Thursday, October 17, 2013

ဗုံးများတွေ့ရှိနေခြင်းသည် တမင်လုပ်ဆောင် နေခြင်းဖြစ်ပြီး လမ်းလွဲရောက်ရှိသွားနိုင်သည့် ထောင်ချောက်ထဲသို့ မ၀င်ရောက်မိစေရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

 အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
 

ဒါတွေက တမင်ပေါ့နော် လှုပ်လှုပ်ရှားရှား ဖြစ်အောင်လို့ ဆွတာဆိုတော့ အဲဒီ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင် စိတ်လှုပ်ရှားအောင် လန့်ဖျတ်အောင် လမ်းလွဲအောင် တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ သတိရှိတာတော့ မမှားပါဘူး။ ဒါပေမဲ့ အစိုးရိမ် လွန်နေလို့တော့လည်း မကောင်းဘူး။ ဘာပဲပြောပြော မဇ္ဈိမပဋိပဒါပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က   ပြောကြားသည်။


ဗုံးများတွေ့ရှိနေရခြင်းမှာ မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်နေသည်ဟု ယူဆ၍ ရပါသနည်းဟူသော မေးခွန်းကို  "ဒါကတော့ ဗုံးခွဲတဲ့ အဖွဲ့အစည်းဆိုမှတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ဗုံးတွေနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းပဲ ဖြစ်မှာပေါ့" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဖြေကြားခဲ့ပြီး ပြည်တွင်းပြည်ပမှ ဆိုသည်မှာ စစ်ဆေး မှု ပေါ်ပေါက်လျှင် သိရှိနိုင်မည်ဟု ဖြေကြားခဲ့သည်။

 


http://www.first-11.com/ ဗုံးများတွေ့ရှိနေခြင်းသည် တမင်လုပ်ဆောင် နေခြင်းဖြစ်ပြီး လမ်းလွဲရောက်ရှိ သွားနိုင်သည့် ထောင်ချက်ထဲသို့ မ၀င်ရောက်မိစေရန် ဒေါ်အောင်ဆန်းစုကြည်သတိပေး မှ
 ကောက်နှုတ်ချက်

No comments:

Post a Comment