Saturday, February 8, 2014

ပြည်သူ့လွှတ်တော်အမတ် ရွှေမောင် (ခ) အဒူရော်ဇက်သည် နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူဟုတ်မဟုတ် စိစစ်ခြင်း


သမ္မတဦးသိန်းစိန်၊
ပြည်ထောင်စုလွှတ်တော်၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့်
လ၀က ပြည်ထောင်စု ၀န်ကြီးဦးခင်ရီ သိရှိနိုင်ပါရန် 

 =====================================
ပြည်သူ့လွှတ်တော်အမတ် ရွှေမောင်(ခ)အဒူရော်ဇက် အား
 နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူဟုတ်မဟုတ် စီစစ်ခြင်း
 =====================================


ရွှေမောင်(ခ)အဒူရော်ဇက် ၏ မိသားစုမျိုးရိုးစဉ်ဆက်စာရင်း
*****************************************
၁။ ဖခင်ဘက်မှ အဘိုးဇော်ဘော်မူလုပ်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီး

မည်သည့်ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။

၂။ ဖခင်ဘက်မှ အဘွားဆော်ရိုနီဆားသည် ဘင်္ဂါလီလူမျိုးတစ်ဦး ဖြစ်သည်၊ မြန်မာနိုင်ငံမှ မည်သည့် သက်သေခံကဒ်ပြား/လက်မှတ် တစ်မျိုးမျှ ကိုင်ဆောင်ခဲ့ခြင်းမရှိ၊ မည်သည့်ဒေသတွင် မွေးဖွါးခဲ့ပြီး
မည်သည့် ဒေသတွင် သေဆုံးခဲ့သည်ကိုအထောက်အထားခိုင်လုံစွာဖြင့် တင်ပြထားခဲ့ခြင်းမရှိ။


၃။ မိခင်ဘက်မှ အဘိုးမူဇာဟေးရ်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊
(A.H. 018922) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၀၃)ခုနှစ်ကမွေးဖွါးခဲ့ပြီး
စစ်တွေမြို့တွင် ၁၉၆၄ နှစ်တွင် သေဆုံးခဲ့သည်ဟုသိရှိရသော်လည်း မြန်မာစာ လုံးဝ(လုံးဝ)
မတတ်သူဖြစ်ပြီး အာရ်ဘီစာ (၁၀) တန်းအဆင့်ရှိသူဖြစ်ပြီး၊ သက်သေခံကဒ်ပြားလျှောက်ထားသူ
လက်မှတ်တွင် အာရ်ဘီစာဖြင့်သာ ရေးထိုးထားသည်ကို သိရှိရသည်။

၎။ မိခင်ဘက်မှ အဘွားမာမူဒါဘေဂေါင် သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြား

အမှတ်၊ (A.H. 018923) ကိုကိုင်ဆောင်ထားခဲ့သည်၊ မြောက်ဦး မြို့တွင် (၁၉၂၃)ခုနှစ်ကမွေးဖွါးခဲ့ပြီး
စစ်တွေမြို့တွင် သေဆုံးခဲ့သည်၊ မြန်မာစာ လုံးဝ မတတ်ခဲ့ပါ။

၅။ ဖခင် အဒူဟာဒီသည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊(A.K.092352)နှင့် (၁၁/ဘသတ(ယ)၁၂၀၉၂၈)ကို ကိုင်ဆောင်ခဲ့သည်၊ မောင်တောမြို့နယ် တွင် (၁၉၁၈)ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင် သေဆုံးခဲ့ပါသည်။

၆။ မိခင် အာဇီဇာဘေဂေါင်သည် ဘင်္ဂါလီလူမျိုးတစ်ဦးဖြစ်သည်၊ သက်သေခံကဒ်ပြားအမှတ်၊ (A.K.092353) ကိုင်ဆောင်ခဲ့သည်၊ မြောက်ဦးမြို့တွင် (၁၉၃၅) ခုနှစ်ကမွေးဖွါးခဲ့ပြီး၊ ဘူးသီးတောင်မြို့ အမှတ်(၂) ရပ်ကွက် တွင် သေဆုံးခဲ့ပါသည်။

