Friday, November 29, 2013
ကမ္ဘာလောကရဲ့ သမီး
ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။
အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။
သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လားသမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊
ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊
သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။
(ဌေးအောင်)
ဓမ္မ 
ဒီမိုကရေစီတိုက်ပွဲကြီးထဲက ကိုညို
ငါတို့ရရှိခဲ့တာ
ဝေးကွာခြင်းနဲ့ ကွေ့ကွင်းရခြင်း
ငါတို့လိုချင်ခဲ့တာ
အောင်မြင်မှုရဲ့ ပန်းတိုင်သရဖူ
ဘဝမှာ
ဘာမှမစံရသေးခင်
အမိဝေး အဖဝေး
မျှော်လင့်ချက်ဝေးဝေးတွေနဲ့
အဝေးစံနေရတဲ့သူလေ
အနုပညာကိုမြတ်နိုး
အမှန်တရားကိုခုံမင်
အပေါင်းအသင်းကိုငြိတွယ်
မငြိတွယ်ခဲ့တဲ့
ငွေစကြေးစတွေကိုတော့ ပစ်ခွာလို့
အမှန်တရားလမ်းကြောင်းထဲကို
ရဲရဲဝံ့ဝံ့
လျှောက်လှမ်းခဲ့တာလေ
ကိုညိုရေ ....
မျက်ရည်စက်များကို သိမ်းခေါက်
မတိမ်းမှောက်တဲ့
ငါတို့နှလုံးသွေးများနဲ့
ဒီအာဏာရူး
စစ်ဘီလူးတို့
သိမ့်သိမ့်မှောက်မှောက်
တုန်ခါစေရမှာပေါ့
ကိုညိုရေ ....
လောကကို သက်သေတည်
နှောင်းလူမှာ
ရာဇဝင်တွင် ကျန်ရစ်မယ့်
ငါတို့များရဲ့ “ကိုညို”
ကိုညိုရေ ....
ယနေ့ယခုချိန်မှာ
ပန်းလိုကြွေ မြေမှာဝပ်စင်းနေရပေမယ့်
အများတောင့်တခဲ့တဲ့
ဒီမိုကရေစီအောင်ပွဲကြီးဟာ
မနှောင်းတော့မယ့်
အရုဏ်ဦးနဲ့ အတူ
ဤ အာဏာရူး စစ်ဖိနပ်အောက်က
ငါတို့
လွတ်မြောက်ရမှာပေါ့။ ။
မိုးမခ
ဓမ္မ 
နိုင်ငံဆင်းရဲစေသော အဓိကအချက်များနှင့် အစိုးရသူခိုးဝါဒ
ကမ္ဘာလူဦးရေသန်း(၆၀၀၀)ရှိတဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာ စစ်တမ်းတွေ ကောက်ယူချက်အရတော့
သန်း(၁၀၀၀)ဟာ ဖွံ့ဖြိုး မှု ကောင်းမွန်တယ်တဲ့။ ရှေ့တန်းရောက်တယ်ပေါ့ဗျာ။ အမေရိကတို့ ဥရောပ
နိုင်ငံတွေ အဲ့လိုမျိုးပေါ့။ နောက်ထပ်ဝမ်းသာစရာတစ်ခုက ကျန်တဲ့ သန်း(၅၀၀၀)ထဲမှာ သန်း(၄၀၀၀)ဟာ ဖွံ့ဖြိုးတိုးတက်မှုလှေကားပေါ်ကိုရောက်နေပြီတဲ့။ အဲ့ဒီသန်း(၄၀၀၀)ထဲကနိုင်ငံတွေက တချို့ကြတော့ နိုင်ငံ အလိုက်ဖွံ့ဖြိုးမှုရှိကြသလို တချို့လည်းပြည်တွင်းထဲမှာ နေရာတွေကွက်ပြီး ဆင်းရဲချမ်းသာကွာခြားတာပေါ့။ ဥပမာအိန္ဒိယ လိုပေါ့ဗျာ။ ဒီသန်း(၄၀၀၀)အတွက်ကပှုစရာမလိုဘူး သူတို့က လုံးဝကို တိုးတက်ဖို့ သေချာ
သလောက်ဖြစ်သွားပြီပေါ့။ ဒါပေမဲ့ နောက်ကျန်တဲ့သန်း(၁၀၀၀)ကတော့ ဖွံ့ဖြိုးတိုးတက်မှုကို အစရှာလို့ မရသေးဘူး။
အဲ စိတ်မကောင်းရာတစ်ခု ဖြစ်နေတာက ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အဲ့ဒီသန်း(၁၀၀၀)ရဲ့
အောက်ဆုံးနားမှာရောက်နေတာပဲ။ ဆင်းရဲပြီးကျန်ခဲ့တဲ့ သန်း(၁၀၀၀)က နိုင်ငံပေါင်း(၅၉)နိုင်ငံပါဗျာ။
အဲ့ဒီမှာနိုင်ငံတွေရဲ့ဆင်းရဲရတဲ့ အချက် တွေရှိတာပေါ့။ သုတေသနပြုချက်တွေအရတော့ နိုင်ငံတစ်နိုင်ငံဟာ အချက်လေးချက်ထဲက တစ်ချက်ချက်နဲ့ ညိနေတယ်ဆိုရင် တိုင်းပြည်ဆင်းရဲပါတယ်တဲ့ဗျာ။ အဲဒီလေးချက်
ကတော့ -
လက်နက်ကိုင်တွေရဲ့ပြဿနာ ဘယ်လောက်ကြီးမားနက်ရှိုင်းလဲ
 ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ
ပြီးရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ကိစ္စပါ။
အစိုးရဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့
ပြဿနာအရပ်ရပ်ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့
မရပါဘူး။
ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ
ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။
Wednesday, November 27, 2013
သရဲနီတပ်ဖွဲ့
အချစ်နှင့် သူငယ်တန်းဖတ်စာ
A - apple, arrow  ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား..
ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓါးပါးပါးလေးနဲ့ မင်းကိုယ်တိုင် စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ ချစ်သူ... တသက်လုံးစာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ မင်းပစ်ခဲ့တာလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့ ကိုယ့်မှာတော့ အခုချိန်ထိ တ.. လှပ်.. လှပ်..
B - bird, bell ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက် မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လလေးရဲ့ တစ်ဆယ့်ကိုးရက်တဲ့... ကိုယ်ပြန်ပြောရင် မင်းနှုတ်ခမ်းလေးတွေ တင်းနေအောင်စေ့ပြီး ပြုံးပြဦးမှာပဲနော်... ဟက်ကနဲ ကျေနပ်ကြည်နူးစိတ်တွေနဲ့ မင်းရယ်မောလိုက်မယ် ဆိုရင်ကော နားဝင်ချိုလွန်းတဲ့ ခေါင်းလောင်းသံလေးတွေလို ကိုယ့်နားထဲကို ပြေးဆော့တိုးဝင် လာဦးမှာပေါ့ ချစ်သူလေးရယ်...
Monday, November 25, 2013
ပုဂံရှေးဟောင်း နယ်မြေတွင် နေရာဒေသ ကျယ်ပြန့်မှုနှင့် လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူပြီး နိုင်ငံခြားသား တိုးရစ်များ၏ အကြံအဖန် လုပ်ပုံများ
ကျွန်တော်တို့ ပုဂံရှေးဟောင်း နယ်မြေတွင် နေရာဒေသ ကျယ်ပြန့်မှုနှင့်
လုံခြုံရေး အားနည်းချက်များကို အခွင့်ကောင်းယူပြီး FIT ခေါ် ခရီးစရိတ် ချွေတာသည့်
နိုင်ငံခြားသား တိုးရစ်များ၏ အကြံအဖန် လုပ်ပုံများကို ဓာတ်ပုံနှင့်တကွ သက်သေပြလိုပါသည်။ 
တိုးရစ်အချို့သည် စရိတ်ချွေတာသည့် အနေနှင့် ပုံတွင် မြင်တွေ့ရသည့်အတိုင်း
ဂူဘုရားများပေါ်တွင် ညအိပ်ခြင်း၊ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားသည့်
ဘုရားများပေါ်တွင် ဖိနပ်စီးခြင်း များကို ပြုလုပ်နေကြကြောင်း တွေ့မြင်နေရပါသည်။
ပုံတွင် တွေ့မြင်ရသည်မှာ ဂျာမန် အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်တို့သည် ပုဂံ ရွှေဆံတော် ဘုရားပေါ်တွင် Sleeping Bag များ ယူလာပြီး အိပ်စက်နေခြင်း၊ အမျိုးသမီးက
ဖိနပ် စီးထားခြင်း တို့ကို ၂၂.၁၁.၂၀၁၃ နေ့၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က နေထွက် ကြည့်ရန် ရောက်ရှိလာစဉ် အမှတ်တမဲ့ တွေ့ရှိပြီး ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ လုပ်၍ရမှန်း သိလျှင် နောင်တစ်ချိန် ပြဿနာပေါင်း များစွာ ပုဂံတွင် ကြုံတွေ့
လာရမည့် အရေး ရင်လေးပြီး ဤစာကို ပေးရခြင်း ဖြစ်ပါသည်။ ထိရောက်စွာ
စိစစ်အရေးယူရန် သင့်ပါပြီ။ 
(ဘုရားဖူး ခရီးသွားတစ်ဦး)
The Voice Weekly
မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်
‘အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်းမှာ ချစ်သူ ကိုစစ်နိုင် နဲ့အတူ မင်္ဂလာပွဲ ဆင်နွှဲတော့မှာဖြစ်ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ ချစ်သူနှစ်ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင် စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့ အိမ်ထောင် ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
အမေ
ရီဝေနေတေဲ့ အမေ့ အတွေးတွေမှာ
သားသမီးတိုင်းရဲ့ ပုံရိပ်တွေ 
မပြတ် ပြေးလွှား နေတာပါ...
ခွဲခွာ ရကာနီး တစ်ဖြည်းဖြည်း ရောက်လာပြီမို့
ဖွင့်မပြောရက်တဲ့ နှုတ်ဆက် စကားတွေက ရင်နဲ့ အပြည့် နေမှာပါပဲ...
တရားရိပ်ဆိုတာ အေးချမ်းပေမယ့်
သံယောဇာဉ် ဆိုတာကလည်း 
ရစ်နှောင်မှုက ကြီးမားလွန်းတာကြောင့်
အမေ..ဝေခွဲရ ခက်နေမလားဟင်...
စိတ်ချ လိုက်ပါအမေရယ်...
သူ့အိုးနဲ့ သူ့ဆန် တန်မယ့် သူတွေ ချည်းပါပဲ..
အမေ့ ခွင့်လွှတ် နားလည် မှုတွေ အတွက် သား၊သမီး တွေ လိမ္မာ ရေးခြား ရှိခဲ့ပါတယ်...
ဒါပေမယ့် သူတို့ လည်း သူတို့ရဲ့ မိဘဝတ်တရားကို
အမေ့လို ဖြည့် နေကြတုန်းမို့
ပျက်ကွက်ခဲ့တာ ရှိ ရင် ခွင့်လွှတ်ပါ အမေ...
            မိဝေးသားရီဝေနေတေဲ့ အမေ့ အတွေးတွေမှာ
သားသမီးတိုင်းရဲ့ ပုံရိပ်တွေ
မပြတ် ပြေးလွှား နေတာပါ...
