တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအကြောင်း သူတို့ရဲ့ တစိတ်တဒေသ
အကျင့်စရိုက်၊
အသွင်ပြင် လက္ခဏာ၊ လှုပ်ရှားမှု ဓလေ့စရိုက်၊ အခြေအနေတွေကို
စစ်ဖက်လေ့လာသူများ
သိရှိနိုင်စေဖို့ စည်းလုံးခြင်းရဲ့အင်အားက နှိုင်းယှဉ်
တင်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ
လွတ်လပ်ရေး ကြိုးပမ်းမှု စတင်ခဲ့တဲ့
အချိန်မှ စပြီး ယနေ့အထိ တပ်မတော် အကြီးအကဲများ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊
ဗိုလ်မှူးချုပ် အယ်လ်သောမတ်စ်၊ ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး
နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဗိုလ်ချုပ်ကြီး
သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အသီးသီး ပေါ်ထွက်ခဲ့ပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ်ကာလက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လို့
မခေါ်တွင်ဘဲ စစ်သေနာပတိလို့ ခေါ်တွင်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၅
ခုနှစ်ကာလ) မှ
စတင်ပြီး တပ်မတော်ကို ပြန်လည် ဖွဲ့စည်းခဲ့ရာ
ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံ လွတ်လပ်ရေး
ရယူနိုင်ရန် ဦးစားပေးပြီး
နိုင်ငံရေး လောကထဲသို့ ခြေစုန်ပစ် ဝင်ကာ သူ့ရဲ့ စစ်သေနာပတိ
ရာထူးအား
ဗိုလ်ချုပ် အယ်လ်သောမတ်စ်ကို ဗြိတိသျှတို့နှင့် ညှိနှိုင်းပြီး ၁၉၄၇ ခုနှစ်
မေလ ၁
ရက်နေ့မှာ တာဝန် လွှဲပေးခဲ့ပါတယ်။
ထိုစဉ်က အင်အား စုစည်း
တည်ဆောက်မှုနှင့် ဖွဲ့စည်းလေ့ကျင့်ရေးကာလ မပြီးပြတ်သေးသဖြင့် တပ်မတော်
စစ်သေနာပတိလို့ မခေါ်ဘဲ တပ်မတော် စစ်ဆင်ရေး အရာရှိချုပ်ဟု ခေါ်တွင်စေကာ
ဒုတပ်မတော် စစ်ဆေးရေး အရာရှိချုပ်အဖြစ် ဗိုလ်ချုပ် စမစ်ဒွန်းကို ဆက်လက်
တာဝန်ပေးခဲ့ပါ
တယ်။
၁၉၄၇-၄၈ ခုနှစ် ကာလတွင် လွတ်လပ်ရေးရပြီးကာစ တပ်မတော်အား
ကွပ်ကဲရန် စစ်ဦးစီးချုပ်
အဖြစ် ဗိုလ်ချုပ် စမစ်ဒွန်းကို ပြောင်းလဲ
တာဝန်ပေးခဲ့ပြီး ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စောကြာဒိုးကို ဆက်လက်
တာဝန်ပေးခဲ့ပါတယ်။ တဖန် ဗိုလ်ချုပ်နေဝင်းကို ၁၉၄၈ ခုနှစ် သြဂုတ်လ (၁)
ရက်နေ့မှ စတင်ပြီး ဒုစစ်ဦးစီးချုပ်အဖြစ် ဆက်လက် ခန့်အပ်ခဲ့ပါတယ်။
လွတ်လပ်ရေး ရပြီးတာနဲ့ တပြိုင်နက်
KNDO များက တော်လှန်ပုန်ကန်ကြသလို
တပ်မတော် လက်အောက်ခံ ကရင် လက်နက်ကိုင် တပ်ရင်းများကလည်း ပူးပေါင်း
တောခိုကြသဖြင့် မထိန်းသိမ်းနိုင် ဖြစ်ရလို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်
စမစ်ဒွန်းအား အနားပေးပြီး ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်
ဒုဗိုလ်ချုပ်ကြီးအဆင့်နှင့်
စစ်ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်နေဝင်းအား
တိုးမြှင့်ခန့်အပ် တာဝန် ပေးခဲ့ပါတယ်။
