Monday, December 30, 2013

ဖေ့စ်ဘွတ်ပေါ်က ကာတွန်းများ












 










မှတ်မှတ်သားသား သူတို့ စကား



မှတ်သားဖွယ် အဆိုအမိန့်များ

" သွေး အ တွက် သွေး ၊ အ သား အ တွက် ဓား "


"  သွေး အ တွက် သွေး 
    အ သား အ တွက် ဓား "
.
ခွင့်လွှတ်ပေးပါ ဧရာဝတီ
သမိုင်းတစ်ခုလုံးကိုထမ်းထားတဲ့
ခင်ဗျားကျေးဇူးတရားအတွက်
ကျူပ်ဟာ ကဗျာတစ်ပုဒ်မဖြစ်ခဲ့သူ

ခင်ဗျားရဲ့
ခမ်းနားတဲ့ကမ်းပါးတွေကို
မျက်ကန်းသူတွေဘယ်မြင်ပါ့မလဲ
ခင်ဗျားရဲ့အလှဟာ
ခုထိကမ္ဘာကငေးလို့

နေဝင်ချိန်ကိုမြင်ဖူးနေကျခင်ဗျားက
ကိုယ့်ဘဝနေဝင်ချိန်ကို
မကြောက်တတ်ခဲ့တာဆန်းလား
ကျူပ်တို့ရင်ထဲနစ်ဝင်နေတဲ့
ခင်ဗျားသွေးတွေအတွက်
ကျူပ်တို့ပြန်မဆပ်နိုင်သရွေ့
ကျူပ်တို့လူဖြစ်ရကျိုးမနပ်ချင်ဘူး

ဒါဟာအိပ်မက်ထဲ
ထအော်နေတာမဟုတ်
ပြည်သူတစ်ရပ်လုံးရဲ့
သွေးစစ်စစ်တွေလည်းပါတယ်
မိုက်မဲသူတွေခုတ်ထစ်မှုအောက်
တစ်စစီကောက်မရတဲ့
ခင်ဗျားအသွေးအသားအတွက်
ကျူပ်တို့မျက်စိမှိတ်ကြည့်နေရတယ်

ခင်ဗျားဝမ်းဗိုက်ထဲက
ကျူပ်တို့အသက်ရှူသံတွေဟာ
ခု မုန်တိုင်းထန်နေပြီ
တစ်ဘို့တည်းသမားတို့ရဲ့
အာဏာခွာအောက်မှာ
ကျူပ်တို့ဘဝတွေအဖျောက်ခံရတော့မယ်

တသွင်သွင်စီးမှုဟာရပ်
လယ်မြေအတိတွေဟာ
ပက်ကြားအက်ရတော့မယ်
ရေနည်းငါးတို့အတွက်
မိုးပိုခေါင်လာတော့မယ်

ပျက်သွားမယ့်သမိုင်းအတွက်
နောက်ထပ်သမိုင်းတစ်ရပ်မှာ
ကျူပ်တို့မငိုချင်ဘူး
ဧရာဝတီဆိုတဲ့အမည်နာမဟာ
ကျူပ်တို့တိုင်းပြည်ရဲ့တံခါးတစ်ချပ်
ဘယ်လိုမှပျက်လို့မဖြစ်ဘူး

ဘယ်သူသေသေ
ငတေမာပြီးရောဆိုသူတွေထဲ
ကျူပ်တို့ ချော်လဲလို့တောင်
ရောထိုင်မနေချင်ဘူး
ဒါဟာ ကျူပ်တို့လက်မောင်းထဲက
အရောင်မပြောင်းတဲ့  သွေး
ဘာနဲ့ဆေးဆေးမပြောင်နိုင်ဘူး

ခွင့်မလွှတ်ပါနဲ့
နှစ်ကာလတွေကြာကြာ
ပေးဆပ်နစ်နာပြီးပြီပဲ
ခင်ဗျားခွင့်မလွှတ်နဲ့တော့


ခင်ဗျားသွေးအတွက်
ကျူပ်တို့သွေးတွေရဲမယ်
ခင်ဗျားအသားအတွက်
ကျူပ်တို့မှာဓားတွေရှိတယ်
ခင်ဗျားသမိုင်းမရိုင်းခဲ့ကြောင်း
ကျူပ်တို့ကဗျာကောင်းကောင်းရေးခဲ့မယ်...
       လေသွေးညို
.
ခွင့်လွှတ်ပေးပါ ဧရာဝတီ
သမိုင်းတစ်ခုလုံးကိုထမ်းထားတဲ့
ခင်ဗျားကျေးဇူး တရားအတွက်
ကျူပ်ဟာ ကဗျာတစ်ပုဒ် မဖြစ်ခဲ့သူ ...

ခင်ဗျားရဲ့
ခမ်းနားတဲ့ကမ်းပါးတွေကို
မျက်ကန်းသူတွေဘ ယ်မြင်ပါ့မလဲ
ခင်ဗျားရဲ့အလှဟာ
ခုထိ ကမ္ဘာကငေးလို့....

နေဝင်ချိန်ကိုမြင်ဖူးနေကျခင်ဗျားက
ကိုယ့်ဘဝနေဝင်ချိန်ကို
မကြောက်တတ်ခဲ့တာ ဆန်းလား
ကျူပ်တို့ရင်ထဲ နစ်ဝင်နေတဲ့
ခင်ဗျားသွေးတွေအတွက်
ကျူပ်တို့ပြန် မဆပ်နိုင်သရွေ့
ကျူပ်တို့လူဖြစ်ရကျိုး မနပ်ချင်ဘူး....



ဒါဟာအိပ်မက်ထဲ
ထအော်နေတာမဟုတ်
ပြည်သူတစ်ရပ်လုံးရဲ့
သွေးစစ်စစ်တွေလည်း ပါတယ်
မိုက်မဲသူတွေ ခုတ်ထစ်မှုအောက်
တစ်စစီကောက်မရတဲ့
ခင်ဗျားအသွေး အသားအတွက်
ကျူပ်တို့မျက်စိမှိတ် ကြည့်နေရတယ်.....

ခင်ဗျား ဝမ်းဗိုက်ထဲက
ကျူပ်တို့ အသက်ရှူသံတွေဟာ
ခု မုန်တိုင်းထန်နေပြီ
တစ်ဘို့တည်း သမားတို့ရဲ့
အာဏာခွာအောက်မှာ
ကျူပ်တို့ဘဝတွေ အဖျောက်ခံရတော့မယ်........

တသွင်သွင်စီးမှုဟာရပ်
လယ်မြေအတိတွေဟာ
ပက်ကြားအက်ရတော့မယ်
ရေနည်းငါးတို့အတွက်
မိုးပိုခေါင်လာတော့မယ်.......

ပျက်သွားမယ့် သမိုင်းအတွက်
နောက်ထပ် သမိုင်းတစ်ရပ်မှာ
ကျူပ်တို့ မငိုချင်ဘူး
ဧရာဝတီဆိုတဲ့ အမည်နာမဟာ
ကျူပ်တို့တိုင်းပြည်ရဲ့ တံခါးတစ်ချပ်
ဘယ်လိုမှ ပျက်လို့မဖြစ်ဘူး........

ဘယ်သူသေသေ
ငတေမာပြီးရော ဆိုသူတွေထဲ
ကျူပ်တို့ ချော်လဲ လို့တောင်
ရောထိုင် မနေချင်ဘူး
ဒါဟာ ကျူပ်တို့ လက်မောင်းထဲက
အရောင်မပြောင်းတဲ့ သွေး
ဘာနဲ့ဆေးဆေး မပြောင်နိုင်ဘူး.....

ခွင့်မလွှတ်ပါနဲ့
နှစ်ကာလတွေကြာကြာ
ပေးဆပ်နစ်နာပြီးပြီပဲ
ခင်ဗျား ခွင့်မလွှတ်နဲ့တော့.....


ခင်ဗျားသွေးအတွက်
ကျူပ်တို့သွေးတွေရဲမယ်
ခင်ဗျား အသားအတွက်
ကျူပ်တို့မှာ ဓားတွေရှိတယ်
ခင်ဗျားသမိုင်း မရိုင်းခဲ့ကြောင်း
ကျူပ်တို့ ကဗျာကောင်းကောင်းရေးခဲ့မယ်...
 

အကောင်းဆုံးနဲ့ အဆိုးဆုံး

လီဗာပူးအသင်းဟာ ရာသီဝက်အပြီး ၃၆မှတ်နဲ့ နံပတ်၅နေရာတွင် ရှိနေခြင်းဟာ  နှစ်၂၀အတွင်းမှာ အကောင်းဆုံး ရလဒ်အဖြစ် ရှိခဲ့ပြီး... 

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ရာသီဝက်အပြီး ၃၄မှတ်နှင့် အဆင့်၆နေရာ ၊ ကာလင်းဖလား ဆီမီးဖိုင်နယ် ၊ ကွန်မြူနတီဖလား ၊  ချန်ပီယံလိဂ် အုပ်စုကျော်ဖြတ်နိုင်ခြင်းဟာ ယူနိုက်တက်အတွက် နှစ်၂၀အတွင်း အဆိုးဆုံး ရလဒ်အဖြစ် မှတ်တမ်းတင်ခံ ထားရပါတယ်.. 

အကောင်းဆုံးနဲ့ အဆိုးဆုံးက ဘယ်လိုကြီးပါလိမ့်နော် :O

အိုဝင်ပေါက်စ
 
လီဗာပူးအသင်းဟာ ရာသီဝက်အပြီး ၃၆မှတ်နဲ့ နံပတ်၅နေရာတွင် ရှိနေခြင်းဟာ 
 နှစ်၂၀အတွင်းမှာ အကောင်းဆုံး ရလဒ်အဖြစ် ရှိခဲ့ပြီး...

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ရာသီဝက်အပြီး ၃၄မှတ်နှင့် 
အဆင့် ၆နေရာ ၊ ကာလင်းဖလား ဆီမီးဖိုင်နယ် ၊ ကွန်မြူနတီဖလား ၊ ချန်ပီယံလိဂ် အုပ်စုကျော်ဖြတ်နိုင်ခြင်းဟာ ယူနိုက်တက်အတွက် နှစ်၂၀အတွင်း 
အဆိုးဆုံး ရလဒ်အဖြစ် မှတ်တမ်းတင်ခံ ထားရပါတယ်..

အကောင်းဆုံးနဲ့ အဆိုးဆုံးက ဘယ်လိုကြီးပါလိမ့်နော်

အိုဝင်ပေါက်စ 
 

မင်းနိုင်ငံအတွက် အချိန် ၁၀မိနစ် ရမလား..?

မင်းနိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?

ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…အချိန်မရှိရင်တော့ မင်းသဘောပဲ…
တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်…
တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး မင်းပြောတယ်…
စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး မင်းပြောတယ်….
ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့ မင်းပြောတယ်… 
မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး…
စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…
တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် 
ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့ မင်းပြောတယ်…
မင်းပြော… 
မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး…
မင်းကရော ဘာတစ်ခုလုပ်လဲ…?

* ( စည်သူအောင်မြင့် ) မြန်မာတိုင်းမ်ဂျာနယ်သို့ တုန့်ပြန်ချက် *

(၀ံသာနုအယ်ဒီတာ့အာဘော်)

မြောက်ဦးဒေသခံကော်မတီကနေ ရခိုင်ပြည်နယ်မှာအခြေစိုက်နေတဲ့ အန်ဂျီအိုတွေကို  တောင်းဆို
လိုက်တဲ့ ကြေငြာချက်တစ်ခုနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ဆောင်းပါးရှင် စည်သူအောင်မြင့်
ဆိုသူက ပြစ်တင်ဝေဖန်ထားတာကို ဖတ်ရှုလိုက်ရပါတယ်။

ဆောင်းပါးရဲ့ခေါင်းစဉ်ပေးထားပုံကစပြီး ဆောင်းပါးတစ်ခုလုံးရဲ့ အာဘော်ဟာ ပရိုဖက်ရှင်နယ် စာနယ်ဇင်း
သမားရဲ့ တင်ပြပုံအဆင့်အတန်းမှာရှိမနေပဲ ဖြစ်စဉ်တစ်ခုလုံးကို ဘက်မလိုက်ပဲ မျှမျှတတ သုံးသပ်ထားတာ
မျိုးလည်း မတွေ့ရပါဘူး။ အတွေ့အကြုံကို အခြေခံပြီးရေးရမယ့် အကြောင်းအရာကို ကြားဖူးနားဝ ဗဟု
သုတနဲ့ ကောက်ချက်ဆွဲပြီး ပွဲဆူစေမယ့် လူပြိန်းကြိုက် ခေါင်းစဉ်မျိုးနဲ့ တင်ဆက်ထားတဲ့ ဒီဆောင်းပါးဟာ
မြန်မာတိုင်းမ်လို နာမည်ကြီးမီဒီယာတစ်ခုရဲ့ ကော်လံစားကဏ္ဍမှာ ပါလာတာ တော်တော်လေးကို အံ့သြ
စရာကောင်းနေပါတယ်။

“ ရခိုင်တိုင်းရင်းသား တစ်ချို့ စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေကို အားကျနေသလား ”

လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုဟာ အခြား လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ် ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့ပါပဲ။ ဒါဟာ အလွန်ရိုးရှင်းတဲ့ ဥပဒေသပါ။ တစ်ချို့ကျတော့ လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ရပ်ကို မကြိုက်ပေမယ့်၊ လက်မခံပေမယ့်၊ ရွံရှာမုန်းတီးပေမယ့် အသိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ ဖြစ်စေ အဲဒီ လုပ်ရပ်တွေအတိုင်း ထပ်တူ လိုက်လုပ်မိတာတွေ ရှိတတ်ပါတယ်။ အဲလို ဖြစ်ခဲ့ရင်တော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ တာလီဘန် လို့ဆိုလိုက်ရင် အစ္စလာမ် အစွန်းရောက်တွေလို့ အားလုံးက နားလည်