၇။ ရွှေမောင်(ခ)အဒူရော်ဇက်သည် ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်တွင်(၁၉၆၅)ခုနှစ်တွင်

မွေးဖွါး ခဲ့ပြီး (၁၉၈၇)ခုနှစ်တွင် သက်သေခံကဒ်ပြားအမှတ်၊(BTG.172664) ဖြင့် ဘင်္ဂါလီလူမျိုး
ဖြစ်ကြောင်း မှတ်ပုံတင် တင်ထားခဲ့ပြီး သက်သေခံကဒ်ပြား ကိုင်ဆောင်ခဲ့ပါသည်။

ယခုလက်ရှိအခြေအနေမှာ ရွှေမောင်(ခ)အဒူရော်ဇက် ၏ ညီအစ်ကိုမောင်နှမများမှာလည်း

ဘင်္ဂါလီလူမျိုးများဖြစ်ကြပြီး၊ ယာယီသက်သေခံကဒ်ပြားများ ကိုင်ဆောင်ထားလျှက်ရှိကြသော်လည်း
ရွှေမောင်(ခ)အဒူရော်ဇက်မှာ(ကမန်+ဘင်္ဂါလီ+ဗမာ)ဟု လူမျိုးဖေါ်ပြပြီး နိုင်ငံသားစိစစ်ရေး
ကတ်ပြားအမှတ်(၁၂/ပဇတ(နိုင်)၀၃၆၃၀၆)ကို ကိုင်ဆောင်လျှက် ဘူးသီးတောင်မြို့နယ်မှ
ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တွေ့မြင်ရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွှေမောင်(ခ)အဒူရော်ဇက်အား

အထက်ဖေါ်ပြပါ ၄င်းသူ ၏ မျိုးရိုးစဉ်ဆက်စာရင်းများဖြင့် အောက်ပါအတိုင်း
တိုက်ဆိုင်စစ်ဆေးတင်ပြပါမည်။
******************************

၁၉၄၈-ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ
======================================


၎။ (၂) ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတစ်ခုခုတွင် အနည်းဆုံးဘိုးဘွားအားလုံး

လက်ထက်မှ စ၍ မိမိတို့၏ ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် မျိုးဆက်မပြတ် ထာဝစဉ် အခြေစိုက်
နေထိုင်လာခဲ့သည့်အပြင် မိမိ၏ မိဘနှစ်ပါးနှင့်တကွ မိမိကိုယ်တိုင် ထိုနယ်မြေတစ်ခုခုတွင်
မွေးဖွါးသူဖြစ်လျှင် ထိုသူအား မြန်မာ နိုင်ငံသားဖြစ်သည်ဟုမှတ်ယူရမည်။
 

 အထက်ဖေါ်ပြပါပုဒ်မ ၄။(၂)အရ ၄င်းရွှေမောင်(ခ)အဒူရော်ဇက်၏ မိဘ(၂)ဦး၊
ဘိုးဘွား(၄)ဦးတို့ထဲမှအားလုံး သော်လည်းကောင်း၊ တစ်ဦးဦးသော်လည်းကောင်း
 နိုင်ငံသားလက်မှတ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။ သတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် မရရှိခဲ့ခြင်းသာဖြစ်ပါသည်။
============================================

၁၉၈၂- ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ
***************************
၃။ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃-ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သောကချင်၊ကယား၊ကရင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်။

၅။ တိုင်းရင်းသားတိုင်းလည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွါးသူတိုင်းသည် လည်းကောင်း

မွေးရာပါနိုင်ငံသားဖြစ်သည်။

၆။ ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်။ သို့ရာတွင် ပုဒ်မ(၁၈)ပါ ပြဌာန်းချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရ အရေးယူခြင်းခံရမည်။


အထက်ဖေါ်ပြပါပုဒ်မ၆။သည် (၁၅-၁၀၁၉၈၂)ရက်နေ့မတိုင်မှီက(၁၉၄၈)ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေ ဖြင့် နိုင်ငံသားဖြစ်ပြီးသား သူသည် နိုင်ငံသားဖြစ်သည်ကို ဆိုထားခြင်းဖြစ်ပါသည်။

