Tuesday, October 22, 2013

မိတ်ဆွေများ အားလုံး သို့

အခု တလော သတင်း တစ်ပုဒ် တွင် သက္ကရာဇ်၂၀၇၀ ခန့်တွင် ရာသီဥတု ပြောင်းလဲ မှု ကြောင့် ရန်ကုန် မြို့ကြီး ပျောက်ကွယ် သွားလိမ့် မယ်လို့ ကျွန်တော် က ပြောကြောင်း ဖေါ်ပြ ထားပါ တယ်။ အဆိုပါ သတင်း မှာ မှားယွင်း နေပါ တယ်။ အဲဒီ စကား ကို ကျွန်တော် မည်သည့် အခါ ကမျှ မပြော ခဲ့ပါ။

ကျွန်တော် ပြောသော စကား မှာ သက္ကရာဇ်၂၁၀၀ ခန့်တွင် အရှေ့တောင် အာရှ နိုင်ငံများ တွင် ပျမ်းမျှ အပူချိန် +4°C တိုးလာ နိုင်ပြီး မြန်မာ နိုင်ငံ က +5°C အထိ တိုးလာ နိုင်တယ် လို့ UK Hadley Centre က ခန့်မှန်း ထားကြောင်း ကိုသာ ပြောခဲ့ ပါတယ်။

သို့ပါသော ကြောင့် အဲဒီ သတင်း ဟာ တစ်စုံ တစ်ခု ကြောင့် နားလည်မှု လွဲမှား ဖေါ်ပြ ထားခြင်း မျှသာ ဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်


No comments:

Post a Comment