Wednesday, October 9, 2013

ဧရာဝတီ ဆိုတာ.........


ရာဇ၀င်များရဲ့ သတိုးသမီး
ပန်းဦးတွေ ဆက်ခြင်းခံခဲ့ရပြီ . . .
အသက်သွေးကြောကြီးဆိုပြီး
မဟားဒယား ဖောက်ထုတ်လေကြပြီ ။


ဒါတို့ပြည် ဒါတို့မြေ ဒို့ပိုင်တဲ့မြေ
ဟုတ်ပါလေစ . . . . ။
လူကိုသတ် ပြည်ကိုဖြတ် အမွေကိုရောင်း
သမိုင်းကို သစ္စာဖောက် . . .
ခေတ်သစ် ငဇင်ကာတွေကို
ဘယ်သူတွေ တံကျင်လျှိုပြီး သတ်မလဲ . . .။


အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့အောက်မှာ
ဧရာဝတီကို မျက်နှာပြောင်ပြောင်နဲ့ . . .
ရောင်းထုတ်လို့ကောင်းနေတုန်းလား ။
ကတိဆိုတာ ပါးစပ်ကထွက်ပေမယ့်
ထာဝစဉ်တည်ရမယ်ဆိုတဲ့ ဦးနှောက်တွေ
ငွေနောက်လိုက်သွားပြီလား . . .။
အသွေးကိုစုတ် အသားကိုစား အရိုးကိုထုတ်
အရေကိုလှန် မြန်မာမှာ ဘာကျန်သေးလဲ . . .
မြန်မာမှာ ဘာကျန်သေးလဲ . . . ။

ပြည်ပအားကိုး ပုဆိန်ရိုးတဲ့လား . . .
အမှောင်ထဲမှာပဲ နေပါ့မယ်
ဧရာဝတီကို ရှင်ခွင့်ပေးပါ . . . ။
ဧရာဝတီကို စီးဆင်းခွင့်ပေးပါ . . .။
ဧရာဝတီကို အပျိုစင်လေးလို ထိန်းပေးပါ . . .။
ဧရာဝတီကို ဘိုးဘေးဘီဘင်လို လေးစားပါ . . ။

ဧရာဝတီကို ကယ်တင်ပါ . . . . ။

(ဓာတ်ပုံစာသားလေးကို ခွင့်မတောင်းဘဲ အသုံးပြုမိတဲ့အတွက် တောင်းပန်ပါ၏)


ဒီကနေကူးထားတာပါ....

No comments:

Post a Comment