ကြပါတယ်။ တစ်ကြိမ် တစ်ခါက အာဖဂန်နစ္စတန်မှာ တိုင်းပြည်အာဏာရဖူးပြီး ဒီနေ့အချိန်ထိ 
အာဖဂန်နဲ့ ပါကစ္စတန်နိုင်ငံ နယ်မြေ တစ်ချို့မှာ လှုပ်ရှားနေဆဲ ရှိပါတယ်။ သူတို့ဟာ ခေတ်သစ်မှာ အစွန်းရောက်တဲ့ ရှေးရိုး ရှားရီးယား ဥပဒေ ကို ပြန် အသက်သွင်းလိုသူတွေဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို တားဆီး ပိတ်ပင်လိုသူတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်သူတွေ ဖြစ်ကြပါတယ်။ ဒီနေ့အချိန်ထိ သူတို့တွေ ကျင့်သုံးနေဆဲ ဓလေ့တွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အပါအ၀င် မယား(၄) ယောက် ယူနိုင်တာ၊ မိန်းမကို
ဖေါက်ပြားတယ်လို့ထင်ရင် ဖမ်းဆီး၊ လူမြင်ကွင်းမှာ ဦးခေါင်းပေါ်ရုံလောက် မြေမြုပ် ပြီး ကျောက်ခဲ
တွေနဲ့ မသေမချင်း ပစ်ပေါက် အရေးယူတာမျိုး ဖြစ်ပါတယ်။

အချိန် မပုပ်စေနှင့်


ပညာပေးသောကမ္ဘာကျော်စကားလုံးများ

Viber ကနေ ကိုယ်မခေါ်စေချင်တဲ့ Viber Call များ ၊ Message များကို Block နည်း

Viber ကနေ ကိုယ်မသိတဲ့သူတွေ ၊ ကိုယ်ဖုန်းမခေါ်စေချင်တဲ့သူတွေက 
messages တွေ ph call တွေဝင်နေ ခေါ်လာနေလို့ စိတ်အနှောက်အယှက်ဖြစ်နေရင် 
 မလာအောင်လုပ်တဲ့နည်းလေးပါ။

- အရင်ဆုံး ရှိပြီးသား viber ထဲကနေ exit (from more option)နဲ့ ထွက်လိုက်ပါ။

- နောက် ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက်ထည့်တဲ့အခါ
   မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်လိုက်ပါ။
   e.g.09400000011 (နောက်ဆုံး 1 က အပိုတစ်လုံးပါ)

- Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။
  နောက်ဆုံး ဂဏန်းက အကျုံးမဝင်ပါဘူး။

- viber အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။

အဲ..viber code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေ ခေါ်စေချင်တဲ့သူကို 
ကိုယ်ကအရင် message ပို့လိုက်ပါ။

ဒါမှ မိမိ အပိုထဲ့ထားတဲ့ viber ph နံပါတ်ကို သူတို့ကသိမှာပါ။

ဒါဆိုရင်တော့ မိမိဆီကို မပို့စေချင်တဲ့ messagesတွေ မလာစေချင်တဲ့ ဖုန်း call တွေကို ကာကွယ်ပီးသား ဖြစ်ပြီး viber ကြောင့် စိတ်အနှောက်အရှက်ဖြစ်နေတဲ့
ရောင်းရင်းတို့လဲ အေးဆေးဖြစ်သွားပါလိမ့်ပါမည်။

Myanmar Mobile Apk Store

ကာတွန်း


=

မြစ်ဆုံကို စောင့်ကြည့် ၊ အမျိုးသားရေးကို သတိ

မင်းလည်း မြန်မာ
ငါလည်း မြန်မာ ....

နေသာသလိုတော့ မနေသင့်ဘူး
အသေတွေ ကြပ်ကုန်လိမ့်မယ် ............... ။

ငါတို့က
အမျိုးသားရေးစကား ဆိုနေရင်....

မင်းတို့က ဧရာဝတီ နဲ့ မြစ်ဆုံကို
စောင့်ကြည့် ပေးထားသင့်တာပေါ့ ........... ။

အဲသလိုမှ မဟုတ်ပဲ
လက်ညိုးထိုးတတ်တဲ့ အကျင့်သာ.....

မင်းဆုပ်ကိုင်ထားရင် မင်းဟာ
ကုဋ္ဌ (အနူ) ရောဂါသည်တစ်ယောက် ဖြစ်သွားမယ် .... ။

မင်းလည်း မြန်မာ
ငါလည်း မြန်မာပါပဲကွာ ......

ဒါပေမဲ့ ...သွေးမတူရင်တော့
ဘေးလူတွေ ဖြစ်ကုန်ကြမှာပဲ ..... ။

မင်းလည်း မြန်မာ
ငါလည်း မြန်မာ .....

ကဲ ငါတို့မြန်မာ ပီသလိုက်ကြရအောင်

ထက်နေခ

Sunday, December 29, 2013

အကယ်ဒမီဆုကို “ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဇာတ်ကားမှ ရရှိသွားကြောင်း

(ဇာတ်လမ်းအကျဉ်း)
 နိုင်ငံကျော်မမကြီး သေဖော် ညှိမှုကြောင့် နိုင်ငံကျော်ကြီးများ ဆတ်ဆတ် ခါကုန်သည်။ 
စိတ်မထိန်းနိုင်သူများက ခုံကို လက်သီးဖြင့် ဒုန်းခနဲထုကြသည်။ တချို့က နံရံကို ခေါင်းနှင့် 
ပြေးဆောင့်ကြသည်။ ခေါင်းအုံးလေးခံပြီး ဆောင့်တာမို့ သိပ်မနာ။ ဇာတ်လမ်းက ဒီက စသည်။ 

ဘာပဲဖြစ်ဖြစ် မမကြီး ဒီလိုလုပ်လိမ့် မည်ဟု သူတို့မထင်ထား။ အခုတော့ ဘူးပေါ်သလို ပေါ်ပြီ။
ဖွဘုတ်မှ မိုးဇေဆိုသူက ရဲမှတ်တမ်းများကို လက်ကမြင်း၍ ဖော်ထုတ်လိုက်၍ ဖြစ်သည်။ 
“Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” ဟုလည်း ကြွေးကြော်ထား၏။ တကယ်ပင် နိုင်ငံကျော်တို့ခေါင်း မီးတဟုန်းဟုန်း တောက်ရလေသည်။ မမကြီးဒေါပွ၏။
မိတ်ဆွေများကို မျက်နှာချိုသွေးရ၏။ “သေနာကျ... ဝက်မြေး၊ လဒ မယားပါသား၊ ဖေတစ်ရာ
မောင်တစ်ကျိပ်ကောင်” ဟုလည်း စိတ်ထဲမှ ကြုံးဝါး ၏။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာ၍ အဘထရှူဆေးဘူး ကိုသာ လက်မှာ ကိုင်ထားရ၏။

တကယ်တမ်းတော့ ရဲကိုကိုတို့ ခေါ်ယူစစ်ဆေးစဉ်က ဒီအခန်းထဲ ဘယ်သူမှ မရှိလောက်ပါဘူးလေ... ဟု ဖြေသိမ့်ကာ မမကြီး အတင်းတုပ်ခဲ့ခြင်း ဖြစ်သည်။ ရဲကိုကိုနှင့် ရဲမမတို့က ပန်းရောင်ဆေးပြား
လေးများ သုံးစွဲမှုဖြင့် မမကြီးကို ခေါ်ကြပ် ခြင်းဖြစ်သည်။ ဘယ်သူတွေ သုံးသေးလဲဟင် .. လို့လည်း မေးသည်။ မမကြီး စိတ်ထဲတွေ့တာ လျှောက်ပြောလိုက်၏။ ထိုမှတ်တမ်းများက ဘယ်ကောင် ကမြင်းသည်မသိ။ ဖွဘုတ်ပေါ် ရောက်လာသည်။ မြွေကိုက်ပြီ။ မမကြီး ငိုချင်သည်။ ရုပ်ရှင်ရိုက်ရာတွင် သုံးလေ့ရှိသော မျက်ရည်အတု ဘူးလေးကို မျက်စိထဲ ထည့်လိုက်သည်။ မျက်ရည်တစ်စက်က တောက်ခနဲ ကျသွား၏။ အကယ်ဒမီရှော့။ သေဖော်ညှိခံရသည့် နိုင်ငံကျော်ကြီး ကိုဗြင်းက “အနော် လူကြီးလူကောင်းပါ။ ဒါမျိုး ဘယ်လုပ်ပါ့မလဲညော်” ဟု ခပ်တည်တည် ပြော၏။ ပန်းရောင်ဆေးပြား ဆယ်ပြား ချေးသွားသည်ဟု အစွပ်စွဲ ခံရသည့် နိုင်ငံကျော်ကြီး ဒါရိုက်တာ လူမိုက်ရိုက်တီး ကမူ “ချေးပြီး ပြန်မဆပ်တဲ့ အကျင့်ကို ပြင်မှ” ဟု နောင်တ ကြီးစွာရလေ၏။ ဆေးငါးပြား ချေးသွား၍ ပြန်ဆပ်သည်ဟု ထုတ်ဖော်ခံရသူ မင်းသားကြီး ကိုဒေဝေါက “တော်ပါသေးရဲ့” ဟု သက်ပြင်း ချရှာ၏။ အတော်လေး ဟော့သည့် မင်းသမီး ပတ္တမြားဝလက်လည်း အတင်း တုပ်ခံရသည့် ဇာတ်လမ်းတွင် ပါဝင်သောကြောင့် ဆွေ့ဆွေ့ ခုန်ရှာသည်။ သို့သော်လည်း “ဒါ ကျွန်မ အောင်မြင်တာကို မနာလိုလို့ တိုက်ခိုက်တာပဲ” ဟု ဟန်ကိုယ့်ဖို့ ပြောရှာ၏။ ပရိသတ် တို့ကမူ “ဘာခုမှ ကြောက်ပါပြီလဲ” ဟု သြဘာ ပေးကြကုန်၏။ ရဲကိုကို တို့လည်း မျက်နှာ ပျက်ရလေသည်။ သေချာ သိမ်းဆည်းထားသည့် မှတ်တမ်းများ ဘယ်ပုံ ဘယ်နည်းကြောင့်
ပေါ်သွားရသနည်းဟု ခေါင်းချင်းဆိုင်ကုန်၏။ ရှက်ရမ်းရမ်း၍ ဖော်ထုတ်မည် တကဲကဲ ဖြစ်ကြကုန်၏။

တကယ်တန္တု သည်ကိစ္စ၏ လက်သည်တရားခံကား ပန်းရောင် ဆေးပြားများ ဖြစ်၏။ သို့ကလိုကြောင့် ပန်းရောင်ဆေးပြား တွေကို နောက်ဘယ်တော့မှ မပတ်သက်တော့ ဟု ဟိုးဟိုးကျော် တစ်သိုက်များ ဆုံးဖြတ်လိုက် ကြ၏။ အဖြူရောင်ဆေးပြား ပြောင်းသုံးရင် ကောင်းမလား ဟုလည်း မဝံ့မရဲ တွေးမိကြ
သည်။ သို့ပေသည့် ဒါက ပိုရှော့ခ်ရှိသည်။ ထို့ကြောင့် အသူရာ ရည်ကလေးသာ မှီဝဲနေရန် စဉ်းစား
မိကြသည်။ သို့သော် နိုင်ငံခြားဖြစ် မှောင်ခို အသူရာရည်များ မှာလည်း မဆလခေတ် ဂဠုန်စီမံချက် ကဲ့သို့ မီးဖိုချောင် စားအိုး၊ ဆန်အိုး၊ နနွင်းအိုး ပါမကျန် ပိုက်စိတ်တိုက် လှန်လှောရှာဖွေ စစ်ဆေးနေသော ကြောင့် သ/မ အရောင်းဆိုင် ကောင်တာ များကဲ့သို့ ပြောင်တလင်း ခါနေပြန်သည်။ ထို့ကြောင့် ဟိုနား သည်နား တီးတိုး သဖန်းပိုးကာ လက်တို့ ဝယ်နေရ၏။ သောက်နေတာ ကောင်းပါတယ်လေဟု နောင်တလေး ရကြ၏။ ဖွဘုတ်တွင် ဖွသူ အမည်မသိ ရှေးစာဆိုကြီးက ဒူးလေးတနန့်နန့်ဖြင့် သွားကြားလေး ထိုးကာ မြိန့်မြိန့်ကြီး ပြုံးလေသည်။ နောက်ထပ် ဖွစရာ လူတွေ အများကြီး ကျန်သေးတယ်ဟု ကြိမ်းဝါးသောကြောင့် အနုပညာ လောကတစ်ခုလုံး ကြက်သီးမွေးညင်း ထကုန်သည်။ မိမိက တစ်ဦးတည်း မဟုတ်ကြောင်း၊ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြင့် လှုပ်ရှားနေသူ ဖြစ်ကြောင်းလည်း ပြောပြန်သည်။


ထို့ကြောင့် အမည်မသိ ရှေးစာဆိုဟု အမည်ခံသော အနှီ သကောင့်သားကို မြေလှန်ရှာကြ ကုန်သည်။ ထပ်မဖွရန်လည်း တိတ်တိတ်လေး ဆက်သွယ်၍ နှုတ်ပိတ်ရန် ကြိုးပမ်းကြ ကုန်သည်။ ဇာတ်ပေါင်းသော် မိုးဇေကြီး ဆိုသူက ဘာကြောင့်မှန်းမသိ ကျိကျိတက် ချမ်းသာသွား လေသတည်း။ အကယ်ဒမီရှော့ပွဲကြီး သို့နှင့် အကယ်ဒမီ ရှော့ပေးပွဲကြီး စပြီ။ ဆီးဂိမ်းကြီး ပြီးသွားပြီး တစ်ပတ်လောက် ရောင်းအား ကျသွားသော ဂျာနယ်များ ရောင်းကောင်းပေ ဦးတော့မည်။ ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာလ ကတော့ ဂျာနယ်တွေ အတွက် တွက်ခြေကိုက်သည်ဟု ပြောရမည်။ လူစိတ်ဝင်စားသည့် သတင်းတွေက များသည်။