၁၈။ နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖေါ်ပြခြင်း၊ သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။

၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွါးသည့် အောက်ပါသူတို့သည်လည်း

 နိုင်ငံသားဖြစ်သည်-
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွါးသူများ


(ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဖနှစ်ပါးမှ မွေးဖွါးသူများ
 

(ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွါးသူများ
 

(ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
 

(င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသောသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊
 

(စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါမှ မွေးဖွါးသေားသားသမီးနှင့် -
-(က) နိုင်ငံသား၊ သို့မဟုတ်
-(ခ) ဧည့်နိုင်ငံသား၊ သို့မဟုတ်
-(ဂ) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွါးသူများ၊

၇၆။ အောက်ပါဥပဒေကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်-
(က) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
(ခ) ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ


အထက်ဖေါ်ပြပါပုဒ်မ ၇၆။(က)၊(ခ) ဖြင့်(၁၅-၁၀-၁၉၈၂)ရက်နေ့မှစ၍ ၁၉၄၈-ခုနှစ် မြန်မာနိုင်ငံသားရွေးချယ်ရေး /ဖြစ်မှု အက်ဥပဒေတွေကို ရုပ်သိမ်းထားပြီးဖြစ်ပါသည်။
=============================================
 

ရွှေမောင်(ခ)အဒူရော်ဇက်သည် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၅။ /၆။ /၇။ အရ
 နိုင်ငံသားအရည်အချင်း နှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရပါသည်၊

၁၉၄၈-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအားလည်း (၁၅-၁၀-၁၉၈၂)ရက်မှ
စ၍ ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ၊ ၇၆။ ဖြင့် ရုပ်သိမ်းထားပြီးဖြစ်ပါသည်။

ထို့ကြောင့် ရွှေမောင်(ခ)အဒူရော်ဇက် ကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (၁၂/ပဇတ(နိုင်) ၀၃၆၃၀၆) ကဒ်ပြားမှာမည့်သည့် ဥပဒေပုဒ်မဖြင့် ထုတ်ပေးထားပါသနည်း၊

မြန်မာနိုင်ငံသား တစ်ဦးမဟုတ်ဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမည်သို့ ဖြစ်ခဲ့ပါသနည်း၊
ဤအချက်များကို ကြည့်ခြင်းအားဖြင့် ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံသားများ
အတွက် အကာအကွယ် ပေးနိုင်မည့် ဥပဒေတစ်ခုဖြစ်သော်ငြားလည်း ဥပဓိရုပ် မပေါ်ဖြစ်နေသည်ကို
တွေ့မြင်ရပါသည်။
 

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဘ၀တူဝန်ထမ်းအချို့သည်လည်း တစ်ချိန်တစ်ခါက
အဖွဲ့အစည်းတစ်ခုခုမှသော်လည်းကောင်း၊ သြဇာအာဏာရှိသောလူပုဂ္ဂိုလ်တစ်ဦးဦးမှ ဖိအားပေး၍သော်လည်းကောင်း၊ မိမိဝမ်းရေးအတွက်သော်လည်းကောင်း
အမှားများရှိခဲ့ကြမည်ဖြစ်ပါသည်။

ယခုအချိန်မှာပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးနှင့် အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးကြလျှင် မိမိလုပ်ခဲ့သောအမှားများအား မိမိကိုယ်တိုင်ဖေါ်ထုတ်ပြသင့်နေပြီ ဖြစ်ပါသည်။

ရာထူးဌာနန္တရကို မငဲ့ကွက်ဘဲ အမှန်တရားကိုဖော်ပြရဲကြလျှင် အများပြည်သူများကလည်း

နားလည်ခွင့်လွတ်ကြလိမ့်မည်ဟုထင်ပါသည်။ မြန်းမာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဘ၀တူ
ဝန်ထမ်းအချို့သည်လည်း ဆက်လက်ပြီးအမှားများမပြုလုပ်ကြပါရန် မေတ္တာရပ်ခံရင်း တင်ပြအပ်ပါသည်။

တင်ပြသူ-
လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းဟောင်းတစ်ဦး
Coral Arakan News

May Tha Gyan 

No comments:

Post a Comment