ခွဲခွာ ရကာနီး တစ်ဖြည်းဖြည်း ရောက်လာပြီမို့
ဖွင့်မပြောရက်တဲ့ နှုတ်ဆက် စကားတွေက ရင်နဲ့ အပြည့် နေမှာပါပဲ...
တရားရိပ်ဆိုတာ အေးချမ်းပေမယ့်
သံယောဇာဉ် ဆိုတာကလည်း
ရစ်နှောင်မှုက ကြီးမားလွန်းတာကြောင့်
အမေ..ဝေခွဲရ ခက်နေမလားဟင်...
စိတ်ချ လိုက်ပါအမေရယ်...
သူ့အိုးနဲ့ သူ့ဆန် တန်မယ့် သူတွေ ချည်းပါပဲ..
အမေ့ ခွင့်လွှတ် နားလည်မှုတွေ အတွက် 
သား၊ သမီး တွေ လိမ္မာ ရေးခြား ရှိခဲ့ပါတယ်...
ဒါပေမယ့် သူတို့ လည်း သူတို့ရဲ့ မိဘဝတ်တရားကို
အမေ့လို ဖြည့် နေကြတုန်းမို့
ပျက်ကွက်ခဲ့တာ ရှိ ရင် ခွင့်လွှတ်ပါ အမေ...
မိဝေးသား
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၀ဝ ကျော်အနက် ရိုဟင်ဂျာဆိုသည့် လူမျိုးစုမည်သည့်အခါကမှမရှိခဲ့
25-11-2013
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ၌ ကျင်းပသည့် (၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေဆထွညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်ပြောကြား
-----------------------------------------------------------------------------
(၆၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ၏ အစည်းအဝေးကို နိုဝင်ဘာ 
 ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့၌ ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊ အီရန်နှင့်
 မြောက်ကိုရီးယား နိုင်ငံတို့၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းများကို အရေးယူ ဆုံးဖြတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံဖြတ်ချက်အချို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်က ကန့်ကွက်ပြောကြားမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
*** ဗမာ့စစ်တပ်နဲ့တိုက်တဲ့ ပြင်သစ်ရုပ်ရှင် the Burma Conspiracy (Largo Winch-2) ***
The Lady ရုပ်ရှင် မတိုင်မှီ တစ်နှစ်နီးပါးကထွက်ရှိ တဲ့ ပြင်သစ်ရုပ်ရှင် ကားကြီးတစ်ခုကတော့ 
the Burma Conspiracy (Largo Winch-2) ဖြစ်ပါ တယ်။
၂၀၁၁ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ခဲ့ခြင်း ဖြစ်ပြီး ဥရောပတင်မက ဟောလိဝုဒ်အသိုင်းအဝိုင်းထိပါ
 အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအရသော ဗမာ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။
ပြင်သစ်မှာ W group ကုမ္မဏီပိုင်ရှင် ဟာ မမျော်လင့်ပဲ သေဆုံးခဲ့ပါတယ်။ သူဌေးဟာ ဘီလျံနာ တစ်ဦးဖြစ်ပြီး စီးပွားရေးတင်မကပဲ ပရဟိတ လုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်သူ ဖြစ်ပါတယ်။
သူ့ရဲ့သေဆံးမှု ဟာ သွေးရိုးသားရိုးမဟုတ်ပဲ ဗမာ့စစ်တပ်တွေနဲ့ တိုက်ရိုက်ဆက် စပ်နေတယ်လို့ ဆိုပါတယ်။ (ဇာတ်လမ်းထဲမှာ မြန်မာလို့မသုံးပဲ Burma မြန်မာလို့သာ သုံးသွားပါတယ်။)
အမျိုးသမီးများသို့
အမျိုးသမီးများသို့
လက်မထပ်ရသေးငြား....တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား....လွဲမှားခဲ့သော်
အရှက်ရလိမ့်
လက်မထပ်ရသေးငြား....တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ......မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား.......အခွင့်အရေး
များမပေးနှင့်...ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်.........အကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား
မည်သို့မည်ပုံ.......ယုံအောင်လှည့်ဖျား
အတည်ယူမည်...........ဘယ်သို့ယူမည်
ကြည်ဖြူပါဟု......သွေးသားအမှု
ခံခဲ့လေသော်.........မယုံမှားနှင့်
ကိလေသာစိတ်...........ခဏသာယာ
ပြီးခဲ့လေသော်...........နောင်တတရား
ရင်ဝယ်ပိုက်...............ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။
မိန်းခလေးများအထူးသဖြင့် အချစ်ကြီးတာသက်သက် လိုက်လျောတာအားနာတာသက်သက်
မလိုက်လျောအားမနာလို့ ကိုယ့်ကိုပစ်သွားတော့လည်းဂျောင်းပေါ့ကွယ်
တကယ်ချစ်ရင် အဲဒါကြောင့်တော့ကိုယ့်ကိုထားမသွားနိုင်ပါဘူး
ဟုတ်တယ်မလား??
