Sunday, November 10, 2013

*** ပဲပြုတ်နှင့်ကျန်းမာရေး ***



ကျွန်မတို့ မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက်၊ နေထိုင်မှုစံနစ်ပြောင်းလဲလာသည်နှင့်အမျှ၊ အစားအသောက်ပုံစံလည်း ပြောင်းလဲ လို့ လာနေပါပြီ။ မည်သို့ ပင် ပြောင်းလဲစေကာမူ၊ မပြောင်းလဲတာ တစ်ခုကတော့ ပဲပြုတ်စားသုံးသောယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင် လက်ထက်မှစ၍ ယနေ့ ထက်တိုင်
 မြန်မာနိုင်ငံ၏ မြို့ ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံက်ချိန်ခါ တေးသံသာကို ကြားရစမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော်
အဖြစ်တစ်ဖုံ၊ နံပြား/အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာ
သာမရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး။ ပဲပြုတ်သုပ်၊ ပဲပြုတ်ကြော်ဟင်းလျာများအဖြစ်စားသုံးနိုင်သလို၊ ပဲပြုတ်ကိုမျှစ်ဖြင့်ရောကြော်ကာ၊ အရသာရှိရှိ စားသုံးလေ့ရှိကြ၏။ ထို့  ပြင် မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာများဖြစ်ကြသော၊ ရေမုန့် /မုန့် လင်မယား/
ကောက်ညှင်းပေါင်း/လမ်းသရဲမုန့်  တို့ မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။

“ပဲပြုတ်” ဆိုသည်မှာ စားတော်ပဲကိုအညှောင့်ထွက်စေကာ၊ ပဲပွလာအောင်ဆော်ဒါဖေါက်ပေးပြီး၊ အရသာနှင့်အရောင်တို့ အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။

မိမိပတ်ဝန်းကျင်မှာ စားတော်ပဲပြုတ်ကို နေ့ တဓူဝမြင်တွေ့ နေကြရသော်လဲ၊ ကျန်းမာရေး အတွက် မည်မျှထိအရေး
ပါကြောင်းကိုတော့ သတိထားမိကြမည်မထင်ပါ။ ဆေးသိပ္ပံနည်းအရဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်
ပဲပြုတ်ထဲ တွင် လူသားတို့ ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော ဗီတာမင်မင်နှင့်သတ္တုဓာတ်တို့
အလုံအလောက်ပါရှိပြီး၊ ဘေးဖြစ်စေတတ် သော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် နေ့ စဉ်စား
သုံးပေးသင့်သောအာဟာရဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြု စစ်တမ်းများနှင့် WHFoods တို့ မှ အခိုင်အမာထောက်ခံထားကြပါသည်

၁။ ပဲပြုတ်ထဲတွင် အဆီဓာတ် နှင့် ကယ်လိုရီပါဝင်မှု မရှိသလောက်လွန်စွာနည်းပါးသော်လည်း၊ အာဟာရ
 
    ဓာတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်း သိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။

၂။ ပဲပြုတ်ထဲတွင်ချေဖျက်လွယ်သောအမျှင်ဓာတ် အမြောက်အများပါရှိ၏။ ထိုအမျှင်ဓာတ်များသည် အစာ
 
   ခြေလမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့ လျားစေသည့် အလိုအလျောက်ကြွက်သားလှုပ်ရှားမှုကို
   အားပေသဖြင့် ၀မ်းမချုပ်စေပါဘူး။

၃။ စားတော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ် ပါရှိသဖြင့်၊ သွေးထဲရှိမကောင်းသော ကိုလက်စထရောကို

   လျော့ချပေးနိုင်၏။

၎။ စားတော်ပဲသည် သံဓာတ်အရင်းအမြစ်ဖြစ်ခြင်းကြောင့် သွေးနီဥဆဲလ်များကို ကောင်းစွာတည်
   ဆောက်စေကာ၊ သွေးအားနည်း ရောဂါ နှင့် အလွန်အမင်းမောပမ်းခြင်းတို့ မှ ကာကွယ်ပေးနိုင်ပြီး၊
   ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားလာစေပါသည်။ ထို့ ပြင် အဆုတ်ထဲရှိ အောင်စီဂျင်ကို ခန္ဓာကိုယ်
   အနှံ့ ပို့ဆောင်ပေး၏။

၅။ စားတော်ပဲထဲတွင် lutein နှင့် carotenoid တို့ ပါရှိသဖြင့်၊ ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများသည် 

    အသက်အရွယ်ကြီးရင့် လာခြင်းကြောင့် မျက်စေ့ရောဂါအမျိုးမျိုးနှင့် မျက်စေ့ရေတိမ်ရောဂါ ဖြစ်နိုင်ချေ
    အလားအလာကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါ
    သည်။

၆။ စားတော်ပဲပြုတ် တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင်၊ ဗီတာမင်ဘီလည်း

    ပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ၊ ဟိုမုန်းအပြောင်းအလဲကြောင့် အရိုးကြွတ်ဆတ်ခြင်းမှ
    လည်း ကာကွယ်ပေးနိုင်၏။ ထို့ ကြောင့် ကလေး/လူကြီး များသာမက၊ ကိုယ်ဝန်ဆောင်မိခင်လာင်း
    များပါ ပဲပြုတ်ကို စားပေးသင့်ပါသည်။

၇။ သွေးထဲရှိသကြားပမာဏကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သောခွန်အားများကို ထုတ်လုပ်

    ပေးခြင်း၊ ကိုယ်တွင်းရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါ
    သည်။