ဒီပွဲပြီးရင် မြစ်ဆုံလည်း ကျန်သေးသည်။ အကယ်ဒမီပွဲကို ဖိတ်စာ နှင့်တကွ ကြွရောက်ပါ ဆိုသော ဖိတ်စာကို ဖိတ်သူမရှိဘဲ ကိုယ်တိုင် သွားယူရတာလေး တစ်ခုပဲ ပြောစရာရှိသည်။ ဖိတ်ဖိတ် မဖိတ်ဖိတ် လောလောဆယ် ပေါက်ဈေးဖြင့် ဈေးကွက်ထဲတော့ ရောက်နေလေသည်။ ဖိတ်စာကို အနုပညာရှင်တွေ တိုးဝှေ့ပြီး သွားထုတ်ကြရသည်။ အကယ်ဒမီပွဲ ဗန်းကိုင်နေရာ အတွက်လည်း တိုးဝှေ့တန်းစီရသည်။ ဗန်းတကာ့ဗန်းထဲ ဒီဗန်းက ဈေးကြီးပုံရသည်။ အကယ်ဒမီက နတ်ကြီးသည်ဟု
 ပြောကြသည်။ နတ်ကြီးလျှင် ဂွကြီးကြီးနှင့် ကိုင်ရသည်ကို သိသည့်သူများ ကတော့ အဆင်ပြေလှသည်။ ဘယ်သူတွေ သရုပ်ဆောင်ဆု ရကြမလဲ အတိအကျ မပြောနိုင်သော်လည်း နောက်ခံတီးလုံးဆု ကတော့ ဆိုင်ဝိုင်းနဲ့ တီးတဲ့ ဇာတ်ကား ရမည်မှာတော့ သေချာသလောက်ပင်။ ပရိသတ်အများစု ကတော့ မင်းသမီးတွေ ဘာဝတ်မလဲ စိတ်ဝင်စားကြသည်။ အမျိုးသား သရုပ်ဆောင်တွေ ကတော့ တိုက်ပုံနဲ့ပုဆိုးပဲ ဆိုတော့ သိပ်စိတ်ဝင်စား ကြပုံမရ။ အဲ ... နှင်းဆီသခင်ကြီး ဘယ်လို ထွင်မလဲတော့ စိတ်ဝင်စားပုံရသည်။ နာမည်ကြီး ဒါရိုက်တာတစ်ဦး ကတော့ ရိုးရာဝတ်စုံကို အဆန်းမထွင်ဖို့ တိုက်တွန်းတာ တွေ့ရသည်။

အကယ်ဒမီသည် အနုပညာရှင် ဆဲလစ်ဗျစ်တီများ ရင်တခုန်ခုန် ရှိကြသကဲ့သို့ တစ်နိုင်ငံလုံး ပရိသတ်ကြီး မှာလည်း စိတ်ဝင်စားနေကြသည်။ ဈေးထဲမှာလည်း ဇာတ်ဆောင်ဆုကို အကြွေး ယူတတ်သည့် ကိုဒေဝေါ ရမည်ဟု ဆိုကြသည်။ ဇာတ်ပို့ဆု ကိုဗြင်း ဟုလည်း ဆိုကြပြန်သည်။ ဝေဖန်သူ အချို့က ကိုသဝေထိုးက
 နှုတ်ခမ်းလေးတွေ ရဲနေသည့်အတွက် အကယ်ဒမီ မဖြစ်နိုင်ဟု မှတ်ချက် ပေးကြသည်။ အမျိုးသမီး အများစုက ထို့သို့ပြောကြခြင်း ဖြစ်သည်။ အမျိုးသား အများစုက မစိုး၊ မစိုး ဖြစ်နေကြသည်။ အမြင်မတူသူ အချို့ကတော့ မဆိုးတို့ ညီအစ်မတွေပဲ ရမှာပါ ဖွဘုတ်ကြီးတွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ကြသည်။ အကယ်ဒမီရှော့ ဆုအတွက် ဇာတ်ကား တစ်ကားသည် အလွန့်အလွန်ကို နာမည်ကြီးနေသည်။
ဇာတ်ကား နာမည်က “ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဖြစ်သည်။ ထိုဇာတ်ကားတွင် ဆဲလစ်ဗျစ်တီ အနုပညာရှင် တော်တော်များများ သရုပ်ဆောင်ထား ကြသည်။ အဓိက အမျိုးသမီး သရုပ်ဆောင် မစိုးကြီး မဆိုးလေးတို့ ညီအစ်မ။ ဇာတ်ပို့ ပတ္တမြားဝလက်၊ ဖူးလေး။ အမျိုးသား အဓိက သရုပ်ဆောင်များသော အကြွေးယူတတ်သည့် ကိုဒေဝေါ၊ ဒိုင်လျှိုကိုဗြင်း တို့ဖြစ်ကြသည်။ ဇာတ်ပို့တွင် ကိုမော်တို့လို သရုပ်ဆောင်သည်။ ဇာတ်ညွန်းမှာ ဆိုက်ကားသမား၊ အရက်သမား၊ ဘီအီးသမား အများစုကြိုက်သည့် မိုးဇေ ဆိုသူဖြစ်သည်။ ဒါရိုက်တာမှာ လူမိုက်ရိုက်တီး ဖြစ်သည်။ နောက်ခံတေးသီချင်းကို အာအာတို့ ဖြိုးဖြိုးတို့က ရော့ခ်ဆိုသည်။ အကယ်ဒမီည ဖြစ်သည့်အတွက် မနက် ကတည်းကပင် တိုက်ပုံ
တကားကား ပြင်နေကြသည်။ ပြီးခဲ့သည့် တစ်လ ကတည်းကပင် ဖွဘုတ်မှာရော အပြင်မှာပါ အကယ်ဒမီကား အတွက်တော့ “ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဇာတ်ကားသာ တော့ပ် ဖြစ်
နေသည်။

ပန်းရောင်ဆေးပြား ကိစ္စဖြင့် ရွာရိုးကိုးပေါက် အမှုပွေ နေကြကုန်သော နိုင်ငံကျော် ကိုကိုကြီး၊
မမကြီးတို့က “ဒီဆုကို တို့ပဲရမှာပါအေ” ဟု သေချာပေါက် ပြောကြလေ၏။ အဘယ်ကြောင့် ဆိုသော်
ယခု လတ်တလော နာမည်အကြီးဆုံးမှာ ၄င်းတို့ပင် ဖြစ်လေသည်က တစ်ကြောင်း၊ မိမိတို့ကို ဆုမပေးလျှင် ရွေးချယ်ရေး အဖွဲ့ဝင်များလည်း ပန်းရောင်ဆေးပြား အမှုတွင် ပါဝင်သည်ဟု သတင်းလွှင့်မည် တကဲကဲ ကြိမ်းဝါး ထားသောကြောင့် လည်းကောင်း၊ ပန်းရောင် ဆေးပြားက
ရှာရဝယ်ရ ခက်ခဲလေရာ ဖောက်သည် မပျက်လိုသည်က တစ်ကြောင်း စသဖြင့် ခေါင်းမီး တောက်ရ
သောကြောင့် ပေတည်း။ အကယ်ဒမီရှော့ ပေးပွဲကြီးကို စိန်လက်ဆောင် ကဇတ်ရုံကြီးတွင် ကျင်းပရာ
လျှောက်လမ်းတစ်လျှောက် ကြော့မော့စွာ ဝတ်စားဆင်ယင်၍ ခပ်တည်တည် လမ်းလျှောက် ဝင်လာကြသော နိုင်ငံကျော်ကြီး များကို ရုပ်သံများမှ တစ်ဆင့် ပြည်သူအပေါင်း မြင်တွေ့ရကုန်သော် “အဲဒါ ဆေးရောင်းတဲ့ မမကြီးပေါ့”၊ “အဲဒါ သူမလုပ်ဖူးပါဘူးလို့ ငြင်းတဲ့ ဥက္ကဋ္ဌကြီးပေါ့”၊ “အဲဒါ အကြွေးမဆပ်လို့ ဖွခံရတဲ့ လူကြီးပေါ့” စသဖြင့် ပွက်လော ညံကြလေသည်။

စကိုင်းပျက် ဟူသည့် ရုပ်သံနှင့် အာပလာဖိုးတွမ်တီး ရုပ်သံတို့မှ အတင်းထောက် များက နိုင်ငံကျော်ကြီး များ၏ ရင်ခုန်သံကို အလွတ် ကျက်ထားသော စတိုင်လ်ဖြင့် အငန်းမရ မေးမြန်းကြရာ “ရင်ခုန်တာ ကတော့ တဒုန်းဒုန်းပေါ့ညော် ဆုရမယ် လို့တော့ အစက မမျှော်လင့်ပါဘူး။ ခုတော့ ကျိန်းသေပါပြီ” ဟူ၍
 ပြန်ဖြေကြ လေသည်။

ခဏကြာသော် ကြီးကျယ်ခမ်းနားသည့် အခမ်းအနားကြီးမှ အကယ်ဒမီရှော့ ဆုရုပ်တု ကြီးကို ရရှိသူများ စာရင်းကို ကြေညာလေသော်.....

- အကောင်းဆုံး ဇာတ်ကား အကယ်ဒမီရှော့ ဆုကို
“ဆဲလစ်ဗျစ်တီအားပေး မူးယစ်ဆေး” ဇာတ်ကားမှ လည်းကောင်း၊

- အကောင်းဆုံး အမျိုးသမီး အကယ်ဒမီရှော့ ဆုကို
 “ကျွန်မဖွမိ အပြစ်ရှိသည်” ဇာတ်ကားဖြင့် နိုင်ငံကျော် မမကြီး ဆိုးက လည်းကောင်း၊

 - အကောင်းဆုံး အမျိုးသား အကယ်ဒမီရှော့ ဆုကို
“ကျွန်တော်ပြောတာ ဘယ်သူမှ မယုံကြဘူးဗျာ” ဇာတ်ကားဖြင့် နိုင်ငံကျော် ကိုဗြင်းက လည်းကောင်း၊

- အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီရှော့ ဆုကို
“ချေးပြီးပြန်မဆပ်” ဇာတ်ကားဖြင့် နိုင်ငံကျော် လူမိုက်ရိုက်တီးက လည်းကောင်း၊

- အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ကို
 “အချိန်မီ အကြွေးဆပ်ခဲ့သည်” ဇာတ်ကားဖြင့် နိုင်ငံကျော်မင်းသား ကိုဒေဝေါ က လည်းကောင်း၊

- အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ကို
 “မနာလိုသူတွေ ပြောကြပါစေ” ဇာတ်ကားဖြင့် မင်းသမီး ပတ္တမြားဝလက်က လည်းကောင်း
အသီးသီး ရရှိသွားကြောင်း ပြည်သူအပေါင်း ကြားသိရလေ သတည်း။

ဆုတစ်ခု ကျန်သေးသည်။ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင် ကြေညာပေးမည် ဖြစ်သည်။
ဝန်ကြီး ပန်းရောင် ချိတ်ပုဆိုးလေးဖြင့် စင်ပေါ် ကော့ပက်ကော့ပက် တက်လာသည်။ စာအိတ်ကို ဖွင့်သည်။ ချောင်းတစ်ချက် ဆိုးသည်။ အီးတစ်ချက်ပေါက်သည်။ ပြီးမှ ပရိသတ်အားလုံးကို ဝေ့ခနဲ ကြည့်ပြီး ကြေညာလိုက်သည်။

“ယခုနှစ် အတွက် အကောင်းဆုံး ဇာတ်ညွှန်း အကယ်ဒမီရှော့ ဆုကြီးကို ဖွဘုတ်မှာ Enter တစ်ချက်ခေါက်လျှင် ခေါင်းမီးဟုန်းဟုန်း တောက်စေရမည် ဇာတ်ကားကြီးဖြင့် မိုးဇေကြီးက ရရှိသွား ပါကြောင်း” ဟုဖြစ်သည်။ မိုးဇေကြီး ဟူသည့် အမည်ကို ကြားလိုက်ရသော အကယ်ဒမီ ရရှိကုန်သော
 နိုင်ငံကျော်မမကြီး ငေါက်ခနဲ သတိလစ်သွား၍ မနည်းပင် နှာနှပ်ယူရလေ တော့သတည်း။

(ပြည်သူ့သံချောင်း၊ လော်ဘီအုတ်ခဲ၊ မင်းထက်စံ၊ မျိုးကျော်)
Ref:The Voice Weekly

MyanmarDaily.net

FB ကာတွန်း


=
 

"လေညာရပ်ကအချစ်" မဟုတ်တဲ့ "သေနာကျရဲ့အချစ်" ပါ

(စိုင်းထီးဆိုင်ရဲ့ "လေညာအရပ်က အချစ်" သံစဉ်ဖြင့် သီဆိုရန် )


မြစ်ဆုံလိုလို လက်ပတောင်းလိုလို နေရာနှစ်ခုတည်းမဟုတ်ပါ
ဝလို့က အီမြဲလန်း အချိန်မီရွီး ဆွဲစားနေတဲ့နေရာ
ဟိုး....တောင်ပေါ် ကျောက်စိမ်းလည်းပါရဲ့
ဟိုး...တောင်ခြေ လယ်တွေလည်းပါရဲ့
ဟိုး...အင်းအိုင် ဓာတ်ငွေ့ တောတောင် ပျိုမဒီများမကျန်အောင်
ရသမျှဆွဲပြီ ဆွဲသမျှရပြီ
ခွေး ဖွတ် ကြီးရဲ့ ငယ်ကြောက်ကွာ

