Thursday, October 17, 2013

ဂုရုကြီးနေရူး က- “ No nation can’t be great whose People are narrow in thought ”တဲ့ - အတွေး အခေါ် ကျဉ်းမြောင်း သူတွေ နေထိုင်တဲ့ နိုင်ငံဟာ ဘယ်တော့မှ မတိုးတက် ဘူးတဲ့-

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာက အံ့သြ လောက် အောင် ၁၅ နှစ် တောင် ကြာလို့ စာမတတ် တဲ့သူတွေ ပါဝင်နေလို့ စာလုံး ပေါင်းပြီး ရေးဆွဲခဲ့လေ သလားလို့ ပြောကြတယ်။

လွှတ်တော်ထဲ မှ ခေါင်းပေါင်း နှင့် ခြုံပ၀ါ နှင့် ကိုယ်စားလှယ် တော်ကြီးများ တိုင်းပြည် နှင့် လူမျိုးကို တကယ် ချစ်ရဲ့လား။ တိုင်းပြည် နှင့် လူမျိုး အတွက် မိမိ၏ အကျိုး၊ မိမိ ပါတီ၏ အကျိုးကို စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ် စေတနာ ရှိပါရဲ့လား။ မိမိထက် တော်သူ၊ မိမိထက် တတ်သူ၊ မိမိ ထက် အရည် အချင်း ပိုမိုပြည့်ဝသူ ကို ခေါင်းဆောင် အဖြစ် နေရာ ပေးနိုင် လောက်အောင် သဘောထားကြီး နိုင်ပါရဲ့ လား။ နှစ်ပေါင်း ၅၀ ကျော် အစစ အရာရာ နောက်ကျ နေတဲ့ တိုင်းပြည်ကြီး ကို တာဝန် သိသိ၊ စေတနာ ရှိရှိနဲ့ အမှန် တကယ် ကယ်တင်ခြင်း ပါသလား။ ပါတီစွဲ ပုဂိ္ဂုလ် စွဲတွေ မထားဘဲ တကယ် တိုင်းပြည် အတွက် ဦးဆောင်မှု ပေးနိုင်မယ့် ထက်မြတ်တဲ့ ပုဂ်္ဂိုလ်၊ ပြည်သူလူထု က လှိုက်လှိုက် လှဲလှဲ ထောက်ခံ တဲ့ပုဂိ္ဂုလ်မြန်မာ အဆင့်ကို မဆို ထားဘိ ကမ္ဘာ့ ခေါင်းဆောင် အဆင့်ဟု သတ်မှတ် ခံရတဲ့ ပုဂ်္ဂိုလ်-မျိုးနှင့် ရိုးနှင့် နိုင်ငံ အတွက် ပေးဆပ်ခဲ့တဲ့ ပုဂ်္ဂိုလ်၊ မြန်မာနိုင်ငံ၏ အပြောင်း အလဲကို တကယ် ဦးဆောင်လမ်း ညွှန်ပေး နိုင်မယ့် ပုဂ်္ဂိုလ်၊ မျိုး မြန်မာနိုင်ငံ မှာ ရှိခဲ့လျှင် အဲဒီလူကို သဘော ထားကြီးကြီး နှင့် ရွေးချယ် လက်ခံ နိုင်မှာလား။ သတိ္တရှိလျှင် သန့်ရှင်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုတွေ နှင့် အတူ ၂၀၁၅ မှာ စီးချင်း ထိုးတဲ့ နိုင်ငံ ရေးမျိုး ပွဲကောင်း တစ်ခုကို ကြည့်ရဖို့ ပြင်သင့်တဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ကြ စို့လား။