ညီမငယ် အမကြီးများ မိမိရဲ့တန်ဖိုးရှိတဲ့ဘဝကို
တန်ဖိုးရှိတဲ့အချိန်မှသာ ပေးအပ်သင့်ပါတယ်
အချိန်မတိုင်ခင်ပေးရင်တန်ဖိုးကျတယ် တန်ဖိုးမဲ့တယ်
တန်ဖိုးကျရင်ကိုယ့်ကိုအထင်သေးတယ် ပြီးရင်သူတို့က
စွန့်ပစ်သွားကြရောလေ ။ ။
ခင်မင်လျက်
ကောင်ကလေးလက်မထပ်ရသေးငြား....တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား....လွဲမှားခဲ့သော်
အရှက်ရလိမ့်
လက်မထပ်ရသေးငြား....တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ......မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား.......အခွင့်အရေး
များမပေးနှင့်...ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်.........အကျိုးနည်းလိမ့်
လက်မထပ်ရသေးငြား
မည်သို့မည်ပုံ.......ယုံအောင်လှည့်ဖျား
အတည်ယူမည်...........ဘယ်သို့ယူမည်
ကြည်ဖြူပါဟု......သွေးသားအမှု
ခံခဲ့လေသော်.........မယုံမှားနှင့်
ကိလေသာစိတ်...........ခဏသာယာ
ပြီးခဲ့လေသော်...........နောင်တတရား
ရင်ဝယ်ပိုက်...............ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။ ။
မိန်းခလေးများ အထူးသဖြင့်
အချစ်ကြီးတာသက်သက်
လိုက်လျောတာအားနာတာသက်သက်
မလိုက်လျောအားမနာလို့ ကိုယ့်ကိုပစ်သွားတော့လည်းဂျောင်းပေါ့ကွယ်
တကယ်ချစ်ရင် အဲဒါကြောင့်တော့ကိုယ့်ကိုထားမသွားနိုင်ပါဘူး
ဟုတ်တယ်မလား??
ညီမငယ် အမကြီးများ မိမိရဲ့တန်ဖိုးရှိတဲ့ဘဝကို
တန်ဖိုးရှိတဲ့အချိန်မှသာ ပေးအပ်သင့်ပါတယ်
အချိန်မတိုင်ခင်ပေးရင်တန်ဖိုးကျတယ် တန်ဖိုးမဲ့တယ်
တန်ဖိုးကျရင်ကိုယ့်ကိုအထင်သေးတယ် ပြီးရင်သူတို့က
စွန့်ပစ်သွားကြရောလေ ။ ။
ခင်မင်လျက်
ကောင်ကလေး
အနာဂတ်မြန်မာနိုင်ငံတော်
"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာကဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။" လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသားခေါင်းလေး ပုဝင်သွားသည်။
ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော်ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန်
 ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့်ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။
"ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်းဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ
ကြည့်လိုက်ဦးမယ်။ အော်... မင်းကဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခုမင်းလာတာ  အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့စလုံးက
ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရအလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲအိုဗာစတေးတွေလဲ မနည်းဘူး။
ကဲ.. ကဲ... သွားတော့။" လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုး
လျှောက်သွားသည်။
အရက်သောက်တတ်သည့် အမျိုးသမီးများ ရင်သားဆိုင်ရာရောဂါ ဖြစ်နိုင်ခြေမြင့်…
 ဆယ်ကျော်သက် အရွယ်တွင် အရက်သောက်သည့် အလေ့အထ ရှိခဲ့သော အမျိုးသမီးများအနေနှင့် အသက်အရွယ် ကြီးရင့်လာချိန်တွင် ရင်သား၌ ရောဂါများဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာလေ့ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။ အထူးသဖြင့် အသက်(၂၀)၀န်းကျင်တွင် အရက်သေစာ သောက်စား
မှုကို စွဲမြဲပြုလုပ်ခဲ့ပါက ရင်သားကင်ဆာ မဟုတ်သော အခြားရောဂါများ ဖြစ်နိုင်ခြေ တိုးမြင့်လာနိုင်ကြောင်း Pediatrics ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။
ခရိုနီ စီးပွားရေးထိပ်သီး မစ္စတာ သံယံဇာတ (ခေါ်) ဦးအောင်ကိုဝင်း (KBZ)
ခရိုနီ စီးပွားရေးထိပ်သီး မစ္စတာ သံယံဇာတ (ခေါ်) ဦးအောင်ကိုဝင်း (KBZ)
ဧရာဝတီ ဘာသာပြန် ဆောင်းပါးတစ်ပုဒ်
ဒဏ်ခတ် အရေးယူမှုတွေကနေ လွန်မြောက်တဲ့ကာလမှာ နိုင်ငံပေါင်းစုံက စီးပွားရေးသမားတွေနဲ့ ရှေ့ဆက် ဆက်စပ်ဆောင်ရွက်ဖို့ မျှော်လင့်ချက်နဲ့  စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ သူတို့ရဲ့ပုံရိပ်ကို အမြင်ကောင်းအောင်လုပ်တာ၊ စီးပွားရေးလုပ်ငန်းစုကြီး တခုလုံးကို ပြန်လည်ပြင်ဆင် မွမ်းမံနေကြတာတွေရှိသလို တချို့တွေကတော့ သူတို့ကို ကြွယ်ဝစေခဲ့တဲ့ အာဏာရှင်တွေနဲ့ ပြန်ပေါင်းထုတ်နေပုံရပါတယ်။ အဲဒီထဲမှာ ဦးအောင်ကိုဝင်းက ထင်ရှားပါတယ်။
