Sunday, November 10, 2013

အတန်းထဲမှာ ဆရာက မေးရင် ဒီလိုလေးဖြေကြည့်

ဆရာ - မောင်ထုံ.. ကမ္ဘာမြေကြီးရဲ့အလေးချိန်က ဘယ်လောက်ရှိလဲ???
မောင်ထုံ - ဘယ်ကတ္တားနဲ့ချိန်မှာလဲဆရာ။ အရောင်းဒိုင်ကတ္တာလား.. အဝယ်ဒိုင်ကတ္တာလား... 
               ဒါမှမဟုတ် သမာဓိကတ္တာလား??
ဆရာ - သမာဓိကတ္တားကွာ..



 











မောင်ထုံ - ဘယ်ယူနစ်နဲ့လဲဆရာ.. ကီလိုလား၊ တန် လား၊ ပိဿာလား ???
ဆရာ - ကီလိုကွာ...
 
မောင်ထုံ - ဒါနဲ့ဆရာ .. လူတွေအလေးချိန်ကောထည့်တွက်မှာလား..???
ဆရာ - ဒီကောင်တယ်ရှည်ပါလား.. အကုန်ထည့်တွက်ကွာ..
 
မောင်ထုံ - အကုန်ဆိုတာ.. လူအပါအဝင် အဆောက်အဦးတွေ.. လေ..ဓာတ်ငွေ့စတာတွေပါ ပါမှာလား???
ဆရာ - ဟုတ်တယ်ကွာ.. ရှိရှိသမျှ အကုန်ကွာ.. (စိတ်သိပ်မရှည်တော့)

မောင်ထုံ - ဒါဆို ဒဿမ ဘယ်နေနေရာအထိ သိချင်တာလဲ???
ဆရာ - ဒီကောင် စာမေးတာကောင်းကောင်းမဖြေဘူး ကြိမ်လုံးစားချင်ပြီနဲ့တူတယ်..
 
မောင်ထုံ - ကြိမ်လုံးချည်းအလွတ်စားရမှာလား.. တခြားအရံဟင်း၊ အချိုတည်းဖို့ပါသေးလား...
ဆရာ - ကြိမ်လုံးချည်းအလွတ်ကျွေးမှာဟေ့...
 
မောင်ထုံ - ဘယ်အမျိုးအစားလဲဆရာ.. ပဲခူးကြိမ်လုံးလား.. တိုက်ကြီးကြိမ်လုံးလား..
ဆရာ - ထောက်ကြံ့ကြိမ်လုံးဟေ့... မင်းကိုရိုက်မှာ..
 
မောင်ထုံ - ဒီအတိုင်းရိုက်မှာလား။ ရေစိမ်ပြီးမှ ရိုက်မှာလား..
ဆရာ - အေး ရေစိမ်ပြီးမှ ရိုက်မှာ ဒါမှမှတ်မှာ..
 
မောင်ထုံ - ရိုးရိုးရေလား.. ရေသန့်လား..
ဆရာ - တော်ပြီ.. မင်းထိုင်တော့.. မင်းကိုမေးရတာ စာသင်ချိန် တစ်ချိန်ကုန်တော့မယ်.. 
အထာကျတဲ့ အာဂ ဟာသများ

No comments:

Post a Comment