Wednesday, October 9, 2013

ဗမာ့ တပ်မတော်ဆိုတာ......



ဗမာ့ တပ်မတော်ဆိုတာ ကျမ အဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်ပါ။ ဖေဖေကပြုစု ပျိုးထောင်ခဲ့တဲ့ တပ်မတော်ဆိုတာ စကားအရသာမပာုတ်ပါဘူး။  အစစ်အမှန်ပါပဲ။ ဖေဖေကိုယ်တိုင် ခရေစေ့တွင်းကျ
အောက်ခြေကနေစပြီး ဒီတပ်မတော်ကို ဘယ်လိုထူထောင်ရမယ်ဆိုတာ သူ့လက်ရေးနဲ့ ရေးထားတဲ့
စာရွက်စာတမ်းတွေရှိပါတယ်။

အဲဒီတော့ဖေဖေ ကတပ်မတော်အတွက်ဘာရည်မှန်းချက်တွေရှိခဲ့သလဲ။

အဲဒီရည်မှန်းချက်တစ်ခုကို ကျမ ဖတ်ပြပါရစေ။

ဒီတပ်မတော်ပာာ ဒီနိုင်ငံဒီလူမျိုးအတွက် ဒီလူမျိုးတွေကိုးကွယ်ရာ လဲလျောင်းရာ စည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။

ဒီလိုမပာုတ်ဘဲ ဒီတပ်မတော်ပာာဒီနိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာအော့ နှလုံးနာစရာဖြစ်မယ်ဆိုရင်ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်တွေပာာ အလကားဖြစ်သွားတော့မှာပဲ။

အမှန်အတိုင်းပြောပါရစေ။ ကျမပာာ တပ်မတော်ပေါ်မှာအင်မတန် သံယောဇဉ်ကြီးပါတယ်။
ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လည်းဖြစ်တယ်။ ကျမတို့ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ရဲဘော်တွေလက်ထဲမှာကြီးလာတာပါပဲ။

ဒါပေမဲ့ပြည်သူလူထုကြီးကလည်း ဖေဖေ့ပေါ်မှာအင်မတန်မေတ္တာရှိတယ်ဆိုတာ ကျမသိပါတယ်။

ဒီမေတ္တာ တွေ အတွက်လည်းကျမအင်မတန်ကျေးဇူးတင်ပါတယ်။

အဲဒီတော့ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့ပေါ်မှာ အင်မတန် မေတ္တာရှိတဲ့လူထုကြီးကြားပဋိပက္ခမဖြစ်စေချင်ပါဘူး။

တပ်မတော်သားတွေကိုလည်းကျမဒီကပဲမေတ္တာရပ်ခံပါရစေ။

လူထုအားကိုးနိုင်တဲ့တပ်မတော်ကြီး ဖြစ်ပါစေ။

တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့တပ်မတော်ကြီးဖြစ်ပါစေ။

ပြည်သူလူထုကလည်းဖြစ်ပြီးခဲ့တဲ့ပာာတွေကို ကြိုးစားခွင့်လွတ်ပြီး တပ်မတော်ပေါ်မှာမေတ္တာမပျက်ပါစေနဲ့
လို့တောင်းပန်ပါရစေ။

ဒေါ်အောင်ဆန်းစုကြည်(၁၉၈၈) 

No comments:

Post a Comment