၁၉၅၅ အောက်တိုဘာ ၁ ရက်နေ့တွင်
စစ်ဦးစီးချုပ်အား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လည်းကောင်း၊
ရေတပ်
ဦးစီးချုပ်အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် လည်းကောင်း၊ လေတပ်
ဦးစီးချုပ်
အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (လေ) အဖြစ် လည်းကောင်း အခေါ်အဝေါ် ပြောင်းလဲ
ခေါ်ဝေါ်စေပြီး ရေတပ်နှင့် လေတပ်တို့ရဲ့ ကွပ်ကဲမှု
အားလုံးကို ကာကွယ်ရေး ဦးစီးချုပ်
တစ်ဦးတည်း လက်အောက်သို့
သွတ်သွင်းခဲ့ပါတယ်။ စစ်ဦးစီး ဌာနချုပ်ကိုလည်း ကာကွယ်ရေး
ဦးစီးချုပ်ရုံး
(ကြည်း)၊ ကက (ကြည်း) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်စေပါတယ်။ ကက (ကြည်း) လက်အောက်ခံ
ဌာနခွဲများအနေနဲ့ စစ်ဆင်ရေး၊ တာဝန်နဲ့ လေ့ကျင့်ရေး၊ စီမံရေး၊
သုတေသနဆိုပြီး ခွဲခြားထားပါတယ်။ တပ်မတော်ရဲ့ အသက်သွေးကြော ဖြစ်တဲ့
တပ်မတော်အက် ဥပဒေ (၁၉၅၉) ခုနှစ်ကို ပြည်သူ့လွှတ်တော်၊ လူမျိုးစု
လွှတ်တော်တို့က သဘောတူ လက်ခံပြီးနောက် ၁၉၅၉
စက်တင်ဘာ ၂၅ ရက်နေ့တွင်
နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ထိုးပေးခဲ့ပါတယ်။
၁၉၇၂
ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး စန်းယု ဖြစ်လာပြီး
၁၉၇၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ကာကွယ်ရေး ဦးစီးချုပ်
ဖြစ်လာပါတယ်။ ၁၉၇၆ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး
သူရကျော်ထင် ဖြစ်လာပါတယ်။ ၁၉၈၉ ခုနှစ်တွင် ကာကွယ်ရေး
ဦးစီးချုပ်အား
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်လည်းကောင်း၊ ဒုကာကွယ်ရေး ဦးစီးချုပ်(ရေ) အား ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် လည်းကောင်း၊ ဒုကာကွယ်ရေး
ဦးစီးချုပ် (လေ) အား ကာကွယ်ရေး ဦးစီးချုပ် (လေ) အဖြစ် လည်းကောင်း၊
ဒုကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အား ဒုတပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အဖြစ် ပြောင်းလဲ
ခေါ်ဝေါ်စေခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆင့်အား
ဗိုလ်ချုပ်မှူးကြီးအဖြစ် သုံးနှုံးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး
စောမောင်ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၁၉၈၆ ခုနှစ် ၁၉၉၁
ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ၁၈
နှစ်ကြာ တပ်ကို ထိန်းချုပ်သွားပါတယ်။ လက်ရှိ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၂၀၁၀ ခုနှစ်မှ
ယနေ့အထိ တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါတယ်။
သူတို့ (၁၀) ဦးဟာ တစ်ဦးနဲ့
တစ်ဦး သဘာဝအရ စစ်သားဖြစ်ပေမဲ့ အကျင့်စရိုက်၊ အသွင်ပြင်
လက္ခဏာ၊ ထပ်တူ
ထပ်မျှ မရှိနိုင်သည်မှာ မှန်သော်လည်း တချို့ နေရာများတွင် ဆန့်ကျင်ဘက်