ဦးအောင်ကိုဝင်း ဥက္ကဋ္ဌလုပ်တဲ့ ကမ္ဘောဇအဖွဲ့ (KBZ Group) ဟာ လေကြောင်းလိုင်း ၂ ခု၊ တိုင်းပြည်ရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်နဲ့ အကျိုးမြတ်များတဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်တွင်း လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားတာပါ။ ကျောင်းဆရာဟောင်း တဦးဖြစ်တဲ့  ဦးအောင်ကိုဝင်းဟာ အရင်စစ်အစိုးရမှာ ဒုတိယ အာဏာအရှိဆုံးဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဆက်နွယ်ပြီး စတင်ချမ်းသာလာသူဖြစ်ပါတယ်။
အဲ့ဒီလိုပတ်သက်မှုကြောင့်ပဲ သူနဲ့ သူ့အမျိုးသမီး နန်းသန်းထွေးတို့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမယ့် စာရင်းထဲ သွင်းခဲ့ပါတယ်။ ဒါကြောင့် သူ့သမီး ၃ ယောက်ထဲက နန်းလန်းခမ်းကို သူ့အရိုက်အရာ ဆက်ဆံစေပြီး စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူစေခဲ့ပါတယ်။ ဒီမိသားစုဟာ “သိပ်ကို အရှက်အကြောက်ကြီးတယ်၊ သိပ်ကို ဘာသာရေး ကိုင်းရှိုင်းတယ်၊ သိပ်ကို စိတ်ကောင်းနှလုံးကောင်းရှိတယ်” လို့ ကမ္ဘောဇအဖွဲ့ အတိုင်ပင်ခံ ဦးညိုမြင့်က ပြောပါတယ်။
မီဒီယာနဲ့ ကင်းကင်းရှင်းရှင်းဖြစ်အောင် နေပေမယ့် သက္ကလပ်ဦးထုပ်ဆောင်းလို့ ရေဘင်မျက်မှန်တတ်ပြီး စိန်ရွှေနာရီ ပတ်ထားတဲ့ ဦးအောင်ကိုဝင်းကို ကမ္ဘောဇလေယာဉ်တစီးပေါ်မှာ ဇန်နဝါရီလက အမှတ်မထင် တွေ့လိုက်ရပါတယ်။ တွေ့ဆုံမေးမြန်းဖို့ ကြိုးစားပေမယ့် လေယာဉ်မှူးက ယာဉ်မောင်းအခန်းကထွက်လာပြီး မောင်းထုတ်တာမို့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့သမီး နန်းလန်းခမ်းနဲ့ ဦးညိုမြင့်တို့ကတော့ ရန်ကုန်က ကမ္ဘောဇဘဏ်ရုံးချုပ်မှာ တွေ့ဖို့ သဘောတူခဲ့ပါတယ်။
ဦးအောင်ကိုဝင်းဟာ အာဏာရှင်ဟောင်းတွေနဲ့ နီးနီးကပ်ကပ် အဆက်အသွယ်ရှိခဲ့သူပါ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အတူ ကျောက်စိမ်းတုံးတွေ စစ်ဆေးနေတဲ့ သူ့ဓာတ်ပုံတွေနဲ့ ဘဏ်နံရံတွေကို တန်ဆာဆင်ထားပါတယ်။ ၁၉၉၀ အစောပိုင်းကာလ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး တိုင်းမှူးတာဝန်ယူခဲ့တဲ့ ရှမ်းပြည်နယ် ဒေသတခုက ပတ္တမြားနဲ့ နီလာမိုင်းတွေကနေ သူရဲ့ချမ်းသာကြွယ်ဝမှု စတင်ခဲ့တာဖြစ်ပါတယ်။ “ကျမဖေဖေက စွန့်ဦးတီထွင်လုပ်ငန်းရှင် တဦးပါ” လို့ နန်းလန်းခမ်းက ဆိုပေမယ့် ၂၀၀၈ ခုနှစ်က အမေရိကန်သံတမန်တွေနဲ့ တွေ့ဆုံပွဲတခုမှာတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက သူ့ကို ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ပိုင်ခွင့်တွေ ပေးခဲ့ကြောင်း၊ ပြီးတော့ သူတို့ ၂ ယောက် အခုအထိ နီးနီးကပ်ကပ်ရှိနေကြောင်း ဦးအောင်ကိုဝင်းက ဝန်ခံခဲ့ပါတယ်။
ဒီပုဂ္ဂိုလ်ရေးရင်းနှီးမှုနဲ့ နွေးထွေးတဲ့ဆက်ဆံရေးကပဲ သူရဲ့ ပြိုင်ဘက် သမဝါယမဘဏ်နဲ့ မြန်မာ အင်တာနေရှင်နယ် လေကြောင်းလိုင်းကို ပိုင်ဆိုင်ခွင့် ၂၀၁၀ ခုနှစ်တုန်းက အငြင်းပွားရာမှာ အလေးသာစေခဲ့တာပါ။ နောက်ဆုံး ကမ္ဘောဇဘဏ်က လေကြောင်းလိုင်းရဲ့ ၈၀ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။ သမဝါယမဘဏ်ကတော့ သြဇာကြီးတဲ့ အစိုးရအပေါင်းအပါနဲ့ ပဋိပက္ခဖြစ်တိုင်း အခြေအနေကောင်းပါ့မလားလို့ စိုးရိမ်ပူပန်တတ်ကြတဲ့ ငွေအပ်နှံသူတွေက ငွေပြန်ထုတ်ကြတဲ့ဒဏ်ကို တောင့်ခံခဲ့ရပါတယ်။