မြန်မာပြည် မှာ စစ်အာဏာရှင် စနစ်နှင့် နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ် ခဲ့ပြီးပါပြီ။ တိုင်းပြည်ကြီး ဘာဖြစ် လာခဲ့ သလဲ။ အဆင်းရဲဆုံး၊ အမွဲတေဆုံး၊ အနိမ့် ကျဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ ခဲ့တယ်။ ဒါကို ငြင်းမှာလား။ စစ်အာဏာရှင် အဆက်ဆက် က ဒီလူတွေ၊ ဒီလူတွေပဲ ဘောင်းဘီ ချွတ်ပြီး၊ ပုဆိုးနှင့် တိုက်ပုံ ၀တ်ပြီး ဆက်လက် အုပ်ချုပ် လာခဲ့တယ်။ ဘာမှ ပြောင်းလဲ မလာခဲ့ဘူး။ အဲဒီတော့ အရပ်သား တွေကို တစ်လှဲ့ လောက် အလှဲ့ပေးကြည့် ပါ။ ပြည်သူ လူထု နှစ်သက်တဲ့ ရွေးကောက် တင်မြှောက်  လိုတဲ့ ခေါင်းဆောင် ကောင်းရဲ့ သမ္မတ အဖြစ် လျှောက်သော လမ်းကို သဘောထား ကြီးကြီး အသိပညာ ကြီးကြီး နှင့် စဉ်းစား တွေးတောပြီး၊  တရားမျှတမှု မရှိဘဲ ပိတ်ဆို့ ထားတဲ့ အခြေခံ ဥပဒေ တံခါးကြီးကို ဖွင့်ဖို့ အချိန်တန် ပါပြီ။ တိုင်းပြည် နှင့် လူမျိုးရဲ့ အနာဂတ် အတွက် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထိုက်တန်တဲ့ အသိဉာဏ် နှင့် နှိုင်းယှဉ် ဆောင်ရွက် စေချင်ပါတယ်။ ပြင်သင့် ပြင်ထိုက် တဲ့ အခြေခံ ဥပဒေမှ ပြင်သင့် ပြင်ထိုက် တာတွေကို အမြန်ဆုံး ပြင်စေချင် ပါတယ်။

 မြန်မာ့ သယံဇာတတွေ ကို အချဉ် ဖမ်းနေတဲ့ အိမ်နီးချင်း နိုင်ငံကြောင့် လေ-စစ်အာဏာရှင် တွေ အုပ်ချုပ် ခဲ့တဲ့ ကုန်ဆုံး ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် အချိန်တွေ ကို ပြန်လည် တွေးမိရင် ရင်ထဲမှာ ထိခိုက် နာကျင်မှုကို ခံစားရတယ်။  “Time Past by never recall”ကုန်ဆုံးတဲ့ အချိန်တွေကို ပြန်လည်ပြီး မရနိုင် တော့ဘူး။ ဗိုလ်နေ၀င်း လက်ထက်က စပြီး တိုင်းပြည်ကို စိတ်တိုင်းကျ မလုပ်တတ် မကိုင် တတ်နဲ့ ဖျက်ဆီး ခဲ့တယ်။ အခုလည်း တိုင်းပြည် ကြီးခေတ်နောက် ဆန်ကျန် ရစ်စေမယ့် အမြော် အမြင် နည်းစွာနဲ့ ၂၀၀၈ အခြေခံ ဥပဒေကြီး ကို ရေးဆွဲ အတည်ပြု ပြီး၊ နောင်လာ နောင်သားတွေ ကို ဆိုးမွေတွေ ပေးခဲ့ကြ ပြန်တယ်။ ဒီတော့ အခြေခံ ဥပဒေ ကို အချိန်မီ ပြင်ဆင်ရန် မှ တစ်ပါး အခြားမရှိပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ လူတွေ ရေးဆွဲတာပါ။  ဒီမိုကရေစီ မကျ၊ တရား မမျှတတဲ့ လူတွေ ရေးဆွဲခဲ့တဲ့ ဥပဒေကို ပြင်ရ ခက်ခဲတယ်။ မပြင် ချင်ဘူးဆိုတဲ့ လူတွေဟာ ရူးသွပ်များ နေသလားလို့ တွေးမိ တယ်။ ပြင်ဆင်ဖို့ ဆန္ဒဟာ ပြည်သူ့ ဆန္ဒ မဟုတ်ဘူး။ ပြင်ဖို့ မလိုဘူးဆိုတဲ့ လူတွေဟာ တကယ်ပဲ ဒီလို ထင်လောက် အောင် အသိဉာဏ်များ နည်းရော့ သလား။ ဒီလို အသိဉာဏ်၊ ဒီလို အတွေးခေါ် ဦးနှောက်နဲ့ လွှတ်တော် ထဲ  ရောက်လာလျှင် တော့ တိုင်းပြည်ကြီး ရေစုန် မျောတော့မှာပေါ့။

 ဦးတင်မောင်လတ်



No comments:

Post a Comment