(သေနာကျရဲ့အချစ်)၂ (သေနာကျရဲ့အချစ်)၂
သိမ်းနေခဲ့ သိမ်းနေဆဲ နောင်များလည်း သိမ်းနေဦးမှာပဲ
(သေနာကျရဲ့အချစ်)၂ (သေနာကျရဲ့အချစ်)၂
မင်းအဆင်သင့် အထုပ်ပြင်နှင့် ရွာထဲအရောက် တို့ဝင်သိမ်းမှာပဲ

တုံ့ပြန်မှာကို မတုံ့ပြန်မှာကို ပူပင်နေရိုးမရှိပါ ခွေးဦးပိုင်က
ဘောလျက်ပါပဲ မင်းသိစေဖို့ရာ ကိုယ့်အမည်ဟာ ကြံ့ဖွတ်ရဲ့အဖေပဲ
ကိုယ့်လက်မှာ ဘုန်းကြီးအသက်ပါတယ် ကိုယ့်အပြင်မှာ မွှေမယ် နှောက်မယ်
လေမုန်တိုင်းထန်မယ် တွေ့သမျှသိမ်းမယ် ရသမျှ မ မယ်
အရှေ့မြောက်ရဲ့ နယ်ပယ်ကလာ

(သေနာကျရဲ့အချစ်)၂ (သေနာကျရဲ့အချစ်)၂
သိမ်းနေခဲ့ သိမ်းနေဆဲ နောင်များလည်း သိမ်းနေဦးမှာပဲ
(သေနာကျရဲ့အချစ်)၂ (သေနာကျရဲ့အချစ်)၂
မင်းအဆင်သင့် အထုပ်ပြင်နှင့် ရွာထဲအရောက် တို့ဝင်သိမ်းမှာပဲ

သစ္စာ(5 စီစီရှင်) ခံစားလက်ကမြင်းသည်။ 

 http://youtu.be/WP9W2XUakVg

Ref: MyanmarNewsUpdates

လူဆိုတာ

လူဆိုတာ ဆိုတဲ့ ခေါင်းစဉ်အောက်က စာသားတွေဟာ လူပေါင်းများစွာရှိတဲ့ အထဲက
တချို့သော လူတွေရဲ့စိတ်ဓါတ်တွေကို ထင်ဟပ်ပြစေလိုခြင်းဖြစ်ပါတယ် ။

၁။ ကိုယ့်အလို ပြည့်တဲ့အခါ တမျိုး ( မိတ်ဆွေလို့ သတ်မှတ်ပြီး )
    ကိုယ့်အလို မပြည့်တဲ့အခါ တမျိုး ( ရန်သူလို့ သတ်မှတ်လေ့)ရှိတယ် ။

၂။ ကိုယ်အဆင်ပြေနေရင်ပြီးရော တပါးသူ အဆင်ပြေလား မပြေဘူးလား
    စဉ်းစားပေးတတ်ကြတာ နည်းတယ် ။

၃။ ကိုယ့်ကို အကူအညီပေးတတ်သူကို မိတ်ဆွေကောင်းလို့ သတ်မှတ်ပြီး
    ကိုယ်အကူအညီ လိုတဲ့အခါ မပေးခဲ့ရင် မိတ်ဆွေ မစစ်ဘူးလို့ သတ်မှတ်လေ့ရှိတယ်။

၎။ ကိုယ့်ကိုယ်ကိုသာ ပိုချစ်တတ်တဲ့ သတ္တ၀ါတွေမို့ ဘယ်သူသေသေ ငတေမာရင်ပြီးရော
    စိတ်ဓာတ်ရှိကြသူတွေလည်း ရှိတယ်။

၅။ ချစ်တုန်းကတော့ အပြုံးပန်းတွေ တပွင့်ပွင့်နဲ့ မုန်းကြပြီဆိုရင် မျက်စောင်းတွေ
    တ၀င့်ဝင့် ဖြစ်နေတတ်ကြတယ်။

၆။ ကိုယ်သာချစ်နေရင် ဘာပဲလုပ်လုပ် မျက်စိထဲ ချစ်စဖွယ်တွေ ဖြစ်နေတတ်ပြီး
    ကိုယ်သာမုန်းနေရင် ဘာပဲလုပ်လုပ် မျက်စိထဲ ဆူးညှောင့်သဖွယ်ဖြစ်နေတတ်တယ်။

၇။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာကို ကိုယ့်အတွက် အကျိုးရှိခြင်း မရှိခြင်း
    ကိုယ်လိုအပ်တဲ့အခါ ရှိခြင်း မရှိခြင်းနဲ့လည်း ဆုံးဖြတ်တတ်ကြတယ်။

၈။ အမှန်တရားကို မျက်ကွယ်ပြုပြီး အတုအယောင်တွေကြားမှာပဲ ပျော်မွေ့တတ်ကြတယ်။

၉။ တချို့လူတွေက ကိုယ့်မိတ်ဆွေရဲ့စိတ်ဓာတ်ကို ကိုယ့်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့
    အမြင်ပေါ်မူတည်ပြီး ပေါင်းသင့်လား မပေါင်းသင့်လားဆုံးဖြတ်တယ် (တကယ်တော့
    သိပ်အတ္တကြီးလွန်းပြီး ကိုယ့်ကိုယ်ကိုသာ ချစ်မြတ်နိုးတတ်သူတွေရဲ့လုပ်ရပ်ဖြစ်တယ်)။

၁၀။ အကျိုးလိုလို့ ညောင်ရေသွန်းတတ်ကြတယ်။ လိုချင်တာရှိရင် ဖော်လံဖားတတ်ကြတယ်။
     မရခဲ့ရင် အတင်းပြောတတ်ကြတယ်။ အညှိုးထားလေ့ရှိတယ်။ မိတ်ဆွေမစစ်ဘူးလို့
     ပြောလေ့ရှိတယ် ။

..သက်တန့်ချို....
 

'''မနေနိင်လို့………ထ ရေးတဲ့ကဗျာ ……နေနိင်သူတွေ မဖတ်နဲ့……'''

တနေ့တနေ့
မီးလောင်ဗုံးနဲ့
အဓိကရုဏ်းနဲ့

တနေ့တနေ့
သပိတ်စခန်း နဲ့
ဒုက္ခသည် စခန်း နဲ့

တနေ့တနေ့
ပုဒ်မ (၁၄၄) နဲ့
ပုဒ်မ ( ၁၈) နဲ့

နေ့ မ အိပ် ရ
ည မ အိပ် ရ
အ ထိတ် တ လန့်……တိုင်းပြည်

" ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်းစကားများ "

၂ဝ၁၃ မကြာမီ ကုန်ဆုံးတော့မည်။ ၂ဝ၁၃ အတွင်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ထင်ရှားမှတ်သားစကားများကို လေထဲပျောက်ပျက်မသွားစေရန် စုစည်း တင်ဆက်လိုက်ပါသည်။

**************************************

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

”ကျွန်မ သမ္မတမဖြစ်ချင်ဘူးလို့ ဟန်ဆောင်လိုက်ရင် ကျွန်မ မရိုးသားရာ ကျမှာပေါ့။ အဲဒီအစား ကျွန်မ ပြည်သူတွေ အပေါ် ရိုးရိုးသားသား ပြောပါတယ်” ဟု နေပြည်တော် တွင် ဇန်နဝါရီ ၃ဝ ရက်က ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ စကားဝိုင်း၌ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ၂ဝ၁၅ ခုနှစ် သမ္မတ ရာထူးနှင့်ပတ်သက်၍ ပြောသည်။

**************************************

Friday, December 27, 2013

“မ သာ ပွဲ စား မ လာ ရ”

အိမ်ပွဲစား၊ ခြံပွဲစား၊ တိုက်ပွဲစား၊ ကားပွဲစား၊ ကျောက်ပွဲစား၊ စိန်ပွဲစား၊ ရွှေပွဲစား စသဖြင့် ပွဲစားများသည် ယခင်ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းလာသော လူ့အဖွဲ့အစည်းအတွင်းရှိ ပွဲစားများဖြစ်သလို ယခု ခေတ် ကာလတွင် လက်နက်ပွဲစား၊ လူပွဲစား၊ ငြိမ်းချမ်းရေးပွဲစား ဟူ၍ ပေါ်ပေါက်လာပြန်သည်။ အမှန်စင်စစ် ပွဲစား ဟူသည် အကျိုးဆောင်ပေးသော လုပ်ငန်းတစ်ရပ်ဟု အဓိပ္ပါယ်ခေါ်ဆိုနိုင်သည်။ လူ့လောကတို့တွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဟူ၍ တိုင်းနိုင်ငံ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များလည်း စည်းမျဉ်းစည်းကမ်း ဥပဒေသများရှိခဲ့သလို ပွဲစားလောကတွင်လည်း ပွဲစားများစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများရှိခဲ့ ကြောင်းသိရှိခဲ့ရသည်။ ယင်းတို့သည် ရောင်းသူနှင့်ဝယ်သူတို့ အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ရာ တွင် ရောင်းသူ၏ ကုန်ပစ္စည်းများအားလည်း ကြားမှနေ၍ အမြတ်တင်ရောင်းချခြင်း မပြုလုပ်ရ ပွဲစားတို့ သည် ထိုက်သင့်သော အခကြေးငွေကိုသာ ယူဆောင်ခွင့်ရှိသည်။ မတရားလောဘစိတ်ဖြင့် မိမိ၏ ဆောင် ရွက်ခွင့် အဖိုးအခကိုမြှင့်တင်၍ မယူဆောင်ရ။ လူတစ်ဦးနှင့်တစ်ဦး လုပ်ဆောင်သော လုပ်ဆောင်မှုများအား အဆင် ပြေစေရန် မိမိမှ လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။


ထို့ကြောင့် ပွဲစားလောကတွင်လည်း မဇ္ဈိမပဋိပဋာစိတ်မွေးဖွားပြီး လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက် ပါက ကုသိုလ် ကြံဖန်၍ရမည့် ပရဟိတလုပ်ငန်းတစ်ရပ်အဖြစ်လည်း ခံယူနိုင်မည်ဖြစ်သည်။ သို့တည်းမ ဟုတ် မိမိ၏ အတ္တ စိတ်များလွှမ်းခြုံကာ ရောင်းသူနှင့်ဝယ်သူကြား မတရားအမြတ်ထုတ်လိုသော လောဘ စိတ်ဖြင့် ဆောင်ရွက်မည် ဆိုပါက မိမိ၏ ဂုဏ်သိက္ခာ၊ မိမိ၏သမိုင်း၊ မိမိ၏ မှတ်ကျောက်တို့ ပြိုပျက်ကာ သံသရာဝဋ်ဆင်းရဲ ဘဝမှလွတ်ကင်းမည် မဟုတ်သလို အပယ်ဘုံမှလည်း ကျွတ်ဖို့လမ်း ရှိမည်မဟုတ်ချေ။

အမှန်စင်စစ် ပွဲစား ဟူ၍ ပေါ်ပေါက်လာရခြင်းမှာ ရောင်းသူ/ဝယ်သူတို့၏ အချိန်မအားလပ်မှု ကြောင့်၊ လုပ်ငန်းသဘောတရား မကျွမ်းကျင်မှုတို့ကြောင့် ပေါ်ပေါက်လာသော လူအဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ပွဲစားဟူသည် အတ္တများကိုဖြုတ်၍ မှန်မှန်ကန်ကန် မဇ္ဈိမပဋိပဋာလမ်းစဉ်အား ကျင့်သုံးလိုက် နာပြီး မိမိအား ရောင်းသူဝယ်သူတို့မှ သဒ္ဒါကြေး၊ မေတ္တာကြေးကိုသာ လက်ခံရယူလျှင် ပရဟိတ ပွဲစားဟူ ၍ပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။

သို့သော် ယခုခေတ်ကာလ အတိုင်းအတာအရ စီးပွားရေး ကပ်ဘေးအမျိုးမျိုး၊ လူမှုရေး ကပ်ဘေး အမျိုးမျိုး၊ ငြိမ်းချမ်းရေး ကပ်ဘေးအမျိုးမျိုး၊ သဘာဝဘေး ကပ်ဘေးအမျိုးမျိုး ကြုံတွေ့နေရသောကြောင့် ပွဲစားတည်း ဟူသော လောကတွင်လည်း လောဘ၊ ဒေါသ၊ မောဟများ လွှမ်းခြုံခံရမှုတည်းဟူသော အဓမ္မဝါဒီများ ဆုပ် ကိုင်ထားသော အတ္တသမားများ ပေါ်ပေါက်လာခဲ့ရပါသည်။ သို့ရာတွင် အကျိုးဆောင် ပေးမှုတည်းဟူသော စကားလုံး၏ တန်ဖိုးအား တန်ဖိုးမြှင့်တင်ရန်၊ တန်ဖိုးရှိရန်၊ နတ်လူအပေါင်း သာဓုခေါ် ဆိုနိုင်ရန်အတွက်မှု မိမိတို့ အကျိုးဆောင်ပေးမှု လုပ်ငန်းသည် လူသားတို့အတွက်၊ ကမ္ဘာ့ပြည်သူတို့ အတွက်၊ မြန်မာ ပြည်သူ
 
ပြည်သားများအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသော သာဓုခေါ်ဆိုနိုင်သော လုပ်ငန်းရပ်ဖြစ်ဖို့ အရေးကြီး သည်။