ကမ္ဘောဇဘဏ်လည်း နောက်နှစ်မှာ အလားတူအဖြစ်မျိုး ခံရတာပါပဲ။ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ရာထူးက အထုတ်ခံရမယ်လို့ ကောလာဟလတွေ ထွက်လာတာမို့ ငွေအပ်နှံထားသူတွေက သူတို့ငွေတွေကို ကမ္ဘောဇဘဏ်ကနေ အလုံးအရင်းနဲ့ ပြန်ထုတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ မက်ကွာရီ တက္ကသိုလ် (Macquaire University) က မြန်မာ့ဘဏ်ရေးရာကျွမ်းကျင်သူ စီပွားရေးပညာရှင် ရှောင် တာနယ် (Sean Turnell) က “ငွေအပ်နှံသူတွေက ဦးအောင်ကိုဝင်းရဲ့  ကံကြမ္မာလည်း ဆုတ်ရက်ကိုရောက်နေပြီလို့ စိုးရိမ်မှုတွေ ရှိနေခဲ့ကြပါတယ်” လို့ ရေးခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး မက်သာဖက်တမင်း (Methamphetamine) အဓိကတင်ပို့တဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ ငွေမဲတွေ ခဝါချတယ်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့ဘဏ်လုပ်ငန်းဟာ အစွန်းထင်ပေမယ့်လည်း ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာခဲ့ပါတယ်။
အမေရိကန်နဲ့ ဂျပန်အရာရှိတွေပါတဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်အဖွဲ့ (Financial Action Task Force) တဖွဲ့ မြန်မာပြည်ကို ၂၀၀၆ ခုနှစ် အလည်အပတ် သွားရောက်ခဲ့အပြီးမှာ ကမ္ဘောဇဘဏ်အနေနဲ့ “ငွေမဲခဝါချမှု တိုက်ဖျက်ရေး (Anti-Money Laundering) နဲ့ပတ်သက်ပြီး လေးစားလိုက်နာတတ်တဲ့ယဉ်ကျေးမှု အားနည်းတယ်” လို့ ကောက်ချက်ချခဲ့ကြောင်း ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်ထဲမှာ ရေးသားထားပါတယ်။ ရွှေ၊ ကျောက်မျက်ရတနာတွေ၊ ကျောက်စိမ်းတွေနဲ့  ကုန်သွယ်နေတာဟာ ငွေခဝါချမှုအတွက် “အခွင့်အလမ်းကြီးတွေ ဖြစ်စေတယ်” လို့လည်း အဲ့ဒီအဖွဲ့က မှတ်ချက်ပေးခဲ့ပါသေးတယ်။
ကမ္ဘောဇဘဏ်ကတော့ အဲဒီစွပ်စွဲချက်တွေအပေါ် ငြင်းဆန်ခဲ့ပါတယ်။ ဘဏ်ရဲ့ကြေညာချက်ထဲမှာ “ကမ္ဘောဇဘဏ်အနေနဲ့ ငွေခဝါချမှုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ စိတ်အားထက်သန်စွာနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်” လို့ ဆိုထားပါတယ်။
ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းတွေက ကမ္ဘောဇကို ငွေဖြစ်နေစေပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်မျက်ပြပွဲတွေ ၃-၄ လ တကြိမ် ကျင်းပပြီးတိုင်း ကမ္ဘောဇက ကျောက်မျက်ရောင်းရငွေ ဒေါ်လာ သန်း ၄၀ နဲ့ ၅၀ အကြား စုမိတယ်လို့ ကုမ္ပဏီပိုင် စာရွက်စာတမ်းတွေအရ သိရပါတယ်။ ဒီထဲမှာ ကြားဖောက် ရောင်းတာတွေ မပါပါဘူး။ ၂၀၁၁ ခုနှစ်ကဆို တရုတ်နိုင်ငံသားတယောက်က  ရေညှိရောင် ကျောက်စိမ်းတုံးကြီးကို ဒေါ်လာ ၄၄ သန်းပေးပြီး မြန်မြန်ဆန်ဆန် ဝယ်ယူဖူးခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်အပေါ်ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချရင် ကျောက်မျက်၊ သစ်နဲ့ သဘာဝသယံဇာတ လုပ်ငန်းတချို့နဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေကို ရုတ်သိမ်းဖို့ မဖြစ်နိုင်ဘူးလို့ ဝါရှင်တန်မှာရှိတဲ့ အမေရိကန်အရာရှိတယောက်က ပြောပါတယ်။  ဒီလုပ်ငန်းတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့အတွက် ကန့်သတ်ချက်တွေ ရုတ်သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီဒေသတွေဟာ အရင်ကလိုပဲ မတိုးတက်တဲ့အခြေအနေမှာ ဆက်ရှိနေမှာမို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးအောင်ကိုဝင်း အင်ပါယာရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ကမ္ဘောဇလေကြောင်း (Air KBZ) ဟာ အခုထိ ရုန်းကန်နေရဆဲပါ။ ကမ္ဘောဇ ပြည်တွင်းလေကြောင်းလိုင်းကို ၂၀၁၁ မှာ သူ တည်ထောင်ပြေးဆွဲခဲ့ပါတယ်။ လေကြောင်းလိုင်းမှာရှိတဲ့ လေယာဉ် ၃ စီးထဲက ၁ စီး ဖေဖော်ဝါရီလက သံတွဲလေဆိပ်မှာ ပြေးလမ်းချော်ဖူးပါတယ်။ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၅၁ ယောက်ရဲ့ ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး ဘာမှမသိရပါဘူး။ အဲ့ဒီ ခရီးသည်တွေထဲမှာ မြန်မာနိုင်ငံရဲ့ လူသိအများဆုံး ငပလီကမ်းခြေကို သွားရောက်လည်ပတ်ကြမယ့် နိုင်ငံခြားသားတွေလည်း ပါပါတယ်။
ကမ္ဘောဇလေကြောင်းလိုင်းရဲ့ ဥက္ကဋ္ဌကတော့ သူ့သမီး နန်းလန်းခမ်း ဖြစ်ပါတယ်။ သူက “အဖေ့ဆီကနေ ကျမ အများကြီး လေ့လာဖို့ လိုနေသေးတယ်” လို့ ပြောပါတယ်။ ဆက်ပြီး “ဘဏ်လုပ်ငန်းကိုလည်း ခေတ်မှီတဲ့လုပ်ငန်းဖြစ်အောင်လုပ်ဖို့နဲ့ ကမ္ဘောဇအဖွဲ့ကို ပြန်လည်စုဖွဲ့ဖို့ ကျမတို့ ကြိုးစားနေတယ်” တဲ့။
Reuters သတင်းထောက် Jason Szep နှင့် Andrew R.C. Marshall.
