားလှတယ် .. ကျွန်တော် သိပ်ပြီး ဂုဏ်မယူမိဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော် အရှိတရားကို သိနေပြီလေ
ဦးသန်းရွှေကြီး တကယ်အနားယူသွားပြီး ကျွန်တော် သိပ်ပြီး မပျော်မိတော့ဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော် အရှိတရားကို နားလည်နေပြီလေ
နိုင်ငံ့ခေါင်းဆောင်တွေ ရဲ့ မိန့်ခွန်းတွေ ကောင်းတယ် ကျွန်တော် သိပ်ပြီး အားမရမိဘူး
ဘာလို့လည်းဆိုတော့ ကျွန်တော် အရှိတရားကို သဘောပေါက်နေပြီလေ...

မှူးသစ်


========================================================
 ပရိတ်သတ် တစ်ရာခန့်က ဝေဇယန္တာလမ်းမပေါ်တွင် ရဲများနှင့် သတင်းထောက်များရှိရာဘက်သို့ ခဲနှင့်ပစ်ပေါက်ကာ အော်ဟစ်နေဆဲဖြစ်သည်။ ထိုနေရာတွင် ဝတ်စုံအပြည့်ဖြင့် လုံထိန်းရဲနှစ်ရာခန့်လည်း ရှိနေသည်။

သုဝဏ္ဏကွင်းရှိရာ ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ မီးပွိုင့်ကို ခေတ္တရပ်ထားရပြီး ဝေဇယန္တာလမ်းကိုလည်း ပိတ်ထားရသည်။

သုဝဏ္ဏကွင်းအတွင်း၌မူ ပရိတ်သတ်များ မရှိတော့ဘဲ မီးသတ်၊ ကြက်ခြေနီနှင့် လုံထိန်းရဲများသာ လုံခြုံရေးနေရာယူထားသည်။ ကွင်းအတွင်းနှင့် အပြင်နှစ်ခုပေါင်း လုံခြုံရေးအင်အား ထောင်ဂဏန်းခန့်ရှိသည်ဟု မဇ္ဈိမဓာတ်ပုံ အယ်ဒီတာက သတင်းပေးပို့သည်။

အစောပိုင်းတွင် သုဝဏ္ဏကွင်းအဝင်အဝတွင် မြန်မာအင်္ကျီများနှင့် ခေါင်းစည်းများမီးရှို့ခြင်း၊ ဆိုင်းဘုတ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

( မဇ္ဈိမသတင်းဌာန)

Credit to =►Mizzima - News in Burmese◄=►Thank◄=

======================================================= 















=========== 

 **************************************************************
တိုင်နဲ့ ခေါင်းနဲ့ သာဆောင့်လိုက် ရှုံးရင်လည်း အုပ်စုတက်မယ်ထင်နေတာ

ဆီးဂိမ်းပြိုင်ပွဲမှ စည်းမျဉ်းနှင့်စည်းကမ်းများကို မသိဟု ဟတ်ဆောင်ဟွာဆို။
===============================================
မြန်မာတစ်မျိုးသားလုံး၏နှလုံးသားအားနှုတ်ယူမှုအတွက် တောင်းပန်စရာစကားရှိလျင်တောင်းပန်ချင်
===============================================================

ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်မှနှုတ်ဆက်ခဲ့ရပြီးနောက် မြန်မာနည်းပြပတ်ဆောင်ဟွာက
 မိမိအနေဖြင့် အင်ဒိုနှင့်မတိုင်မိ ကျော်ကိုကိုနှင့်ပြသနာဖြစ်ခဲ့ခြင်းကြောင့် ၄င်းအားပွဲအစတွင်
ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲ၏ စည်းမျဉ်းနှင့်စည်းကမ်းများကိုသိရှိခြင်းမရှိခဲ့ကြောင်း၊ 
သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့လျင်ပင် နေပြည်တော်သို့ အရောက်သွားနိုင်မည်ဟု ထင်ခဲ့ကြောင်း၊ 
မိမိ၏ အမှားများအတွက် တောင်းပန်ခဲ့ခြင်ကြောင်း၊ ကစားသမားများ၌အမှားမရှိပဲ မိမိတစ်ဦးတည်း၌သာ ပြသနာရှိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ထို့အပြင် ၄င်းအနေဖြင့် အများများစွာပြုလုပ်ခဲ့သည် အပေါ်မြန်မာ တစ်မျိုးသားလုံးအား
တောင်းပန်ကြောင်းလည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟသွားခဲ့သည်။

