Wednesday, October 9, 2013

စည်းလုံးကြဖို့ လိုပါတယ်....


ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ညီတူညီမျှ၊ သာတူညီမျှ၊ ဖဒရယ်ပြည်ထောင်စု၊ အဲ့တာတွေရဲ့အဓိပ္ပါယ်ကို သေသေချာချာ ဖွင့်ဆိုဖို့ အရေးကြီးတယ်။ 

သာတူညီမျှမှုဆိုတာ ဘာလဲ? ရန်ကုန်မှာ ဆေးတက်သိုလ်၂ခုရှိရင် ပြည်နယ်တိုင်းမှာ ဆေးတက္ကသိုလ်၂ခုစိရှိဖို့တော့မဖြစ်နိုင်ဘူးလေ။ အရည်အချင်းပြည့်မီတဲ့ဘယ်တိုင်းရင်းသားမဆို ဒီဆေးတက္ကသိုလ်တွေကို တက်နိုင်ဖို့ပဲ အရေးကြီးတယ်။ ဒါကို တန်းတူအခွင့်အရေးမရဘူးပြောရင်တော့ မမှန်ဘူးလေ။
ဒါမျိုးတော့ တိုင်ရင်းသာတွေဘက်ကနားလည်ပေးဖို့လိုတယ်
ဗမာကစစ်တပ်ရှိတယ်၊ ဒို့လည်းစစ်တပ်ရှိရမယ်ဆိုရင်တော့ ဘယ်တော့မှငြိမ်းချမ်းမှာ မဟုတ် ဘူး။
အမေရိကန်မှာ အဖြူရော အမဲရော အဝါရော အားလုံးအမေရိကန်ပဲ။

ရုံးသုံးစကားလည်း American English ပဲ။ စစ်တပ်လည်းတစ်တပ်ပဲရှိတယ်။ ပြည်နယ်စစ်တပ်လို့ မရှိဘူး။ ကိုယ့်ဘာသာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေကိုတော့ မိမိဘာသာလွတ်လပ်စွာ ကိုးကွယ် ထိန်းသိမ်းသိမ်းစောင့်ရှောက်ခွင့်ရှိတယ်။ ဥပဒေအရာမှာလည်း အားလုံးတန်းတူပဲ။
ဟိုလူမျိုးအတွက် တစ်မျိုး ဒီလူမျိုးအတွက် တစ်မျိုးမရှိစေရဘူး။ 


https://www.facebook.com/PeoplesAge

No comments:

Post a Comment