Tuesday, December 24, 2013

" အရပ်သားမို့ မယုံရဘူး၊ ပြောင်းပြန်မပြောနဲ့၊ ပြန်ပေးတော့ ငါတို့ အာဏာ "

မယုံကြည်ရင်း မယုံကြည် ပြည်သူကသာ တပ်မတော် အပေါ်မယုံရမှာ။

ခေတ်အဆက်ကို ပြန်ကြည့် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့ပေးခဲ့တဲ့တပ်မတော်က တိုင်းတစ်ပါးရဲ့ ရန်ကိုကာကွယ်ဖို့နဲ့ ကျူးကျော်လာမှုတွေတိုက်ဖို့၊ ပြည်သူကို ကာကွယ် စောင့်ရှောက်ဖို့။

တိုင်းရင်းသား ပြည်သူအပေါ် လက်နက်ကိုင်ပြီး အနိုင်ကျင့် စော်ကားဖို့မဟုတ်ဘူး။

၆၅နှစ်ကြာသွားပြီ။

 နိုင်ငံရေးသမား၊ အာဏာရှင်၊ အာဏာရူး၊ စစ်အာဏာရှင်တွေက တပ်မတော်ကို သူတို့ရဲ့ လက်နက်သဖွယ်ထားပြီး တပ်မတော်ကို အရူးလုပ်သွားတာ။

ယနေ့ထိကော အဲ့ဒီလိုမျိုး ဆက်လုပ်နေတာကို မသိဘူးလား၊
အမျိုးချစ်တဲ့ တပ်မတော်ကိုပဲ တွေ့ချင်မြင်ချင်တယ်။
စောက်ရူးတပ်မတော်မျိုးကို ရှိနေတာကို မလိုလားဘူး။

ယနေ့ တပ်ထဲမှာလည်း ပညာတတ်မျိုးချစ် တွေရှိပါတယ်။

ထိုသူတွေကကော တပ်မတော်ကို နိုင်ငံရေးသ
မား အာဏာရှင် အဆက်ဆက်
အရူးလုပ်ခဲ့တာကို မသိပဲနေမလား။

တရားရား မတရားရား အမိန့်နာခံရမယ် ဆိုတာနဲ့ချုပ်ထားခဲ့တာ၊
တာဝန်မှာ တရားသော အမိန့်ပေးတာမျိုးပဲ ရှိတာ။

ကမ္ဘာရှိ မည်သည့် အဆင့်မီ ဘယ်တပ်မတော် ကိုပဲ ကြည့်ကြည့်
တရားသော အမိန့်ပေးတာမျိုးကိုပဲ နာခံကြတာ။

အရပ်သား မယုံရဘူး ပြောတာ ဘယ်သူအတွက် လုပ်နေတာမို့
အရပ်သား ပြည်သူကို မယုံရတာလဲ၊ အရပ်သား အစိုးရကို မယုံရတာလဲ။

တရုတ်ကုလားခရိုနီတွေ အတွက် လုပ်ပေးနေတာမို့
အရပ်သား ပြည်သူ/အရပ်သားအစိုးရကို မယုံတာလား။

မင်းတို့တပ်မတော် ယနေ့ထိ ကိုင်သုံးနေတဲ့ လက်နက်တွေကို
ပည်သူကအလကား တပ်ပေးထားတာမဟုတ်ဘူး။

ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးပြီး ကာကွယ်မယ်လို့
သစ္စာလေးချက်နဲ့ ကတိပြုထားတော့ လက်နက် တပ်ကိုတပ်ပေးရမှာမို့
ပြည်သူက မင်းတို့တပ်မတော်ကို ယုံကြည်စွာနဲ့ လက်နက်တပ်ဆင် ပေးထားခဲ့တာ။

ဒီနေ့ မင်းတို့တပ်မတော် သစ္စာ မစောင့်တော့လို့ ပြည်သူကသာ
ယနေ့ တပ်မတော်အပေါ် မယုံကြည်ဖြစ်နေတာ။

ဒါ့ကြောင့် မင်းတို့ တပ်မတော် လက်ထဲ သေနတ်ရှိနေရင် ပြည်သူ့ရဲ့ အသက်အန္တရာယ်

ယနေ့မှာ စိုးရိမ်စရာဖြစ်လာလို့ ပြည်သူကပေးထားတဲ့ လက်နက်တွေကို
မင်းတို့တပ်မတော်က ပြည်သူတွေကို ကျွန်တော်တို့ ကတိပြုခဲ့တဲ့ သစ္စာ မစောင့်နိုင်တော့၍လို့ ပြောပြီး ပြည်သူ့ပိုင် လက်နက်များ ပြည်သူသို့
ပြန်လည်ပေးအပ်ရမှာ ရှင်းပြီလား။
အာဏာရှင့် ငနွားတွေရဲ့။

အစိုးရကော၊ တပ်ကော၊
ရဲကော၊ ဝန်ထမ်းကော၊ အမတ်ကော
အရပ်သား ပြည်သူကနေ ဖြစ်သွားတာ။

မင်းတို့ကိုယုံကြည်လို့ ပြည်သူကအားလုံးကို
သူတို့ရဲ့အာဏာကို ဝကွက်အပ်ထားတာ။

ခေတ်စကားနဲ့ ပြောရရင် အစိုးရ အဖွဲ့အစည်း တစ်
ရပ်လုံးက
ပြည်သူလူထု တစ်ရပ်လုံးရဲ့ မန်နေဂျာအဆင့်ပဲရှိတာ။
အရှင်သခင် မဟုတ်ဘူး။
(ဒီနေရာမှာ အရှင်သခင်အကြောင်း ဖွင့်ပြပါ့မယ် -- အရှင်သခင်က နယ်ချဲ့တယ်၊ စစ်တိုက်တယ် ရတဲ့နယ်မြေမှာ နေချင်တဲ့သူနေရာခွဲဝေးပေးပြီး နေစေတယ်။ အခွန်ဆက်သရတယ်။ တို့နိုင်ငံမှာ အရှင်သခင်ခတ်က ၁၈၈၅ခု ကတည်းက ဆိတ်သုန်းပျက် ဆီးသွားပြီး၊ ပြည်သူကသာ အရှင်သခင်ဖြစ်တဲ့ စနစ်သစ်ဖြစ်လာတာ ၁၉၄၈ခု ကတည်းက)။

ရိုင်းရိုင်းပြောရရင် ယနေ့မှာ အစိုးရဆိုတာ ပြည်သူ့ရဲ့ ကျွန်တွေပဲ။
ပြည်သူလူထုကသာ အစိုးရရဲ့ သခင်တွေ ဖြစ်တယ်။

ပြောင်းပြန်မပြောနဲ့၊ ကိုလိုနီစနစ်ဆိုး အမြင်ကို ဖျောက်တော့။

ပြည်သူကသာ မင်းတို့လုပ်ရပ် အမှားပေါ် မယုံကြည်ရမှာ။ 

၆၅နှစ် ထက်ပိုပြီး မလိမ်နဲ့ မညာနဲ့တော။့

ပြန်ပေးတော့ ပြည်သူ့အာဏာ။ 

Pathein Min Thu
(23-12-2013, 10:25pm)

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ လျှို့ဝှက်သတင်းများ 

No comments:

Post a Comment