Sunday, November 10, 2013

Glow in the Dark Ice Cream


ရေခဲမုန့် ၀ိဇ္ဇာ ဗြိတိသျှ လူမျိုး Charlie Francis ကဒြပ်ပေါင်း လုပ်ထားတဲ့ Jellyfish protein တွေကိုသုံးပြီး အမှောင်ထဲ မှာ လင်းလက် စေတဲ့ ရေခဲမုန့်ကို တီတွင် ခဲ့ပါတယ်။ ဘာကြောင့် လင်းနေတာ ပါလိမ့်။
Jellyfish တွေရဲ့ ခန္ဓာကိုယ် ထဲက အလင်း ထွက်လာ စေတဲ့ အရာတွေနဲ့ တူတူပဲပေါ့။ စိတ်ပျက်စရာ ဆိုလို့  ဒီအရောင် ထွက် နေတဲ့ ရေခဲမုန့် တစ်ခွက်ကို $220 တောင်ပေး ရတာ တစ်ခုပဲ ရှိပါတယ်။ ဒီတော့ သိပ်မကြာ ခင် အချိန်အတွင်း supermarket က စင်တွေပေါ်မှာ ဒါကို ရှာဖို့ မစဉ်းစား ပါနဲ့လေ။

Glow in the Dark Ice Cream

အကောင်းဘက်က ကြည့်ရင်တော့ ဒီစားစရာက "အတော်လေး အရသာ ကောင်းမွန်ပြီး အန္ထရာယ် လည်း
မရှိပါဘူး" လို့ Francis ကပြောထား ပါတယ်။ "ကျွန်တော် နေရာတိုင်းမှာ တောက်ပ လင်းလက် ဖို့တော့ ထင်မထား ပါဘူး" လို့လည်း သူက ထပ်ပြော ပါတယ်။ Protein တွေက ကျွန်တော် တို့ သွေးကြောထဲ မရောက် ခင်မှာ အစာချေ အဖွဲ့ရဲ့ ချေဖျက် ခြင်းကို ခံကြရ မှာပါ။ ဒါကြောင့် သူဒီလို တွေးစရာ အကြောင်း လုံးဝမရှိ ပါဘူးလေ။ Francis ကထူးခြား ဆန်းပြားတဲ့ ရေခဲမုန့် အရသာ တွေကို အထူးပြု လေ့လာ နေတဲ့ "Lick Me I'm Delicious" ရဲ့ပိုင်ရှင် ဖြစ်ပါ တယ်။ အမဲသား ကင် အရသာ၊ ဆား အရက်စိမ် သကြားလုံး အရသာ၊ မုန်လာ ချောကလက် ဘီစကစ် အရသာ (rhubarb chocolate Macaroons)၊ raspberry mojito၊ Cheddar cheese အရသာ တွေ အပါအ၀င် အရသာ ပေါင်း ၂၀၀ကျော်ကို သူတို့ စမ်းသပ်ခဲ့ ပြီးပါပြီ လို့ Francis ရဲ့ e mail တစ်စောင် မှာ တွေ့ရပါတယ်။

Glow in the Dark Ice Cream

အထက်ပါ အတိုင်း အမည်ရတဲ့ "edible inventor" ကစား လိုက်ရင် ရှောက်သီး တစ်လုံးလို အချဉ်ဓာတ် ပေးပြီး သေချာ အရသာ ခံလိုက်ရင် သကြားလုံး တစ်လုံးလို ချိုလို့ "အံ့ဖွယ် သစ်သီး"လို့ လူသိ များတဲ့ red berry သီးသေးသေး တစ်လုံးကို ရှာဖွေ နေစဉ် လွန်ခဲ့တဲ့ ၆လလောက် ကတည်းက အမှောင် ထဲမှာ လင်းလက် တောက်ပ နေမယ့် ရေခဲမုန့် အကြောင်း ကို စဉ်းစားခဲ့ မိတာပါ။ အဲအချိန် တုန်းက သူဟာ jellyfish နဲ့သူတို့ကို အလင်း ထုတ် ပေးတဲ့ အရာ အကြောင်း သုတေသန စာတမ်း တစ်ခု လုပ်နေခဲ့ တာပါ။ bioluminescence ဆိုတဲ့ သက်ရှိမှ အလင်း ထုတ်ခြင်း အကြောင်း ပေါ့လေ။ "ကျွန်တော် ချက်ချင်းပဲ အဲ ဘာသာရပ် ကို စိတ်နှစ် လိုက် တဲ့နောက် Protein တွေကို ဒြပ်ပေါင်း လုပ်နေ ကြတဲ့ တရုတ်က ဓာတ်ခွဲခန်း တစ်ခုမှာ ရှာတွေ့ခဲ့ ပါတယ်။ အဲဒီနောက် ကျွန်တော့်ကို နမူနာ ပုံစံ လှမ်းပို့ ပေးမယ့် သိပ္ပံ ပညာရှင် တွေကို ဆက်သွယ်ခဲ့ ပါတယ်" လို့ Francis ကပြောပါ တယ်။

Glow in the Dark Ice Cream

ဒါဆို ဒီဟာက ဘယ်လို အလုပ်လုပ် ပါလိမ့်။ "ရေခဲမုန့် ထဲမှာ ကျွန်တော်တို့ အသုံးပြု ထားတဲ့ protein ကသင့်လျှာနဲ့ neutral PH မှာဓာတ်ပြု ပါမယ်။ သင့် ပါးစပ်က protein ကို ပူနွေးလာ စေတာနဲ့ သူ့ရဲ့ PH level မြင့်တက် လာပြီး အရောင်စ တောက်ပ လာမှာပါ" လို့ Francis ကရှင်းပြ ပါတယ်။ ဒီ Protein ကခုမှ စထုတ်လုပ် နေဆဲမို့ 2 grams ကို $320 ၀န်းကျင် ကုန်ကျ သွားတာပါ။ Francis က Halloween မှာ အစိမ်းရောင် လက်နေတဲ့ ရေခဲမုန့်ကို ထုတ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ သူက UV light (ခရမ်းလွန် ရောင်ခြည်) အောက်မှာ တောက်ပတဲ့ quinine (ငှက်ဖျား ဖြတ်ဆေး အဖြစ် သုံးသော ကွီနိုင်ဆေး) ကိုသုံးပြီး အမှောင် ထဲမှာ အရောင် လက် နေစေမယ့် ဂျင် အရက်နဲ့ ရှာလပတ် ရည် တွေကို လည်း တိုးတက် ထုတ်လုပ်ခဲ့ ပါတယ်။ နောက် ရော ဘာများ ထုတ်ဦးမှာ ပါလိမ့်လို့ သူ့ကို မေးကြည့် တော့ "ကိုယ်ပျောက် ရေခဲ မုန့်ကို ကျွန်တော် တကယ် ထုတ်ချင်နေ ပါတယ်။ ရေခဲမုန့် မှာပါတဲ့ ရေခဲ ပုံဆောင်ခဲ လေးတွေ ကြောင့် ဖြစ်တဲ့ အလင်း ယိုင်မှု ရှိနေလို့ ပုံမှန် ဆိုရင် ဒါဟာ မဖြစ်နိုင် ပါဘူး။ ဒါပေမယ့် ကျွန်တော် ကတော့ နည်းလမ်း တစ်ခု တွေ့ကို တွေ့မယ်လို့ ယုံကြည်ထား ပါတယ်" လို့ Francis က ပြောပါတယ်။ 

No comments:

Post a Comment