https://www.facebook.com/pages/%E1%80%B1%E1%80%94%E1%82%94%E1%80%85%E1%80%A5%E1%80%B9-%E1%80%B1%E1%80%96%E1%80%B7%E1%80%98%E1%80%AF%E1%80%90%E1%80%B9%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/610354138988667
ဧရာဝတီ ဘာသာပြန် ဆောင်းပါးတစ်ပုဒ်
-----------------------------------------
ဒဏ်ခတ် အရေးယူမှုတွေကနေ လွန်မြောက်တဲ့ကာလမှာ နိုင်ငံပေါင်းစုံက စီးပွားရေးသမားတွေနဲ့
ရှေ့ဆက် ဆက်စပ်ဆောင်ရွက်ဖို့ မျှော်လင့်ချက်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ သူတို့ရဲ့ပုံရိပ်ကို အမြင်ကောင်းအောင်လုပ်တာ၊ စီးပွားရေးလုပ်ငန်းစုကြီး တခုလုံးကို ပြန်လည်ပြင်ဆင် မွမ်းမံနေကြတာတွေရှိသလို တချို့တွေကတော့ သူတို့ကို ကြွယ်ဝစေခဲ့တဲ့ အာဏာရှင်တွေနဲ့
 ပြန်ပေါင်းထုတ်နေပုံရပါတယ်။ အဲဒီထဲမှာ ဦးအောင်ကိုဝင်းက ထင်ရှားပါတယ်။ ဦးအောင်ကိုဝင်း
ဥက္ကဋ္ဌလုပ်တဲ့ ကမ္ဘောဇအဖွဲ့ (KBZ Group) ဟာ လေကြောင်းလိုင်း ၂ ခု၊ တိုင်းပြည်ရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်နဲ့ အကျိုးမြတ်များတဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်တွင်း လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားတာပါ။ ကျောင်းဆရာဟောင်း တဦးဖြစ်တဲ့ ဦးအောင်ကိုဝင်းဟာ အရင်စစ်အစိုးရမှာ 
ဒုတိယ အာဏာအရှိဆုံးဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဆက်နွယ်ပြီး စတင်ချမ်းသာလာသူဖြစ်ပါတယ်။
နေရေးထက် သေရေးခက် ဆိုသည့်အတိုင်း .......
နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ ဖောင်းလောင်ကျေးရွာတွင် နာရေးဖြစ်လျှင်
သင်္ဂြိုဟ်ရန် သုဿာန်မရှိကြောင်း သိရှိရသည်။
ကျေးရွာသုဿာန်မရှိသဖြင့် နာရေးဖြစ်လျှင် အနီးအနား ရွာများ၏ သုဿာန်တွင် ခွင့်တောင်း၍
မြေမြှုပ်သင်္ဂြိုဟ်ရကြောင်း၊ ယခုအခါ အဆိုပါရွာသားများက လက်မခံနိုင်ကြောင်း ပြောကြောင်း ကြားသိရသဖြင့် ဖောင်းလောင်ကျေးရွာအတွက် သုဿာန်မြေနေရာ ၀ယ်ယူခွင့်တောင်းခဲ့သော်လည်း အဆင်မပြေကြောင်း သိရှိရပါသည်။
ဖောင်းလောင်ကျေးရွာသည် ဖောင်းလောင်ဆည်တည်ဆောက်ခြင်းကြောင့် ရေ၀ပ်ဧရိယာ မလွတ်သဖြင့် လက်ရှိရွာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့်ရွာဖြစ်ကြောင်း၊ လက်ရှိနေရာတွင် ကျေးရွာမြေကွက်သာ
ပေးပြီး၊ သုဿာန်အတွက် မြေနေရာသတ်မှတ်ပေးခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ ဒုက္ခဖြစ်နေရကြောင်း
သိရှိရသည်။
စိန်ခေါ်ပွဲ
တရားလိုမှ တရားခံပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး
-------------------------------------------------------------------
သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့်ရေးသားချက်များအပေါ် တရားစွဲဆိုမည်ဟု ကြေညာထားချက်များအား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ်
အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။
ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များစုဆောင်းလျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများစွာခန့်အပ်ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူး ကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြော ကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိကသတင်းစာ အများစုတွင်
ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကိုသာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက
ပြောကြားသည်။
“ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲ အဆင်သင့် ပြင်ထားတယ်။ ပြောချင်တာတစ်ခုပဲရှိတယ်။ တစ်ခါတလေ ကျရင်တရားစွဲတဲ့သူက တရားခံပြန်ဖြစ်သွားတတ်သလို၊ ရှေ့နေကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ်လို့တော့ ကျွန်တော်ပြော ချင်ပါတယ်”ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ပြုပြောကြားသည်။
လာပြန်ပြီ ! ကိုမိုးဟိန်း (သူရိယနေ၀န်း) ၊ ကိုတေဇ နှင့် ကိုအောင်ကိုဝင်း (MAI , Air KBZ , KBZ Bank) တို့ကို စိန်ခေါ်တယ်တဲ့......
ဒီရက်ပိုင်း Facebook တခွင်မှာ ဒီလူသုံးယောက်သတင်း တော်တော်လေး ၀က်ဝက်ကွဲနေပါတယ်..
ကိုတေဇနှင့် ကိုမိုးဟိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၇ တက်ရောက်ခွင့် အတူတူ ရရှိခဲ့သူများ ဖြစ်သည်။ အခုတော့ ကိုမိုးဟိန်းက အမေရိကန်မှ မြန်မာပြည်ပြန်လာပြီး 
ကိုတေဇအား အရောင်တင်ပေးနေလေရဲ့.. ကိုတေဇကလည်း ကိုမိုးဟိန်းကို
ပေါင်ချိန်တွေဆီခေါ်သွားပြီး အရောင်ပြန်တင်ပေးမည်ဟု တရားဝင်ကြေငြာထားသည်.. 
