Sunday, November 10, 2013

တော်ပြီပေါ့နော့

စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။

"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်...!"

ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။

"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း ပျော်ရအောင်လို့ နောင်ဘဝကျရင် ဒီပျော်ရွှင်တဲ့အခွင့်အရေးကို တခြားလူဆီ ငါလွှဲခဲ့မယ်"

No comments:

Post a Comment