လောဘ၊ ဒေါသ၊ မောဟများကြောင့်၊ လူပွဲစား၊ လက်နက်ပွဲစား၊ ငြိမ်းချမ်းရေးပွဲစားများ ပေါ်ပေါက်လာ ခဲ့သည့်အပြင် ကျွန်တော် တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့သော၊ မထင်မှတ်ခဲ့သော၊ ပွဲစားလုပ်ငန်း တစ်ရပ် ပေါ်ပေါက်လာပြန်တော့သည်။ ယင်းပွဲစားသည်ကား “မသာပွဲစား … အသုဘပွဲစား … လူသေ ပွဲစား … နာရေးပွဲစား” ဟူ၍ပင် ဖြစ်တော့သည်။ လူသားတစ်ယောက် ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ကမ္ဘာ မြေပြင်မှ ထွက်ခွာသွားချိန်တွင် ဝမ်းနည်းပူဆွေးသောကများဖြင့် အပူမီးများ လွှမ်းခြုံခံနေရသော လူ တို့ထံမှ လူသားချင်းစာနာစိတ်မွေးဖွား၍ ကူညီဖေးမကာ အပူမီးများ ငြိမ်းအေးပေးရမည့်အစား ထိုအပူ သည်၊ ဒုက္ခ သည်တို့ထံမှ မညှာမတာ လူသားချင်းစာနာစိတ် မထားဘဲ လူစိတ်ပျောက်ကာ မိမိရလိုမှု တည်းဟူသော လောဘစိတ်တို့ဖြင့် အမြတ်ထုတ်ကြသည့် လောဘသားများ၊ အတ္တသမားများ၊ အဓမ္မဝါဒီ သမားများ၊ လူစိတ်ပျောက်နေသည့် သူတို့ပင် ဖြစ်တော့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူတစ်ယောက် သေဆုံးသွားသည့်အခါ နာရေးရှင် မိသားစုတို့ဘက်မှ သက်ဆိုင်ရာဆရာဝန်၏ အမှန်တကယ်သေဆုံးကြောင်း ထောက်ခံစာ၊ ထို ရပ်ကွက် မှာ နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ၊ မြို့နယ်ဒေသန္တရဆေးခန်း၏ ထောက်ခံစာ (သေဆုံးကြောင်း အမှတ်စဉ်နံပါတ်ပါရှိသည်။) စသည့် အထောက်အထားများပြည့်စုံလျှင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၇ဝ၉၂၇၇၊ ၇ဝ၄၇၈၄၊ ဝ၉ ၃၁ဝ ၄၃၉၁၅၊ ၅၈၁ ၉၂၄ များအား ဆက်သွယ်လျှင် အသင်းရုံးချုပ်ရှိရာမှ နိဗ္ဗာန်မော်တော်ကားမောင်းသူ၊ ယာဉ်နောက်လိုက်တို့နှင့်အတူ အသင်းသူ/သားတစ်ဦး အနည်းဆုံးလိုက်ပါကာ သေဆုံးသူ၏ နေအိမ် (သို့) ဆေးရုံရှိရာသို့ အမြန်ဆုံးလာ ရောက်ကာ ကွယ်လွန် သူ၏ ရုပ်ခန္ဓာအား နိဗ္ဗာန်ယာဉ်မော်တော်ကားဖြင့် သက်ဆိုင်ရာသုဿန်များသို့ ပို့ဆောင်ပေးပြီး ကျန်ရစ်သူ မိသားစု၏ ဆန္ဒအရ တိုက်ရိုက်မီးသင်္ဂြိုဟ်ပေးခြင်း (သို့) အအေးခန်းထားပေး ခြင်းတို့ကို (အခမဲ့) ဝန်ဆောင်ပေးမှုတို့အား လုပ်ဆောင်ပေးလျှက်ရှိသည်။ အအေးခန်းထားရှိပါက (၃) ရက်စာ အအေးခန်းထားခ ကုန်ကျငွေအား ရန်ကုန်မြို့စည်ပင်သာယာအဖွဲ့သို့ ကျွန်တော်တို့အသင်းမှ ကာယကံရှင် မိသားစုများကိုယ်စား နာရေးအကူငွေအဖြစ် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခဲ့ကာ မီးသင်္ဂြိုဟ်ခ ကုန်ကျစရိတ် အားလည်း အကူငွေအဖြစ် ပေးဆောင်ကုသိုလ်ယူလျှက်ရှိသည်။ အအေးခန်းထားပြီးသင်္ဂြိုဟ် မည့် နေ့ရက် တွင်ခန်းမငှားခြင်း၊ ဂူသွင်းခြင်းတို့ကိုမူ နာရေးရှင်များမှ ပေးဆောင်စေခဲ့သည်။ ကျွန်တော်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းအဖွဲ့အနေဖြင့် အများပြည်သူတို့မှ စေတနာထက်သန်စွာဖြင့် လှူဒါန်းထားသော အလှူငွေတို့အား အပူမီးများ လွှမ်းခြုံခံနေရသော အများပြည်သူအပေါင်းတို့အား ကူညီ ဖေးမ အားပေးမှု များ
ကို စိတ်စေတနာသန့်စွာဖြင့် အနစ်နာခံကာ လူသားချင်းစာနာစိတ်များ မွေးဖွားကာ ဆောင် ရွက်ပေးနေ
သော ပရဟိတစစ်စစ် အသင်းအဖွဲ့ တစ်ခုဖြစ်ပါသည်။

ဤတွင် လူတစ်ယောက် သေဆုံးသွားပါလျှင် ထိုသေဆုံးသွားသော လူ၏မိသားစုများ မိတ်ဆွေ အပေါင်း အသင်းများမှ နာရေးအတွေ့အကြုံမရှိခဲ့ပါလျှင် အထက်တွင် ကျွန်တော်ဖော်ပြထားသော “မသာ ပွဲစား … အသုဘပွဲစား … လူသေပွဲစား … နာရေးပွဲစား” များတို့သည် လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် အမြတ် ထုတ်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့တော့သည်။ ကာယကံရှင်မိသားစုများထံသို့ ဝင်ရောက်ကာ အားပေးနှစ်သိမ့်သည့် ပုံစံမျိုးဖြင့်ဝင်ခဲ့ပြီး မိမိမှာ နာရေးကိစ္စရပ်များအား အတွေ့အကြုံ များစွာရှိပါကြောင်း။ ထို့ကြောင့် မိမိမှ ဤနာရေးကိစ္စရပ်အား အစအဆုံး ကူညီပေးပါမည်ဖြစ်ကြောင်း၊ နိဗ္ဗာန်ယာဉ်ခေါ်ဆိုခ၊ မီးသင်္ဂြိုဟ်ခ၊ အအေးခန်းထားခ၊ ပန်းအလှပြင်ခ၊ ဆီမီးအမွှေးတိုင်ထွန်းခ၊ ကန်တော့ပွဲ တင်ခ၊ ဘုန်းကြီးပင့်ခ၊ သံဃာတော်များအား ဝတ္ထုငွေလှူခ၊ အလောင်းအား ရေချိုးအလှပြင်ခ၊ အုန်းသီးခွဲ၍ သင်္ဂြိုဟ်ပေးခ၊ စည်ပင်ဝန်ထမ်းများအား စေတနာကြေးငွေပေးခ၊ သင်္ဂြိုဟ်မည့် အခမ်းအနားအား ကြီးကျယ် ခမ်းနားစွာဖြင့် ကျင်းပနိုင်ရန် ခန်းမအတွင်း ကော်ဇောခင်းခ၊ ထိုင်ခုံခင်းခ ဟူ၍ ကာယကံရှင်မိသားစုတို့ ရိုးသားလျှင် ရိုးသားအလျှောက်၊ ‘အ’ လျှင် ‘အ’ သလောက်လုပ်ကြံ၊ လိမ်လည်၊ လှည့်ဖျား၊ သွေးဆောင် ကာ အခကြေးငွေတို့အား ကိုယ်ချင်းစာနာစိတ်မဲ့ကာ မတရားကြေးဟူ၍ အကုသိုလ်ယူခြင်းပင် ဖြစ်တော့သည်။

ထို့ကြောင့်ကြမ်းတမ်းသော လူမှုဘဝများအား ရင်ဆိုင်ကြုံတွေ့နေရသော၊ လောကဓံတရား လှိုင်းတံ ပိုးများကြား လူးလိမ့်ခံစားနေရသော အပူသည် မိဘပြည်သူများအနေဖြင့် ဟန်ဆောင်မှု၊ လှည့်ဖြား မှု၊ ဖြား ယောင်းမှု၊ သွေးဆောင်မှုများဖြင့် ယုတ်ညံ့သော စိတ်ဓာတ်တို့ဖြင့် မတရားသောနည်းလမ်းဖြင့် ရှာဖွေစား သောက်နေကြသော ထိုထိုသော မသာပွဲစား၊ နာရေးပွဲစား၊ လူသေပွဲစားများအား မိမိတို့ ခံစားနေရသော အပူမီးများ လောင်ကျွမ်းခံရမှု ကြုံတွေ့နေရသော အချိန်ကာလအတွင်း သတိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကြဖို့ အရေးကြီးလှပေသည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း စည်ပင် သာယာအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာကာ အပူသည်နာရေးရှင်တို့အား လုပ်အားပေး လူမှုရေးသမားမောင်မယ်များမှ အသင်း၏ ပေးဆပ်မှုများ၊ တာဝန်ယူမှုများအား သိရှိစေရန် ရှင်းလင်း ပြောကြားခြင်းနှင့် အသင်းမှ ဆောင်ရွက်ပေးမှုများအား ငွေကြေးတစုံတရာပေးဆောင်ရခြင်း မရှိပါကြောင်း ကာယကံရှင်တို့အား လက်မှတ်ရေးထိုးစေမှုများအား သက်သေ အထောက်အထားဖြင့် ကူညီဖေးမမှုများကို လုပ်ဆောင်ပေးလျှက်ရှိသည်။ သို့ရာတွင် အချို့သော နာရေးပွဲစားများသည် သူတို့ အိတ်ထဲသို့ ထည့်သွင်း လိုက်သော ငွေကြေးတစုံတရာအား ကျွန်တော်တို့အသင်းအား ပေးဆောင်ရသည် ဟူ၍ ထင်ယောင်ထင်မှား ဖြစ်စေရန်၎င်း၊ ကျွန်တော်တို့အသင်းမှ သဘာဝပတ်ဝန်းကျင်သစ်တော ထိန်း သိမ်းမှုအတွက်၎င်း၊ ငွေကြေးချွေတာမှုကြောင့်၎င်း ကွယ်လွန်သူအား အလူမီနီယမ်အခေါင်းဖုံးဖြင့် တစ်နည်း မှန်ခေါင်းဖြင့် ပြင်ဆင်ပေးပြီးသည့်နောက် မီးသင်္ဂြိုဟ်စက်တွင်းသို့ သေဆုံးသွားသူတို့၏ ရုပ် အလောင်းအား ထည့်သွင်းပြီး သည့်နောက် သင်္ဂြိုဟ်စက်အတွင်းတွင် သစ်သားကဒ်ဖြင့် ရုပ်အလောင်းအား မီးသင်္ဂြိုလ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ကျန်ရစ်သူ ကာယကံရှင် မိသားစုတို့အား “ခင်ဗျားတို့ရဲ့ အဖိုး၊ ဦးလေး၊ အဒေါ် တို့ရဲ့ နောက်ဆုံးသင်္ဂြိုဟ်ပေးမှုကို ပက်လက်ကြီး သင်္ဂြိုဟ်မှာလား” ဟူ၍၄င်း၊ “အခေါင်းလေးနဲ့ ဆိုရင်ပိုပြီး တင့်တယ်ပါတယ်ဗျာ” ဟူ၍ တစ်နည်း သစ်သားခေါင်းဝယ်ရန် သွေးဆောင်ဖြား
ယောင်း လှည့်စားမှုများ ပြုလုပ်ကာ အခေါင်းရောင်းဆိုင်မှ ကော်မရှင်ရယူခြင်း ကာယကံရှင်တို့မှ အခေါင်း ဖိုးအား အဆမတန် ဈေးမြှင့် တောင်းဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။ ထို့အပြင် အဆိုးဝါးဆုံးသော လုပ်ရပ်တစ်ခုမှာ လူမှုရေးလုပ်ငန်း လုပ်ဆောင်မှုအားအသုံးချကာ ထိုထိုသော နာရေးပွဲစားများ၊ မသာပွဲစား များဖြင့်ပူးပေါင်း၍ သင်္ဂြိုဟ်ပေးရမှု အလောင်းဦးရေ စံချိန်ချိုးရမှုများကို လုပ်ဆောင် ကြသော အသင်းများ လည်းရှိပါသည်။

ထိုကဲ့သို့သော အသင်းအဖွဲ့များနှင့် ပါတ်သက်မိသော နာရေးကာယကံရှင် များအနေဖြင့်(အခမဲ့) သင်္ဂြိုဟ် ပေးခွင့်ရခဲ့သော်ငြားလည်း တကယ်တမ်း ကုန်ကျငွေများသည် (အခမဲ့) မဟုတ်ချေ။ ထို နာရေးပွဲစား များနှင့် ချိတ်ဆက်ထားသော အသင်းအဖွဲ့အနေဖြင့်( အခမဲ့) ကူညီပေးခဲ့သော်လည်း နာရေးပွဲစား များ၏ စည်းရုံးလှည့်ဖြားမှုတို့ကြောင့် အခေါင်းဝယ်စရိတ်၊ ပန်းပြင်ဆင်စရိတ်၊ လူစီးကားငှားစရိတ်၊ ဘုန်းကြီးပင့် ဝတ္ထုငွေစရိတ်တို့အား ညှိနှိုင်းဈေးများဖြင့် အနည်းဆုံး(သုံးသောင်း) မှ (တစ်သိန်း)ခန့် ကုန်ကျတော့မည် ဖြစ်ပေသည်။ နဂိုကတည်းက မိမိတို့၏ စားဝတ်နေထိုင်ရေးအရ မီးသင်္ဂြိုဟ်စရိတ်မတတ်နိုင်၍ (အခမဲ့) ကူညီသည် ဟူသော ကူညီမှုအသင်းများကို အကူအညီတောင်းခါမှ ကုန်ကျငွေများ ထပ်မံကုန်ကျရသည့် အတွက် နာရေးရှင်များအနေဖြင့် ဘဝရပ်တည်မှုများ နိမ့်ပါးသည်ထက် နိမ့်ပါးကုန်ကြရတော့သည်။ ထို့ကြောင့် နာရေးကိစ္စသော်၎င်း၊ ကျန်းမာရေးကိစ္စသော်၎င်း၊ ပညာရေးကိစ္စသော်၎င်း၊ သဘာဝဘေးကိစ္စ သော်၎င်း အကူအညီတောင်းခံကြမည့် အပူသည် ဒုက္ခသည်များအနေဖြင့် မိမိတို့ အကူအညီတောင်းခံ ကြမည့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်ခဲ့မှုများ၏ သမိုင်းရာဇဝင် အချက် အလက်များအား သိရှိထားရန်လိုအပ်ပေသည်။ အများပြည်သူတို့အား အမှန်တကယ် အနစ်နာခံ၍ ပေးဆပ်ကူညီဖေးမခဲ့သော အသင်းအဖွဲ့ဟုတ်မဟုတ်၊ အများပြည်သူတို့အား ကူညီသယောင်ယောင်ဖြင့် ကိုယ်ကျိုးရှာ နာမည်ကြီးချင်သော ပရဟိတအမည်ခံ အတ္တသမားများဟုတ်မဟုတ် အများပြည်သူတို့ အနေဖြင့် လေ့လာသုံးသပ်ထားဖို့ အချိန်တန်ပြီဖြစ်တော့သည်။