၈။ Free radicals များသည် ခန္ဓာကိုယ်ထဲရှိ သွေးကြောနံရံများကို အနည်ကျပိတ်ဆို့ စေကာ၊ သွေးကြောမ

    များကို ပျက်စီးစေပြီး၊ အဆီပိတ်ရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်ရောင်လေးဘက်နာရောဂါများကို ဖြစ်စေ
    ၏။ စားတော်ပဲထဲတွင် ပါရှိသော Flavonoids နှင့် phytonutrientsများသည် ဓာတ်တိုးဆန့် ကျင်ပစ္စည်း
    အဖြစ်စွမ်းဆောင်ပေးကာ၊ ထို Free radicals များကို တိုက်ထုတ် ပေးသဖြင့် အဆိုပါရောဂါများကို မဖြစ်
    စေနိုင်ပါ။ ဒါ့ပြင် သစ်ပင်ထဲတွင် ရှားရှားပါးပါးတွေ့ ရသည့် lectins ဓာတ်ပါရှိသဖြင့်၊ သွေးနီဥဆဲလ်များ
    ပျော်ဝင်စေကာ၊ သွေးခဲခြင်းမှ ကာကွယ်ပေးပါသည်။

၉။ ဗီတာမင်ဘီဓာတ်ပေါင်းစုပါရှိကာ homocysteine ပမာဏကို လျော့ကျစေသဖြင့် နှလုံးရောဂါ
အမျိုးမျိုး
   ကို ထိထိရောက်ရောက် ကာကွယ်ပေးသည့်အပြင် နှလုံးရောဂါနှင့် ပတ်သက်ဆက်စပ်လျက်ရှိသော
   လေဖြတ်ခြင်းတို့ ကိုလဲမဖြစ်စေပါ။ ထို့ ကြောင့် တစ်ပတ်လျှင် အနဲဆုံးတစ်ကြိမ် စားပေးသင့်ကြောင်း
   ဆေးသိပ္ပံပညာရှင်များက အကြံပြုထားကြပါသည်။

၁၀။ စားတော်ပဲထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ ပါရှိသည့်ပြင်၊ ဇင့်သတ္တုဓာတ်အလုံ

     အလောက်ပါရှိ၏။ ထိုဓာတ်ပေါင်း စုများသည် လေပြွန်ဖောင်းပွသည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ်
     ဇိုင်မား (ခေါ်) ဦးနှောက်အကြိုဇရာရောဂါ တို့ ကို ကာကွယ်ပေး နိုင်ပါသည်။

၁၁။ စားတော်ပဲပြုတ်ထဲတွင် glycemic ဓာတ်ပါဝင်မှုနဲပါးပြီး၊ သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်

      ခြင်းကြောင့် ဆီးချိုရောဂါ သည်များအတွက် ပဲပြုတ်ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါသည်။

၁၂။ မက္ကစီကိုနိုင်ငံတွင် မကြာသေးခင်က လေ့လာစမ်းစစ်ချက်အရ၊ စားတော်ပဲထဲတွင် polyphenol

     ဓာတ်ပါရှိသဖြင့်၊ နေ့ စဉ် စားတော်ပဲပြုတ် ၂-မီလီဂရမ်မျှ စားပေးရုံဖြင့် အဆာအိမ်ကင်ဆာကို ကြိုတင် 
     ကာကွယ်ပေးနိုင်ဟည်ဟု ဆိုရပါသည်။

၁၃။ မဂ္ဂနီစီယမ် သတ္တူဓာတ် ကြွယ်ဝစွာပါရှိ၍၊ သွေးတိုးရောဂါကိုမဖြစ်စေပါ။

၁၄။  ဖောလိပ်ဓာတ်အရင်းအမြစ်စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်များစားပေးခြင်းဖြင့်
 
      မွေးဖွားလာသော ကလေးငယ် များတွင် မွေးရာပါ ဦးနှောက်နှင့်အာရုံကြောဝေဒနာများ ဖြစ်နိုင်ချေ
      အလားအလာ နဲပါးစေပါသည်။

၁၅။ အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။

သတိပြုရန်။ စားတော်ပဲထဲတွင် သဘာဝအလျောက်ပါရှိသော purines ဓာတ်က ဂေါက်ရောဂါ
သမား
များနှင့် ကျောက်ကပ်ဝေဒနာသည် များကို ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်၍၊ အထူးရှောင်ရှားသင့်ပါသည်။

++++++++++++++++++++++++++++++++++++++++
 

အာဟာရဓာတ် ကြွယ်ဝသော ပဲပြုတ် ကို ဈေးဈေးပေါပေါ နှင့် အလွယ်တကူရရှိနိုင်သဖြင့်၊ နိုင်ငံတိုင်းတွင် “a poor man’s meat (၀ါ) ဆင်းရဲချို့ တဲ့သူများအတွက် အသားဟင်းလျာ” ဟု တင်စားခေါ်ဝေါ် လေ့ရှိ
ကြပါသည်။ ဆေးသိပ္ပံပညာရှင်များကတော့ “powerfood” ဟု ခေါ်ကြ၏။ ထို့ ကြောင့် မိမိတို့ လက်တကမ်း
တွင် အလွယ်တကူ ဈေျးနှုန်းချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်” လေးများကို နေ့ စဉ် သုံးအစားအစာ
အဖြစ် စားသုံးသင့်ပါကြောင်း။

ဘာသာပြန်သူ (ပေါက်ပေါက်)
ကိုးကား (World's Healthiest Food – Boiled Green Peas)

No comments:

Post a Comment