Tuesday, October 22, 2013

သီလမရှိဘဲ အသက်ရှည်သူနှင့် သီလတရားနှင့် ပြည့်စုံပြီး အသက်တိုသူအကြောင်း

 
မေး - အရှင်ဘုရား လူ့လောကမှာ တစ်ချို့သောလူတွေဟာ ဒီဘဝမှာ သီလတရား မရှိကြပါဘူးဘုရား၊ သို့ပေမယ့် အဲဒီလူတွေဟာ အသက်ရှည်ကြပါတယ်၊ တစ်ချို့လူတွေဟာ ဒီဘဝမှာ သီလတရား နှင့် ပြည့်စုံကြပါတယ်ဘုရား၊ သို့ပေမယ့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ အသက်တိုကြပါတယ် ဘုရား၊ အသက် ရှည်ခြင်း၏ အကြောင်းတရားဟာ သီလတရားဆိုတာ၊ အသက်တိုခြင်း၏ အကြောင်း တရားဟာ သီလမရှိလို့ဆိုတာ တပည့်တော် လက်ခံပါတယ်ဘုရား၊ ဒါပေမယ့် အတိတ်ဘဝတုန်းက သီလတရား ကင်းမဲ့တဲ့ သူဟာ ယခုဘဝမှာ သီလနှင့် ပြည့်စုံပြီး အသက်တိုတဲ့သူ ဖြစ်ပါတယ် ဘုရား၊ အတိတ်ဘဝ တုန်းက သီလနှင့်ပြည့်စုံတဲ့သူဟာ ယခုဘဝမှာ သီလမဲ့ပြီး အသက်ရှည်တဲ့သူ ဖြစ်နေပါတယ်ဘုရား၊ တပည့်တော် သိလိုရင်းက အတိတ်ကသီလရှိတဲ့သူဟာ ဘာကြောင့် ဒီဘဝမှာသီလ မဲ့တဲ့သူ ဖြစ်နေပါသလဲ ဘုရား၊ ထို့အတူ သီလမဲ့တဲ့သူဟာလည်း ဒီဘဝမှာ သီလတရားနှင့် ပြည့်စုံ နေပါသလဲဘုရား၊ သီလနှင့်ပြည့်စုံတဲ့သူ ဖြစ်ရခြင်းအကြောင်း သီလမဲ့ ဖြစ်ရခြင်း အကြောင်းကို ရှင်းပြပေးတော်မူပါဘုရား၊ ဆရာတော်ဘုရား ကျန်းမာစွာ သာသနာပြုနိုင်ပါစေ အရှင်ဘုရား။

ဖြေ - သံသရာမှာ ဘဝပြောင်းရင် ပတ်ဝန်းကျင်ပြောင်းသည်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်တတ်သည်။ ပတ်ဝန်းကျင်ကောင်းသို့ ရောက်ရှိခိုက် သီလနှင့်ပြည့်စုံနိုင်သည်။ မကောင်းတဲ့ ပတ်ဝန်းကျင် ရောက်ရှိလျှင် သီလမရှိသူဖြစ်နိုင်သည်။ ဒါကြောင့် မြတ်စွာဘုရားက ပတိရူပဒေသဝါသ၊ သပ္ပုရိသူပနိဿယတို့ကို အလေးအနက်ထားဟောခြင်းဖြစ်သည်။ ဗာလနှင့်မပေါင်းဖို့၊ ပဏ္ဍိတနှင့် ပေါင်းဖို့
ဆိုတာဟာ အလွန်အရေးကြီးသည်။ ဒီဘဝ သီလရှိရုံနဲ့ နောက်ဘဝ သီလရှိမယ်လို့ မမျှော်လင့်နဲ့၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု ခံရနိုင်သည်။
 
 
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဖြေကြားသည်။
 
 
 

No comments:

Post a Comment