ကျွန်တော်အနေဖြင့် ကျွန်တော်တို့၏ ပရဟိတတည်းဟူသော လုပ်ငန်းရပ်ကြီးအား အများပြည်သူ တို့အား ထဲထဲဝင်ဝင်၊ လေးလေးနက်နက်၊ ဖိဖိစီးစီး ကူညီဖေးမပေးမှုများ လုပ်ကိုင်နိုင်ရန်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများအား သတိပေးစာသားဆောင်ပုဒ်အား နာရေးဝန်ထမ်း (ယာဉ် မောင်း/နောက်လိုက်)များ နေ့စဉ်တွေ့မြင်နိုင်သော တာဝန်ကျနေရာချိတ်ဆွဲထားသည်။ ယင်းဆောင်ပုဒ်မှာ


ရဲ ဘော် တို့

‘ ငို ’ မ ပြ နဲ့ . . . ‘ ကြွေ ’ မ ပြ နဲ့
‘ လမ်း ကြောင်း ’ ရင် . . . ‘ လိုင်း ပြောင်း ’ သွား မယ်။
‘ ဂွ င် ဖန်’ ရင် . . . ‘ အ နှ င် ခံ ’ ရ မယ်။

ဒါဘဲ
ကျော်သူ

ထို့အပြင် အသင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ အကူအညီတောင်းကြသော နာရေးရှင်များ သိရှိရန်အတွက်လည်း အောက်ပါစာသားအား ကျွန်တော်၏ လက်ညိုးထိုးထားသောပုံဖြင့် ချိတ်ဆွဲထား ရတော့သည်။
 
ကျွန်တော်သည် ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်မှာ (၁၃) နှစ်တာကာလသို့ ရောက်ရှိလာခဲ့သည်နှင့်အညီ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား စစ်မှန်သောပရဟိတ၊ တန်ဖိုးရှိသောပရဟိတ၊ ပြည်သူများ၏ပရဟိတ၊ လူသားတိုင်း၏ပရဟိတ ဟူသော မှတ်ကျောက် အတင်ခံ နိုင်ရန်အတွက် ညီနောင်ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ထိုကဲ့သို့သော ပရဟိတ လောကအား နာမည်ဖျက်မည့် ပွဲစားများနှင့် ပါတ်သက်မှုမရှိစေဘဲ စီးပွားရေး၊ နိုင်ငံရေးသမားများ၏ အနု နည်းဖြင့် စည်းရုံးသိမ်းသွင်းမှု၊ သွေးဆောင်ဖြားယောင်း မှုတည်းဟူသော ပိုးချည်မျှင်မှလွတ်ကင်းနိုင်ရန် သတိဟူသော အသိတရားဖြင့် ရပ်တည်ကြကာ မိမိတို့လုပ်ဆောင် ပေးဆပ်မှုများအား ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ပြုပြီး အတ္တများဖြုတ်ချကာ အများပြည်သူတို့အား ကူညီဖေးမပေးနိုင်သော လိပ်ပြာသန့် သည့်၊ သိက္ခာရှိသည့်၊ သီလလုံသည့် အများပြည်သူတို့ဘက်မှ မားမားမတ်မတ်ရပ်တည် ပေးဆပ်သွားနိုင် သူများ ဖြစ်ကြစေရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။


ပရဟိတ သစ္စာဆိုရဲသည့်
(ကျော်သူ)

"အမျိုးသမီးများ သတိထားဂရုပြုရှောင်ကြဉ်နိုင်စေရန်"

အောက်ဖော်ပြပါပုံမှ ဆေးရည်ကို အချိုရည် ရေနှင့် အစားအစာများထဲသို့
နှစ်စက် သုံးစက်မျှ ထည့်ရုံဖြင့် ၄င်းအစားအသောက်များကို စားသောက်မိသော
အမျိုးသမီးတို့၏ စိတ်ကို ကာမဆန္ဒပြင်းထန်သောစိတ် ဖြစ်လာအောင်
အားပေးသည့် ဆေးရည်တစ်မျိုးဟုသိရပါသည်။

 

အရောင် အနံ့ အရသာမရှိသဖြင့် ဝယ်ယူမှုများသည်။
၎င်းဆေးမှာ ထိုင်းနိုင်ငံမဲဆောက်တွင် အသုံးများပြီး
မြန်မာဖက်သို့လည်းဝင်နေပြီဟု သိရပါသည်။

အမျိုးသမီးများအနေဖြင့် မိမိချစ်သူ၊ အမျိုးသားမိတ်ဆွေ၊
သူငယ်ချင်းများကျွေးသော အစားအသောက်များကို အလွယ်တကူစားသုံးမိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော
နောက်ဆက်တွဲအန္တရာယ်များကို ရှောင်ကြဉ်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

Credit:  မောင်(စွယ်စုံကျမ်း)

Ref>>>> We are Myanmar

Tuesday, December 24, 2013

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို ကိုယ်တိုင်ဆုချီးမြှင့်နိုင်


မြန်မာအမျိုးသမီး ဘောလုံးအသင်းကို
ပြည်သူများကိုယ်တိုင် ဆုချီးမြှင့်နိုင်ရေး အစီအစဉ်မှာ
ကိုယ်တိုင်ထည့်ဝင်ချင်သော်လည်း
အကြောင်းအမျိုးမျိုးကြောင့်
ဘဏ်ကို ကိုယ်တိုင် မသွားနိုင်သူများအနေဖြင့်
အောက်ပါပုဂ္ဂိုလ်များထံ သွားရောက်ပေးအပ်နိုင်ပါသည်ခင်ဗျာ -

ရန်ကုန်မြို့
ဦးသန်းတိုးအောင် ၀၉-၈၃၀၄၆၀၆
ဦးတင်မင်းလတ် ၀၉-၇၃၁၉၅၄၈၈
ဒေါ်မြတ်မျိုး ၀၉-၇၃၀၀၉၇၁၆
ဦးမင်းသိန်း ၀၉-၃၁၀၅၅၅၆၀
ဒေါ်ဆုထက် ၀၉-၄၂၀၀၁၅၂၀၅
ဦးငွေမင်းထွေး ၀၉-၅၀၉၆၆၅၇
ဒေါ်အေးအေးခိုင် ၀၉-၉၁၀၂၈၁၄၂


ကိုသက်လှိုင်ဝင်း ၀၉-၄၄၄၀၀၇၃၉၉
ဒေါက်တာ ကေကေ ၀၉-၂၁၀၀၃၁၇

နေပြည်တော်မြို့
ဦးဇော်ထက် ၀၉-၄၄၈၅၃၃၉၆၀
ဦးရဲနိုင်မိုး ၀၉-၅၀၂၁၀၇၄

ပုသိမ်မြို့
ဒေါက်တာ ဝေဇင်မျိုး ၀၉-၄၅၁၂၃၀၅၁၅

မူဆယ်မြို့
ဒေါက်တာ နိုင်ထူးအောင် ၀၉-၂၀၁၈၀၉၂

ညောင်ရွှေမြို့
ဒေါက်တာ သက်စုဝင်း ၀၉-၄၉၃၅၃၉၁၆
ဒေါက်တာ ဂျူလှိုင်မောင်မောင် ၀၉-၄၉၃၅၃၉၁၆

ရွှေဘိုမြို့
ဟိန်းထိုက်ဈန် ၀၉-၂၅၆၁၀၈၃၂၂

စကာင်္ပူနိုင်ငံ
ဒေါ်သီသီမိုး +၆၅၉၁၂၅၀၁၄၄
ဘဏ်အကောင့်  posv saving. 248349530
email. thithimoelin@gmail.com့

လန်ဒန်မြို့
မသီရိ +၄၄၇၄၀၁၆၄၂၂၀၂၄

ပဲခူးမြို့ 
မအိမ့်ချိုသာ
အမှတ် (၅၁၀) ပြည်တော်သာ (၄) လမ်း ပဲခူး
ph : 052 22864
hp : 428142008

ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ

ဂုဏ်ပြုကျေးဇူးတင်လွှာ


ပထမဆုံးအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီ ဆီးဂိမ်းကြီး ဖြစ်မြှောက်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့
လက်ရှိ အစိုးရ တာဝန်ရှိသူတွေကို အရမ်းကို ကျေးဇူးတင်ပါတယ်...

ဒုတိယအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီ ဆီးဂိမ်းကြီးမှာ နိုင်ငံအလိုက် အဆင့် ရပ်တည်မူ 

ဒုတိယ နေရာထိ ရရှိအောင် စွမ်းစွမ်းတမံ ကြိုးစား စွမ်းဆောင်ပေးခဲ့ကြတဲ့
လက်ရှိ အစိုးရ တာဝန်ရှိသူများကို အရမ်းကို ကျေးဇူးတင်ပါတယ်

တတိယအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီလို ၄၄ နှစ်ကြာမှာ ပထမဆုံးအကြိမ် ကမ္ဘာ့အလည်မှာ 

လက်မထောင် ဂုဏ်ယူဝင့်ကြွားခွင့်ရအောင် 
ကိုယ်ကျိုးထည့်မတွက်ပဲ စွမ်းဆောင်ပေးခဲ့ကြတဲ့
လက်ရှိ အစိုးရ တာဝန်ရှိသူများကို အရမ်းကို ကျေးဇူးတင်ပါတယ်

စတုတ္တအနေနဲ့ ကျေးဇူးတင်လိုတာကတော့
ဒီလို နိုင်ငံတော်အဆင့် ဖွင့်ပွဲကြီးမှာ 

လှလှပပ အဆင့်အတန်း မြင့်မြင့်မားမားနဲ့ 
လူတကာ အားကျလောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြတဲ့...
လက်ရှိ အစိုးရ တာဝန်ရှိသူများကို အရမ်းကို ကျေးဇူးတင်ပါတယ်...

ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ကျေးဇူးတင်လိုတာကတော့....

လက်ရှိ အစိုးရ တာဝန်ရှိသူများနဲ့.... 

အဖက်ဖက်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါသော.. 
လက်ရှိအစိုးရ တာဝန်ရှိသူများကို 
အထူးပင် ကျေးဇူးတင် ဂုဏ်ပြုလိုက်ရပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

ညီသစ်

ကာကွယ်ရေးဦးစီးချုပ်ရုံးမှလျှို့ဝှက်သတင်းများ

ကျွန်တော်ကြိုက်တဲ့ သရော်စာဗျ.......

ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့စေချင်သလား

F-21-12
ဒီဇင်ဘာ ၁၉ ရက်က ဘန်ကောက်မြို့ရှိ လမ်းပေါ်တွင် ဆန္ဒပြသူများကို တွေ့ရစဉ် (Photo:AFP)

သား  . . .
ဘယ်တော့မဆို မှန်တာကိုပဲလုပ်။
ဘာကြောင့်လို့လဲဆိုတော့ အမှန်တရားဆိုတာ
ထာဝရသစ္စာမို့ပဲ။
မေမေ

ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးတုန်းက ဂျပန်နိုင်ငံရဲ့ တောင်ဘက်တည့်တည့် မိုင် ၇၅၀ အကွာလောက်က 'အီယိုဂျီးမား' (Iwo Jima) ဆိုတဲ့ ကျွန်းကလေးပေါ်မှာ ကျဆုံးသွားတဲ့ အမေရိကန် မရိန်းတပ်သားလေး တစ်ယောက်ရဲ့ အင်္ကျီအိတ်ကပ်ထဲက ရရှိခဲ့တဲ့ စာလေးတစ်စောင် ဖြစ်ပါတယ်။ ဒီစာလေးအကြောင်း တစ်ခါပြောခဲ့ဖူးပါပြီ။ အခုလည်း အကြောင်းတိုက်ဆိုင်လို့ တစ်ခါထပ်ပြောရတာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးဟာ ကမ္ဘာကြီးကို သင်ခန်းစာတွေအများကြီး ပေးခဲ့ပါတယ်။ ဒီစာလေးဟာ ဒုတိယကမ္ဘာစစ်ကြီးက ပေးခဲ့တဲ့ သင်ခန်းစာတွေထဲက သာမန်သင်ခန်းစာလေး တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ဒီသင်ခန်းစာဟာ ဒီကနေ့အဖို့ ကမ္ဘာကြီးအတွက်သာ မဟုတ်ဘဲ ကိုယ်တို့နိုင်ငံအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတစ်ခုလို့ ရှုမြင်ပါတယ်။ အမှန်တရားဘက်က ရပ်တည်သူဟာ ဘယ်တော့မဆို စိတ်နှလုံးချမ်းမြေ့ရတယ် ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အမှန်တရားကို အသုံးချရကောင်းမှန်း မသိကြသေးတဲ့ လူတွေလည်း ကမ္ဘာပေါ်မှာ ရှိကြစမြဲပါ။
 အမှန်တရားကို ဆုပ်ကိုင်ပြီး ပြဿနာတစ်ရပ်ကို ဖြေရှင်းမှ မြန်မြန်ပြေလည်လေ့ ရှိတယ်ဆိုတာကိုလည်း တချို့လူတွေ သတိမမူမိကြပါဘူး။

ကျေးဇူးတရားလား၊ မကင်းရာမကင်းကြောင်းလား

ကျွန်တော်တို့ ဘ၀တစ်လျှောက်မှာ ‘ကျေးဇူး’ ဆိုတဲ့ စကားတစ်ခွန်း၊ ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းကို မပြောခဲ့ဖူးတဲ့သူတွေ၊ အပြောမခံရဖူးတဲ့ သူတွေဆိုတာ အလွန်ရှားပါတယ်။ ခပ်လွယ်လွယ် ကျေးဇူးတင်စကားတွေ၊ ရင်ထဲကမပါတဲ့ ကျေးဇူးတင်စကားတွေနဲ့လည်း ကြုံရ၊ တွေ့ရတာပါပဲ။ အကြောင်းမဲ့သက်သက် ကျေးဇူးပါပဲလို့ အမြဲပြောချင်တဲ့သူတွေ၊ 
အလကားနေ၊ အလကား ကျေးဇူးအတင်ခံနေချင်တဲ့ သူတွေလည်း လောကမှာ ရှိနေတာပါပဲ။ ခြုံငုံပြီး ပြောကြရမယ်ဆိုရင် အားလုံးဟာ ကျေးဇူးနဲ့ မကင်းကြပါဘူး။ 

‘ကျေးဇူး’ ဆိုတဲ့ အပြုအမူကောင်းတွေကို တချို့က ‘ကျေးဇူး’ ရှိတယ်လို့ မသုံးကြဘဲ 
‘မကင်းရာ မကင်းကြောင်း’ လို့ အစားထိုးလိုက်တဲ့ အခါမှာ ကျေးဇူးရဲ့ အနက်အဓိပ္ပာယ်ဟာ အဝေးကြီးကို ရောက်သွားပါတယ်။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေထက်
jမန်မာနိုင်ငံသားတွေဟာ ‘ကျေးဇူးသိ၊ ကျေးဇူးဆပ်’ ဆိုတဲ့ သူတော်ကောင်းတွေရဲ့
လက္ခဏာရပ်တွေကို ပိုပြီးအလေးအနက်ထား ပြုမူနေထိုင်တတ်ကြပါတယ်။ 
ဘာကြောင့်လဲဆိုရင် ‘ကျေးဇူးမသိ၊ ကျေးဇူးမဲ့နေကြခြင်း’ ဟာ ‘လူယုတ်မာတွေရဲ့ စရိုက်လက္ခဏာ’ ဖြစ်နေလို့ပါပဲ။

‘သူ၏ကျေးဇူး၊ များများမဟုတ်၊ တစ်လုတ်ထမင်း၊ တစ်ရှုပ်ပဲဟင်းကို ၀မ်းတွင်ရှာနူး၊ စားရဖူးမူ၊ ထိုသသူအား၊ ပြစ်မှားတရန်၊ မကြံအပ်ပေ’ လို့ ‘မဃဒေ၀လင်္ကာ’ မှာ မန်လည်ဆရာတော်ကြီးက မိန့်ဆိုထားပါတယ်။ ကျေးဇူးနဲ့ပတ်သက်လို့ ရှေးကတည်းက ကျွန်တော်တို့မြန်မာတွေဟာ
လေးလေးနက်နက် ထားခဲ့ကြတာပါ။ ‘ရင်ထဲက’ အစစ်မှန်မဟုတ်တဲ့၊ ကျေးဇူးတရားကို 
မလေးနက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေကို သတိပြုသင့်ပါတယ်။

ယနေ့ခေတ်မှာ ကျေးဇူးပါပဲဆိုတဲ့ စကားတစ်ခွန်းကို လွယ်လွယ်ကူကူပဲ ပြောလိုက်ကြပါတယ်။ သူတစ်ဖက်သားရဲ့ ကိုယ့်အပေါ်မှာ ကူညီပေးမှုကို အသိအမှတ်ပြုတယ်ဆိုရင် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ ‘ကျေးဇူးတင်စကားမျိုး’ ကို ပြောတတ်ဖို့ လိုပါတယ်။ 

တချို့သောသူတွေက မကင်းရာမကင်းကြောင်းလို့ အဖန်တစ်ရာ ထပ်အောင်သုံးတတ်ကြပါတယ်။ ‘မကောင်းတတ်လို့ဆိုတဲ့’ စကားကိုလည်း တွင်တွင်ကြီး သုံးတတ်ကြတာပါပဲ။ မြို့ဓလေ့နဲ့မတူတဲ့ ရွာဓလေ့တွေ ရှိပါတယ်။ ရွာတွေမှာ များသောအားဖြင့် ဆွေမျိုးတွေ တော်စပ်ကြတာများတယ်။
ခေတ်စကားနဲ့ဆိုရင် မကင်းရာမကင်းကြောင်းပေါ့။ အလှူတစ်ခု ဒါမှမဟုတ် နာရေးတစ်ခုကြုံပြီဆိုရင် ကိုးကွယ်တဲ့ဘုန်းကြီးတွေ၊ ရွာဘုန်းကြီးကျောင်းတွေကများတော့ “ဟိုဘုန်းကြီး မပင့်လို့လည်းမကောင်း၊ ဒီဘုန်းကြီး မပင့်လို့လည်းမကောင်း” ဆိုတော့ မကောင်းလို့ ပင့်ရတဲ့ ဘုန်းကြီးတွေ ဖြစ်ကုန်ရော။ ဒါဟာ ဟာသအနေနဲ့ပါ။ မကင်းရာမကင်းကြောင်းဆိုတာ ရင်ထဲက မပါတတ်ကြပါဘူး။ မကောင်းတတ်လို့ဆိုတဲ့ အရာတွေကလည်း မဖြူစင်ပါဘူး။

လူမှုလောကဖွံ့ဖြိုးဖို့၊ သူတစ်ပါးအခက်အခဲ ဖြေရှင်းပေးနိုင်ဖို့။ အပြုသဘောဆောင်တဲ့ ကျေးဇူးပြုမှုတွေ လူမှုလောကမှာ ထားရှိသင့်ပါတယ်။ ကျေးဇူးစကားကို လွယ်လွယ်မပြောသင့်သလို ကျေးဇူးတရားကို ဘောင်မခတ် ထားသင့်ပါဘူး . . . . .
တကယ်တော့ ကျေးဇူးဆိုတာ သိဖို့နဲ့ ဆပ်ဖို့ပါပဲ။ အဲဒီသိတတ်မှုနဲ့ ဆပ်တတ်ဖို့ဆိုတဲ့ အဆင့်ကို မရောက်သေးဘူးဆိုရင် လူကောင်းတစ်ယောက် မဖြစ်နိုင်သေးပါဘူး။ ၃၈ ဖြာ မင်္ဂလာတရားတော်ထဲမှာ ကျေးဇူးသိ ကျေးဇူးဆပ်ခြင်းဟာ မင်္ဂလာတရားလို့ မြတ်ဗုဒ္ဓက ဟောပါတယ်။ ကျေးဇူးသိတဲ့သူ၊ သိထားတဲ့ကျေးဇူးကို အခွင့်အခါသင့်တိုင်း မကောင်းတတ်လို့၊ မကင်းရာမကင်းကြောင်းမို့လို့ဆိုတဲ့ ဆင်ခြေတွေကို ဘေးဖယ်ပြီး စစ်မှန်တဲ့စိတ်ထားနဲ့ ကျေးဇူးဆပ်တတ်တဲ့သူဟာ မင်္ဂလာရှိတဲ့သူပါပဲ။
‘သူ၏ကျေးဇူးရှိခဲ့ဖူး၊ အထူးပြန်ဆပ်နိုင်စေသော်၊ မဆပ်နိုင်နေ ရှိပစေ မချေမဖျက်မိစေသော်၊ နင်ကဘာလဲ၊ ငါဘာလဲ ပြိုင်ပွဲမ၀င်မိစေသော်’ လို့ သူ့ကျေးဇူးဆိုတဲ့ အလေးအနက်ထားဖို့ စံတစ်ခုကို ‘မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီး’ က ဆိုဆုံးမထားခဲ့ပါတယ်။ လူတိုင်းဟာ သူတစ်ဖက်သားကို ကျေးဇူးပြုချင်တဲ့သူတွေ များပါတယ်။ ဒါပေမဲ့ ကျေးဇူးကန်းတာကို မုန်းတတ်ကြပါတယ်။ ကျေးဇူးကန်းတဲ့သူ မဖြစ်ချင်ကြပါဘူး။ ကျေးဇူးဆိုတဲ့ အပြုသဘောနဲ့ ပြန်ဆပ်ခြင်းဆိုတဲ့ အဆပ်သဘောကြားမှာ လူသားတွေဟာ သံသရာလည်နေတာပါ။ ကျေးဇူးမဆပ်ဖြစ်ရင် နေပါစေ ကျေးဇူးမကန်းမိစေဖို့တော့ ဘ၀မှာ လိုအပ်ပါတယ်။
တကယ်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ကျေးဇူးတရား တစ်ခုရဲ့ ကဏ္ဍဟာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ အခွင့်အခါသင့်ရင် ပြန်ဆပ်နိုင်ဖို့နဲ့ ပြန်ဆပ်ဖို့ အခွင့်မရသေးခင် သူ၏ကျေးဇူးကို သိနေဖို့ပါပဲ။ သန့်ရှင်းဖြူစင်တဲ့ ကျေးဇူးတရားတွေရဲ့ အပေါ်မှာ အရောင်တွေ မဆိုးသင့်ပါဘူး။ မကင်းရာမကင်းကြောင်းမို့လို့ ပြုခဲ့ရတဲ့ ကျေးဇူးတွေဟာလည်း မကင်းရာမကင်းကြောင်း အနေနဲ့ပဲ မလေးမနက် ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ‘မကောင်းတတ်လို့ ပြုခဲ့ရတဲ့’ ကျေးဇူးတရားတွေဟာလည်း မကောင်းတတ်စွာနဲ့ပဲ ပြန်ဆပ်ခြင်းကို ခံရမှာပါ။ ကျေးဇူးပြုတဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးပြုကြမယ်။ ကျေးဇူးဆပ်တဲ့သူဟာလည်း ဖြူစင်စွာ ကျေးဇူးဆပ်ကြမယ်ဆိုရင် မကင်းရာမကင်းကြောင်းတွေ၊ မကောင်းတတ်တာတွေလည်း ဘေးရောက်သွားကြမှာပါ။
တချို့တွေက သူများက ကိုယ့်ကိုကျေးဇူးပြန်ဆပ်မှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သူတစ်ဖက်သားကို ကျေးဇူးပြုမိကြပါတယ်။ မစိုးရိမ် ပဋ္ဌာန်းဆရာတော်ကြီးက လူဆိုတာ အညမညပစ္စည်းလို မကျင့်ရဘူး။ သဟဇာတပစ္စည်းလို ကျင့်ရမယ်။ အညမည ပစ္စည်းဆိုတာ သူကကျေးဇူးပြုလို့ ကိုယ်ကပြန်ပြီး ကျေးဇူးပြုရတာမျိုး။ သဟဇာတ ဆိုတာကတော့ သူကကျေးဇူးပြုပြု မပြုပြု၊ တုံ့ပြန်မှု ရရမရရ ကိုယ့်ဘက်က အမြဲတမ်း ကျေးဇူးပြုနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ အဆုံးအမလေးကို သတိပြုသင့်ပါတယ်။
ကျွန်တော်တို့တွေအားလုံး လူပီသအောင် ကျေးဇူးတရားတွေကို အလေးအနက် ထားသင့်ပါတယ်။ လူမှုလောကဖွံ့ဖြိုးဖို့၊ သူတစ်ပါးအခက်အခဲ ဖြေရှင်းပေးနိုင်ဖို့။ အပြုသဘောဆောင်တဲ့ ကျေးဇူးပြုမှုတွေ လူမှုလောကမှာ ထားရှိသင့်ပါတယ်။ ကျေးဇူးစကားကို လွယ်လွယ်မပြောသင့်သလို ကျေးဇူးတရားကို ဘောင်မခတ်ထားသင့်ပါဘူး။ အကန့်အသတ် မထားသင့်ပါဘူး။ ကျေးဇူးသိရင် ကျေးဇူးဆပ်တတ်ရင် လူကောင်းစာရင်း ၀င်ပါပြီ။ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

ညီအောင်ညီ 
Eleven Media Group

ကိုယ့်သက်တမ်းကို မြစ်ဆုံလေးနဲ့ထောက်၊ အိုအိုင်စီ လေး လက်ခံ၊ တစ်လ တစ်ခါ မိန့်ခွန်းပြော၊ ကမ္ဘာပတ် ပိုက်ဆံချေး၊ ဒီလောက်ကို အလုပ်ထင်နေတာတော့.....

