Tuesday, October 22, 2013

• အမေ မျှော်နေတယ်....•


ထပ်ကာထပ်ကာ ဒီလမ်းမှာ လျှောက်နေရပေမယ့်
မောတယ် ဆိုတာ မျိုး အမေ....မညည်းခဲ့ဘူး.....

ငွေ ရာ မဝင်နိုင်ဖူး သော အမေ...
လူတစ်ကာကို ကျိုးနွံ့ခဲ့ရဖူးသော အမေ....
ထမီအဖာ ဗရပွ ဖြစ်နေတာတောင်
ကလေး တို့အတွက် အင်္ကျိ လုံခြည် သစ်လေးတွေ ဆင်ပေး
မရမက ခြစ်ခြုပ်စုထားဖြစ်သော ငွေစလေးတွေက
သူ နေမကောင်းတာအတွက် မဟုတ်ဘူး...တဲ့လား....

ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အမေ့ စုဗူးလေးက
ငါ့ သားသမီး လေးတွေ ကျောင်းတက်ရမတဲ့.....

နေမဝင်သေးပေမယ့်....အမေ အမောဖောက်နေပါပေါ့...
.အရွယ်နဲ့ မမျှ ကြမ်းတမ်းခဲ့ရတယ် အမေ ရယ်....

သားသမီးတွေ လာရာလမ်း မျှော်မှန်းနေပါပေါ့......
ခွဲခွာသွားခဲ့ကြတာ သားနှစ်ယောက်...သမီးတစ်ယောက်...
အပူနှောက် နေခဲ့ခြင်းက မျက်ရည်စတွေ အမေနဲ့ ရင်းနှီးလာစေခဲ့....

တစ်ရွေ့ရွေ့ တစ်နေ့နေ့ သို့.....
အမေ့ရည်မှန်းချက်တွေ ပြည့်လာနိုင်ပါစေ
သားသမီးတွေ စုံလင်စွာနဲ့ အမေ ပြုံးပျော် ကြည်နူးနိုင်ပါစေ....

/ ကဗျာရှင် /


မောင်(စွယ်စုံကျမ်း)

No comments:

Post a Comment