 ပြီးခဲ့သည့် ရက်ပိုင်းက လမ်းဘေးမှာ ဝေနေသော စာတွေအရ ဦးအောင်ကိုဝင်းက ကိုမိုးဟိန်းကို ပိုက်ဆံထုတ်ပေးပြီး ပြိုင်ဘက် ခရိုနီတွေကို ဆော်ပလော်တီးခိုင်းထားသည်တဲ့.. ။
လက်ရှိဦးတေဇ၏ ရုံး အမှတ် ၅ ပြည်လမ်းတွင် တချိန်က ဦးတေဇ ၊ ဦးအောင်ကိုဝင်း ၊
ဦးအောင်သက်မန်း ၊ ဦးလုလု (ခ) ဦးဇော်မင်း တို့အတူတကွ တစ်ရုံးထဲထိုင်ပြီး
 မြန်မာဘီလီယံဂရုပ် (MBG) ဆိုသော ကုမ္မဏီတစ်ခု ထူထောင်၍ အတူတကွ လုပ်ကိုင် ခဲ့ကြသူများဖြစ်ပါသည်.။
ကောက်နှုတ်ချက်များ
နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို ရှာတာဖြစ်နိုင်တာက စပြီးလုပ်တာ၊ နိုင်ငံရေးသမားကောင်းဆိုတာ
 ဖြစ်နိုင်ခြေကို တွက်ချက်နိုင်တာ၊ အခြေအနေအချိန်အခါကို ကောင်းကောင်းကြီးစေ့ငုမိတာ။
ဒါ့ထက်ပိုပြောရရင် နိုင်ငံရေးဆိုတာ ထင်သလောက်မရိုးစင်းဘူး။
                                         - မင်းမဟော် ၏   “၂၀၀၈ အသစ် မဖြစ်သင့်သေးလို့ ပြောကြပြီ”  
                                           Messenger,vol 4, No.21 (14.10.2013) ပါ ကောက်နှုတ်ချက်
 ======================================================
လူကို လူလို တန်ဖိုးထားတဲ့၊ လူ့ အခွင့်အရေးနဲ့  လွတ်လပ်ခွင့်ကို အပြည့်အ၀ပေးတဲ့၊ လူ့ ဂုဏ်သိက္ခာကို လေးစားတဲ့ စနစ်ဟာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံများမှာ နိုင်ငံသားတွေဟာ အသိဉာဏ် အတွေးအခေါ် မြင့်မားဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အသိဉာဏ်၊ အတွေးအခေါ်တွေရှိဖို့ လိုအပ်ပါတယ်။ ဒီလိုအသိဉာဏ်နဲ့ အတွေးအခေါ်တွေမရှိဘဲ ဒီမိုကရေစီကို တလွဲအသုံးချခဲ့ရင်တော့ ဒီမိုကရေစီဟာ Anarchism ဆိုတဲ့ မင်းမဲ့ဝါဒီဘက်ကို ဦးတည် ရောက်ရှိ သွားတတ်ပါတယ်။
                                               - ဦးတင်မောင်လတ် (မွန်ပြည်နယ်-ကျောင်းကျန်းမာရေး)၏
                                                “ရွှေရောင်နေ့ ရက်များကို မြင်တွေ့ ရသောနေ့” မှ ကောက်နှုတ်ချက်
                                                Messenger,Vol -4, No.21 (14.10.2013)
 ======================================================
ပြည်သူတွေစာမတတ်လို့ အသိဉာဏ်နိမ့်ကျရင် ဒီမိုကရေစီစနစ်ကြီး မအောင်မြင်နိုင်ဘူး။ နိုင်ငံရေးသမားတွေရဲ့ လိမ်ညာမှုကို ခံကြရမယ်။
တပ်မတော်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ဟာ ၂၀၀၈ ခုနှစ် ရေးဆွဲထားတဲ့ အခြေခံဥပဒေဟာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လိုမှ အထောက်အကူမပြူဘူးဆိုတာ အမှန်တကယ်ယုံကြည်လာတဲ့နေ့ ဟာ၊ အသိဉာဏ်နဲ့ အတွေး ရင့်ကျက်မှန်ကန်လာလို့ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာကောင်းတွေ ရင်ထဲမှာတကယ်ကိန်းအောင်းလာတဲ့နေ့ ဟာ တိုင်းပြည်အတွက် ရွှေရောင်အနာဂတ်ကို မြင်တွေ့ ရမယ့်နေ့လည်း ဖြစ်ပါတယ်။
                                         - ဦးတင်မောင်လတ် (မွန်ပြည်နယ်-ကျောင်းကျန်းမာရေး)၏
                                          “ရွှေရောင်နေ့ ရက်များကို မြင်တွေ့ ရသောနေ့” မှ ကောက်နှုတ်ချက်
                                          Messenger,Vol -4, No.21 (14.10.2013)
====================================================
                                          -  ဦးဌေးဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
                                            16-10-2013 ရက်နေ့ထုတ် Daily Eleven , Page-5 ပါ 
                                            “ဗုံးများတွေ့ ရှိနေခြင်းသည် တမင်လုပ်ဆောင်နေခြင်းဖြစ်ပြီး
                                            လမ်းလွဲ ရောက်ရှိသွားနိုင်သည့် ထောင်ချောက်ထဲသို့ မ၀င်ရောက်မီ
                                            ဒေါ်အောင်စန်းစုကြည် သတိပေး” မှ ကောက်နှုတ်ချက်