လမ်းဘေးဓါတ်ပုံလေးတောင်မှ အသားယူလိမ်လည်တတ်တဲ့
သမ္မတရုံးက လူတွေက သမ္မတရုံးပေါ်တက်ထိုင်ပြီး
ပြောချင်ရာပြောတာကို ရင်ခုန်နေရင် ရင်ခုန်နေသူဟာ အရူးပဲ။
ရူးရင်လည်း ရူးပါစေတော့ ... 
အရူးလိုပြောရင် အရူးလိုပြန်ပြောတာပဲ ဘက်ညီတယ်လို့ထင်တယ်။ 
အခုလိုမျိုး သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့ 
အစောကြီးကတည်းက ပြောတာဟာ သူပြောမှသာကြားဖူးကြတာ။

သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးသလိုလို တကိုယ်တည်း

တီးတိုးရေရွတ်နေတဲ့ သမ္မတကြီးနားမှာ 
ထင်ရောင်ထင်မှား ကြားရတဲ့ အာရုံအမှားတွေကို 
လူသိရှင်ကြား ထုတ်ဖော်ပြောတာမျိုးတော့ မလုပ်သင့်ဘူးထင်တာပဲ။
ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် ဆိုတော့ 
ဂယောင်ဂယင် အိပ်မက်တွေကနေ လန့်နိုးပြီး ရမ်းသမ်းအော်ရမယ့် နေရာလည်း 
ယူထားတာမဟုတ်။ 

အဖြေတစ်ခုခု ရှိရင်ပြီးရော။ တစ်ခုခုပြောနိုင်ရင် ငါတို့အလုပ်အောင်မြင်တယ်လို့များ ခံယူထားသလား ပြောင်စောင့်ငှက်ရယ်။ 

မှန်တာ မှားတာ အရေးမကြီး ၊ 
ယုတ္တိရှိတာ မရှိတာ နားမလည်၊ 
ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခုခု တုန့်ပြန်ရင်ပြီးတာပဲ ဆိုပြီး 
တိုင်းပြည်တာဝန်ထမ်းဆောင်ချင်ရင် 
အနုပညာလောကထဲဝင်ပြီး ဟာသ သရုပ်ဆောင် အလုပ်က 
ဝါသနာနဲ့ ဟတ်မိပြီး တွက်ခြေကိုက်မယ့်အနေအထားပိုရှိမယ်ထင်တာပဲ။ 
ခင်ဗျားတို့ ဟာသ သရုပ်ဆောင်လုပ်ရင် 
ခင်လှိုင်တို့ ကျော်ထူးတို့ ဧရာ တို့ ငိုလောက်တယ်။

ဟာသတွေပြောလို့ ကျုပ်တို့လည်း ရီရ ၊ 

ခင်ဗျားတို့လည်း ပိုက်ပိုက်တွေရ 
နှစ်ဦးနှစ်ဖက် အဆင်ပြေလိုက်မယ့်ဖြစ်ချင်း 
ဟာသအနုပညာလောကကိုလည်း
တိုးတက်အောင်ကူညီရာရောက်မယ့်အပြင် 
ကမ္ဘာကျော်မယ့် မြန်မာ့ ဟာသ ဇာတ်လမ်းတွေ
ထိုးဖောက်နိုင်မယ်ဆိုတာ 
ခင်ဗျားသာ ကိုလူမင်းတို့ရဲ့ ဟာသရုပ်ရှင်လောကကို
ဝင်ကူရင် ဖြစ်နိုင်ချေဟာ 
မဝေးလောက်ဘူး။ 

အခုတော့ ဆိုက်ကားဂိတ်မှာ ကျားပဲ ထိုးချင်နေသူက 
လေယာဉ်မှူးလာဖြစ်နေသလိုပဲ.... 
လူရွှင်တော်လုပ်ချင်သူက သမ္မတရုံးတက်ထိုင်နေတော့
 ငြိမ်ငြိမ်ထိုင်နေရင် အကြောင်းမဟုတ်ဘူး။ 
 ငပေါစကားတွေ လျှောက်ပြောတော့ 
ကျုပ်တို့ နိုင်ငံကို သူများတွေလာလည်ရင် ရှက်စရာကောင်းတယ်။ 

ကျုပ်တို့နိုင်ငံက စကားသံ သူတို့ခိုးနားထောင်လို့ ကြားသွားရင် 
ကျုပ်တို့မျက်နှာ ဘယ်နားထားရမှန်းမသိအောင် ရှက်ဖို့ကောင်းတယ်။ 

ဒီလိုလူမျိုး ဒီရာထူးယူထားပါလားဆိုပြီး သူများတွေက တွေးလိမ့်မယ်။

နောက်ဆက်တွေးမှာက သူ့အောက်အဆင့်က လူတွေက 
သူ့ထက်ညံ့ကြလိမ့်မယ်လို့ ထင်ကုန်မှာ ... 

ဒါဆိုရင်သွားပြီ ... 

ကျုပ်တို့ မြန်မာပြည် သောက်ပေါတွေတောင် 
ခေါင်းဆောင်ပိုင်းအနီးအနားလို ထိပ်သီး နေရာတွေ ရနိုင်တယ်ဟဲ့ ... 

အရည်အချင်းရှိစရာမလိုဘူး ၊
ယုတ္တိရှိစရာမလိုဘူး ၊
ပြောချင်ရာပြော 
အခွက်ပြောင်ဖို့သာလိုတယ် ဟဲ့ လို့ 
အိမ်နီးချင်းတွေ ထင်ကုန်တော့မှာပေါ့။ 

အိမ်နီးချင်းတွေက သောက်ပေါကြီးတွေလို့ 
ကျုပ်တို့ပြည်ကို မှတ်ကုန်မှာပေါ့။ 
သောက်ပေါကြီးတွေလို့ မှတ်တာထက် 
အချဉ်တွေ တွေ့ပြီဟေ့ လို့ ကြိတ်ပြီး ၀မ်းသာနေရင် ပိုဆိုးမယ်။

ပြောသာပြောရတယ် ... 

ခင်ဗျားကမှ တော်ပါသေးတယ် 
အရင်က ခင်ဗျားထက်အချဉ်ကျတဲ့သူတွေက 
ခင်ဗျားလောက်တောင် စကားမပြောဘဲ
သူတို့ အချဉ်ကို လက်နက်နဲ့ ဖုံး ၊ 
ရုပ်တည်တွေ သုံးပြီး လုပ်ချင်ရာလုပ်သွားကြလို့ 
ကျုပ်တို့တိုင်းပြည်က မိအေးတွေတောင် 
အသားမာ တက်ကုန်တာ အားလုံးအသိပဲလေ ...။

စကားပြောလေးတွေလည်း ဆင်ခြင်ကြပါတော့ .... 
 မိအေးတွေလည်း မောလှပါပြီဗျာ။
ပြောချင်သပ တားမရရင်တော့ များများပြောပါ ... 
ကျုပ်တို့လည်း ၀ိုင်းပြင်ပေးမယ်။ 
ဒီလို မပြောရဘူး ... 
ဒီလိုပြောတာမကောင်းဘူး 
ဟိုလိုပြောသင့်တယ် ... 
ဟိုလိုပြောတာကောင်းတယ် ... 
စသည်ဖြင့် တတ်သလောက်မှတ်သလောက် 
ဥာဏ်မှီသလောက် ၀ိုင်းဝန်းအကြံပြုပါ့မယ်။

ဒါပေမယ့်ဗျာ ..... 

သမ္မတကြီးက အခြခံဥပဒေ ကို ပြင်ဖို့ 
အရင်ဦးဆုံး လိုလားကြောင်းပြပါတယ်တော့ မလုပ်ပါနဲ့ .... 
သူဟာသူတောင် ဘာမှန်းသိရဲ့လား မသေချာတဲ့ 
သဘာပတိလုပ်ရင်းထွက်လာတဲ့ ဥပဒေ ကြီးကို 
ရေးဆွဲတုန်းက မှားတာတွေပါကြောင်း 
ဘာတစ်ခုမှ ကန့်ကွက်သံလည်း မကြားမိပါဘူး ....။
ပြီးတော့ လိုအပ်ရင် ပြင်မယ်ဆိုတော့ 
အခြေခံဥပဒေဟာ ပြင်ဖို့ လိုအပ်လား မလိုအပ်လား ဆိုတာကို 
သမ္မတ နဲ့ တကွ သမ္မတ ရုံးတစ်ခုလုံး မဝေခွဲနိုင်သေးတဲ့သဘောဖြစ်နေပြီ။ 

ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးက 
အားအားယားယား ပြည်သူကို ဒုက္ခပေးပြီး 
အခြေခံဥပဒေ ပြင်ဖို့မပြင်ဖို့ လိုက်ရှင်းပြ 
ဆန္ဒခံယူနေမယ့်သူ မဟုတ်ဘူးဆိုတာလည်း 
တပြည်လုံးသိရက်နဲ့ 
ခင်ဗျားတို့က 
အခုမှ သူခိုးက လူ လူ ဟစ် ...
ခြေဥပြင်ဖို့ ခင်ဗျားတို့ကပဲ အစပြုသလိုလို ပြော ...
 ပြောပြန်တော့လည်း ရှေ့နောက်က မညီ ... 
လိုအပ်လာရင် ပြင်မယ်တဲ့ ...။
 ပြင်ဖို့ လိုအပ်မှန်းတောင် မသိရှာတဲ့ 
သမ္မတ နဲ့ သမ္မတရုံးတစ်ဖွဲ့လုံး က ...
ကိုယ့်သက်တမ်းကို မြစ်ဆုံလေးနဲ့ထောက် 
အိုအိုင်စီ လေး လက်ခံ ... 
တစ်လ တစ်ခါ မိန့်ခွန်းပြော ... 
ကမ္ဘာပတ် ပိုက်ဆံချေး ... 
ဒီလောက်ကို အလုပ်ထင်နေတာတော့ မတန်ဘူး။

အမျိုးသားရေးပဲ အားပေးသယောင်ယောင်နဲ့ ကျုပ်တို့ ဗမာတွေလည်းမွဲ ... ရှိသမျှတိုင်းရင်းသား မြန်မာပြည်ကလူတွေ ဥစ္စာပစ္စည်းအပြင် မျက်နှာတွေပါမွဲ ... အိမ်ဖော်လိုအလုပ်လောက်ကိုတောင်အားရ၀မ်းသာ သူများဆီသွားလုပ်ရမှာ မရှက်နိုင်တဲ့ဘ၀တွေ ရောက်နေကြပါပြီ ... 

ကျုပ်တို့ နိုင်ငံဟာ အိမ်ဖော်အဆင့်အတန်းပဲ ရှိတဲ့ နိုင်ငံလားဗျာ။ 
ကျုပ်တို့ နိုင်ငံမှာရှိတဲ့ သယံဇာတတွေက တရုတ်ကို ပဏ္ဏာ ဆက်ရုံသက်သက် 
ရှိုးကေ့စ်ထဲ ထည့်ထားရမယ့်ဟာတွေလားဗျာ။ 
ရှိသမျှလည်း ကုန်တော့မယ်။ 
ဘာမှ အလကားမရဘူးဆိုတာ ကလေးတောင်သိတဲ့အချိန်မှာ 
အကူအညီကို အမျိုးသား အကျိုးစီးပွားအတွက် နောက်မျိုးဆက်များများအတွက် 
အခြေခံစဉ်းစားပြီး လက်ခံရမယ့်အလုပ်တွေက ခင်ဗျားတို့အလုပ်တွေ။ 

ခင်ဗျားတို့မှာ ဒီထက် ပိုလုပ်ပေးချင်တဲ့ စေတနာရော ရှိမှ ရှိရဲ့လား ဆိုတာ
မေးစရာတောင် မလိုတော့ဘူးထင်တယ်။ 
မလုပ်နိုင်ရင် မလုပ်နိုင်ဘူးဆိုပြီး ဆင်းပေးလိုက်ရဲတဲ့ 
ရိုးသားမှုမျိုးတောင် မပြနိုင်ပဲ 
တိုင်းပြည်အပေါ်ပဲ စေတနာ ထားသယောင်ယောင်
ထောင်လုံး ဖြီးလုံးတွေ သိပ်မသုံးစေချင်တော့ဘူး။

လူတစ်ဦးချင်းစီအတွက်တောင် 

အရေးထား အလေးထား စီမံခန့်ခွဲရမယ့် အစိုးရ က .... 
လူတွေ သောင်းကျော် တက်ရောက် သဘောတူညီနေတဲ့
 ခြေဥ ပြင်မယ့်ကိစ္စကို အရေးမထားတာ အံ့သြ စရာပဲ .... 

ဒါလားဟဲ့ ဒီမိုကရေစီ .... 
ဒါလားဟဲ့ ကောင်းစေချင်တဲ့ စေတနာ ... 
ဒါလားဟဲ့ ပွင့်လင်းမြင်သာမှု။ ပြောရရင် ကုန်နိုင်ဖွယ်မရှိ ... 
ဒါကိုများ
ကာချုပ်က ဒီမိုကရေစီကို
တပ်မတော်က ထိန်းကျောင်းနေတာပါဆိုတဲ့ လေသံလှမ်းပြစ်သေးတယ်။

မိန့်ခွန်းပြောရင်လည်း သူတို့တွန်းတင်လို့ပဲ
မြန်မာ့ဒီမိုကရေစီခရီး ဖြောင့်ဖြူးလာသလိုလို ....
ဒီမိုကရေစီလိုလားသူများ အများစုကို ထိန်းသိမ်း 
နေအိမ်အကျယ်ချုပ်တွေ ချ ... လုပ်ကြံ ... 
မဟုတ်တာမှန်သမျှ အကုန်လုပ်ရင်း 
တွန်းတင်လိုက်တဲ့ ခင်ဗျားတို့ဟန်က 
တကယ့်ကို အောင်မြင်တဲ့ စစ်သူကြီးတွေရဲ့ လေသံမျိုးမို့ အံ့သြရတယ်။ 

ခင်ဗျားတို့ ယောက်ျားတွေမို့လို့သာပဲ ... 
မိန်းကလေးတွေသာဆိုရင်
လိုးရှင်းတောင် လူးချိန်ရမှာမဟုတ်ဘူး။
တော်ပြီ ဆက်မပြောတော့ဘူး

အောင်ကြီး

 secretnewsofMDF