နည်းပြ ပတ်ဆောင်ဟွာက '' မြန်မာတစ်မျိုးသားလုံးအတွက် တောင်းပန်ပါတယ်။ ကတိအတိုင်းအိမ်ပြန်ပါမယ်ဆိုတာတွေထက် ပိုကောင်းတဲ့စကားရှိရင် ကျွန်တော်
တောင်းပန်ခဲ့ခြင်းပါတယ်။ ကျွန်တော်အနေနဲ့ ဒီထက်ပိုလုပ်ဆောင်ပေးဖို့ ရည်မှန်းခဲ့တာပါ။ စည်းမျဉ်းတွေကိုသာကြိုသိခဲ့ရင် ဒီလိုလုပ်မှာမဟုတ်ပါဘူး။ ကစားသမားတွေမှာ အပြစ်မရှိပါဘူး။ အရာအားလုံးကကျွန်တော့်ပေါ်မှာပဲ ပြသနာရှိခဲ့တာပါ'' ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲအား မလုပ်ရန်ပင် အစောပိုင်းကရှိခဲ့သော်လည်း
သတင်းထောက်များနှင့် မီဒီယာတာဝန်ခံကြားညှိနှိုင်းနေစဉ်မှာပင် ပတ်ဆောင်ဟွာရောက်ရှိလာခဲ့ကာ
သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ခြင်းဖြစ်သည်။
သတင်းစာရှင်းလင်းပွဲတွင်လည်းပတ်ဆောင်ဟွာ၏ စည်းမျဉ်းနှင့်စည်းကမ်း (Rule and Regulation) မသိရှိမှုမေးခွန်းအပေါ် မြန်မာမိဒီယာသမားများ အထူးအံ့သြခဲ့ရသည်အထိ ရှိခဲ့ကြောင်းသိရှိရသည်။

by တာငယ်

============ 

 

 
https://www.facebook.com/secretnewsofMDF
 ====================================================

ဆီးဂိမ်း အုပ်စုမှ ထွက်ခဲ့ရပြီးနောက် နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် မြန်မာအသင်း လမ်းခွဲ
=======================================

အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာခဲ့သည်။ ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။

 https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-frc3/1011660_244400129052802_1203665606_n.jpg

"ရလဒ်ဆိုးအတွက် ပရိသတ်တွေကို ကျွန်တော် စိတ်မကောင်းလွန်းလို့ ရှိခိုးတောင်းပန် ချင်ပါတယ်။ ပတ်ဆောင်ဟွာနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲမှုက ဒီမှာပဲ ရပ်ပါပြီ။ သူနဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး"ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သရေရပါက အုပ်စုမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ပွဲချိန် ပထမပိုင်းတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးကြောင့် အုပ်စုအဆင့်မှပင် နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။

နည်းပြ ပတ်ဆောင်ဟွာသည် အသင်း၏ ပွဲထွက်လူစာရင်းတွင် အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ထည့်သွင်းခဲ့ခြင်း မရှိဘဲ အင်ဒိုနီးရှားကို ရင်ဆိုင်ခဲ့သည်။ ပတ်ဆောင်ဟွာ၏ အသင်းသည် ပွဲချိန် ပထမပိုင်းတွင် မည်သို့မျှ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အင်ဒိုနီးရှား အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီးနောက် ပင်နယ်တီဂိုးကိုပါ ခွင့်ပြုခဲ့ရသည်။ ပတ်ဆောင်ဟွာ အနေဖြင့် ဒုတိယပိုင်းတွင် ကျော်ကိုကို ကို ထည့်သွင်းကာ တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာ အသင်း၏ ဒုတိယပိုင်း ခြေစွမ်းပြမှုမှာ ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရခြင်း ဖြစ်သည်။

ပွဲအပြီးတွင် လူထုတ်ပုံနှင့် ပတ်သက် သတင်းထောက်များက မေးမြန်းသောအခါ ပတ်ဆောင်ဟွာက Head to head စနစ်ဖြင့် ဆုံးဖြတ်မည်ကို ကျော်ကိုကိုအား လူစားလဲချိန်ထိ မိမိလုံးဝ မသိခဲ့ကြောင်း ဆိုခဲ့သည်။ ပတ်ဆောင်ဟွာ၏ အဆိုပါ အပြောအတွက် ဦးဇော်ဇော်မှာ ဒေါသပေါက်ကွဲခဲ့ပြီး နံရံကိုပင် လက်သီးဖြင့် ထိုးခဲ့သေးသည်။ ထို့အပြင် ဦးဇော်ဇော်က ပတ်ဆောင်ဟွာ၏ အဆိုပါ ပြောဆိုမှုမှာ ခေါင်းရှောင်မှု သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

by; Soccer Myanmar

နေဇော်လင်း

No comments:

Post a Comment