အသွင်စရိုက်မျိုး ပေါ်ထွက်ခဲ့ကြောင်း လေ့လာ တွေ့ရှိခဲ့ရပါတယ်။
အသက်ငယ်ဆုံး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (သို့) စစ်သေနာပတိကို
တင်ပြရရင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တပ်မတော် အကြီးအကဲ
အငယ်ရွယ်ဆုံး
ပုဂ္ဂိုလ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် (၃၀)
ဝန်းကျင်ခန့်သာ ရှိနေပြီး ထိုစဉ်က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးစီးစ
အချိန်ကာလတွင် မည်သည့်နိုင်ငံမှ စစ်ဗိုလ်ချုပ်များဟာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့
နှိုင်းယှဉ်ရင် ငယ်ရွယ်မှု စံချိန် ချိုးနိုင်မှာ
မဟုတ်ကြောင်း တွေ့ရှိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်အား
သံယောဇဉ်ကြီးမားလှစွာနဲ့ စစ်ပြီးခေတ် ဆက်လက် ရပ်တည်ခွင့် ရရှိရေးအတွက်
အကြိတ်အနယ် ဗြိတိသျှတို့အား ညှိနှိုင်းခဲ့ရာ ကြိုးပမ်းဆောင်ရွက်တဲ့
အောင်မြင်မှု ရလဒ် ရရှိခဲ့တာကြောင့် တပ်မတော် ဖခင်အဖြစ်
သမိုင်းမှတ်တမ်းတွင်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့
ဖခင်ဖြစ်သလို တပ်မတော်အား စံနမူနာပြ စစ်သားကောင်း သူရဲကောင်း တစ်ဦးအဖြစ်
သက်သေပြသွားပါတယ်။ ဂုဏ်ဒြပ်များကို စက်ဆုပ်ရွံရှာပြီး အာဏာ
စည်းစိမ်းများကို မက်မောသူ မဟုတ်ကြောင်း အမျိုးသား ခေါင်းဆောင်ကြီး
တစ်ဦးအဖြစ် မြန်မာနိုင်ငံ သမိုင်းမှာ စံချိန် တင်သွားနိုင်ခဲ့သူ
ဖြစ်ပါတယ်။
တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သေနာပတိ၊ စစ်ဦးစီးချုပ်၊
ကာကွယ်ရေး ဦးစီးချုပ်များရဲ့ တာဝန်လွှဲပြောင်းသည့် အနေအထားနဲ့ နေ့ရက်
အတိအကျများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -
(၁) ဗိုလ်ချုပ်အောင်ဆန်း
(က)
လွတ်လပ်ရေး မရခင် ဂျပန်ခေတ် BIA စတင်ဖွဲ့စည်းခဲ့တဲ့ ကာလ ၁၉၄၁ ခုနှစ်
ဒီဇင်ဘာ
၂၆ ရက်နေ့မှ စတင်ကာ ဗြိတိသျှတို့ ပြန်ဝင်လာပြီး ဗမာ့တပ်မတော်ကို
ပြန်လည် ဖွဲ့စည်းတဲ့
ကာလ ၁၉၄၇ ခုနှစ် မေလ ၁ ရက်နေ့အထိ တောက်လျှောက်
ဗိုလ်ချုပ်အောင်ဆန်းက
စစ်သေနာပတိ ရာထူးကို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
(၂) ဗိုလ်ချုပ် စမစ်ဒွန်း
(ခ) ၄င်းနောက် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ် သောလ်မတ်စ်ကို တပ်မတော်
စစ်ဆေးရေး
အရာရှိချုပ်အဖြစ် တပ်မတော် အကြီးအကဲ တာဝန်
လွှဲပြောင်းပေးခဲ့ပါတယ်။ ဆက်လက်ပြီး
လွတ်လပ်ရေး ရပြီးခါစ စစ်ဦးစီးချုပ်
ဗိုလ်ချုပ် စမစ်ဒွန်းဟာ ၄-၁-၁၉၄၈ နေ့မှ ၃၁-၁-၁၉၄၉ အထိ
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအချိန် ကာလအတောအတွင်းမှာပင်
ဒုစစ်ဦးစီးချုပ်အဖြစ်
ဗိုလ်မှူးချုပ် နေဝင်းအား ၁-၈-၁၉၄၈ မှ ၁-၂-၁၉၄၉ အထိ
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကရင်အရာရှိများဟာ ဗြိတိသျှတပ်မတော်တွင်
တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်တဲ့အပြင်
ပညာတတ် ဗြိတိသျှ
စစ်တက္ကသိုလ်ကျောင်းဆင်း ဘွဲ့ရများ ဖြစ်လို့ စစ်သက်အရရော ဘီစီနံပါတ်
အရပါ
ဗိုလ်ချုပ်ကြီး နေဝင်းထက် စီနီယာကျပါတယ်။ တပ်မတော်တွင် ကရင် သေနတ်ကိုင်
တပ်ရင်းများ အများအပြား ရှိသလို ကရင်အရာရှိများလည်း ရှိနေတာကြောင့်
ဗိုလ်ချုပ်အောင်ဆန်း
ရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မှာကြားထားချက်အရ
ကရင်လူမျိုး ဗိုလ်ချုပ် စမစ်ဒွန်းအား
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်
ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
(၃) ဗိုလ်ချုပ်ကြီး နေဝင်း
(ဂ) ဒုတိယဗိုလ်ချုပ်ကြီး နေဝင်းအား
စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်းဟာ
၁-၂-၁၉၄၉
မှ ၂၀-၄-၁၉၇၂ အထိ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
(၄) ဗိုလ်ချုပ်ကြီး စန်းယု
(ဃ) ဗိုလ်ချုပ်ကြီး စန်းယုအား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၂၀-၄-၁၉၇၂ မှ စတင် ခန့်အပ်ခဲ့ပြီး
၇-၃-၁၉၇၄ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
(၅) ဗိုလ်ချုပ်ကြီး သူရတင်ဦး
(င) ဗိုလ်ချုပ်ကြီး တင်ဦးအား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၇-၃-၁၉၇၄
ရက်နေ့မှ စတင်ခန့်အပ် ခဲ့ပြီး
၆-၃-၁၉၇၆ ရက်နေ့တွင် တာဝန်မှ
နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။
(၆) ဗိုလ်ချုပ်ကြီး သူရကျော်ထင်
(စ) ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်အား
ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၆-၃-၁၉၇၆ ရက်နေ့တွင် စတင် ခန့်အပ်ခဲ့ပြီး
၃-၁၁-၁၉၈၅ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
(၇) ဗိုလ်ချုပ်မှူးကြီး စောမောင်
(ဆ)
ဗိုလ်ချုပ်မှူးကြီး စောမောင်အား ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၄-၁၁-၁၉၈၅
ရက်နေ့တွင်
စတင် ခန့်အပ်ခဲ့ပြီး ၃-၁၁-၁၉၈၆ ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး
အဆင့်မှ ဗိုလ်ချုပ်ကြီး
အဆင့်သို့ တိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။
(၈) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(ဇ) ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို
ကျန်းမာရေး အကြောင်းပြချက်ဖြင့်
တရားမဝင် အာဏာသိမ်းပိုက်ကာ ၁၉၉၂ ခုနှစ်မှာ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စတင်
တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀
ခုနှစ်အထိ အာဏာထိန်းချုပ်သွားပါတယ်။
့(၉) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
(ဈ) စစ်ရေးချုပ် ဒုတိယ
ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
(ယခု
ပြည်ထဲရေး ဝန်ကြီး) တို့အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ
တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) တို့အဖြစ်
ခန့်အပ်တာဝန်ပေးရန်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလ မေလဝန်းကျင်တွင်
လျာထားခဲ့ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
ပယ်ဖျက်ခဲ့ပြီး
ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော်
ကာကွယ်
ရေး ဦးစီးချုပ်အဖြစ် ခုံကျော် ရွေးချယ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးနဲ့ တပ်မတော် အရေးတွေမှာ အချိန်ပေး
ကြိုးစားအားထုတ်လွန်းလို့ စစ်ဝတ်စုံ (၃) စုံနဲ့သာ အခမ်းအနားတွေမှာ
ဝတ်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ သီရိလင်္ကာနိုင်ငံ
ကန္နီမြို့မှာ ဗြိတိသျှ
စစ်သေနာပတိ လူဝီ မောင့်ဘက်တန်နဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခုခံပြောဆိုမှုများကို မလွန်ဆန်နိုင်မှု ကြောင့်
ဗမာ့တပ်မတော်ကို အင်အား (၅၂၀၀) ဖြင့် ဖွဲ့စည်းခွင့် ပြုပေးလိုက်ရပါတယ်။
ဗြိတိသျှနဲ့ ဂျပန်တို့ရဲ့ ရာထူးဂုဏ်ဒြပ်များနဲ့ မိန်းမများနဲ့
မြူဆွယ်စည်းရုံးမှုကို ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား
ငြင်းဆန်မှုကြောင့်
လေးစားမှု အသိအမှတ်ပြုမှု ပေးခဲ့ရပြီး ၁၉၄၇ ခုနှစ်တွင်
အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုပေးခဲ့
ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ရိုးသားမှုနဲ့ အဂတိလိုက်စားမှု ကင်းရှင်းရာမှာ
စံနမူနာပြ ဖြစ်ပါတယ်။ တာပါကိန်းအိမ် ဗိုလ်ချုပ် ရှိနေတုန်း ရှမ်းပြည်နယ်က
ရှမ်းအဖိုးကြီးတစ်ဦးက ဗိုလ်ချုပ်ကို လိုတာ သုံးရအောင်
ကြည်ညိုလေးစားလွန်းလို့ ဘိုးဘွားပိုင် ရွှေရတနာများ လာရောက် ပေးအပ်ခဲ့ပေမဲ့
လိမ္မာ သိမ်မွေ့စွာဖြင့် အဖွဲ့ချုပ် ရံပုံငွေ ခေါင်းစဉ် ပြောင်းလဲ
လွှဲအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ အလုပ်
တာဝန် များပြားလွန်းလို့ သူ့ရဲ့ PA
ဗိုလ်ထွန်းလှနဲ့အတူ ခေါင်းရှုပ်နေတာကို ရှင်းတဲ့အနေနဲ့ ရုပ်ရှင်ရုံကို
အများနည်းတူ တန်းစီသွားကြည့်ရာ မန်နေဂျာက သိသွားပြီး အထူးတန်းကို တောင်းပန်
ချော့မော
ခေါ်ရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ထိန်းကျောင်းတဲ့ ရဲဘော်ကို ဗိုလ်ချုပ်ရဲ့
PA ဗိုလ်ထွန်းလှက အရက်မူးနေလို့
ဒေါကန်ပြီး ထိုးကြိတ်မယ်လုပ်လို့ ဗိုလ်ချုပ်က တားမြစ်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့
ဖြူစင်တဲ့ ခွင့်လွှတ်တဲ့ နှလုံးသားပြင် တွေ့ခဲ့ရပါတယ်။
စည်းလုံးခြင်းရဲ့အင်အား
ဓါတ်ပုံများကိုgoogle နှင့်wiki မှရှာဖွေတင်ပြထားပါသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