Tuesday, December 24, 2013

ဘောင်ပြင်မှာနေရခြင်းအကြောင်း

သူငယ်ချင်း တစ်ယောက်ရှိတယ်....
၆ တန်း ၇ တန်း နှစ်လောက်က စပြီး တပူးတွဲတွဲ ရှိခဲ့တဲ့ ဘော်ဒါ တစ်ယောက်ပေါ့...
ဆရာ ဆရာမ တွေ သူငယ်ချင်း အပေါင်းအသင်းတွေ ပြောတာတော့ စာ အရမ်းတော်တယ်လို့ သတ်မှတ်ကြတယ်...ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ဒီကောင် စာတော်တဲ့ကောင်လို့ သတ်မှတ်ထားခဲ့တယ်... သူ့ကိုယ်သူလည်း သိတယ်.. တစ်ကျောင်းလုံးလည်း သိတယ်.... အတန်းထဲမှာလည်း ပထမ ။ အတန်းပေါင်းစုံ ဆုတွေမှာလည်း ပထမ ဆိုတာချည်းပဲ။
ဆရာဝန်လောင်းလေးလို့ လူတကာချီးကျူးကြတယ်....

ဒါက လူတွေလက်ခံထားကြတဲ့ အမှန်တရား....

သူတစ်ယောက်ပဲ သိသိကြီးနဲ့ လစ်လျူရူထားတဲ့ အမှန်တရားကတော့... 
အတန်းပိုင် ဆရာမ ကျူရှင်တွေ တက်တယ် ဆိုင်ရာဘာသာရပ်ပြ ဆရာမတွေရဲ့
ကျူရှင်တွေ တစ်ခုချင်း လိုက်တက်တယ်... စာမေးပွဲမဖြေခင်တိုင်းမှာ မေးခွန်း ရ နေတဲ့ 
အကျိုးကျေးဇူးနဲ့ အမှတ်တွေ လွယ်လွယ်ရနေခဲ့လို့ ဆိုတဲ့အချက်ပဲ....

၆တန်း နှစ်လောက်ကနေ ၉ တန်းနှစ်လောက်ထိ ဒီကိစ္စက ဘာမှ မဟုတ်တဲ့ ကိစ္စလို့

ထင်ရဖွယ်ရှိတယ်... လူတိုင်းကလည်း ၁၀ တန်းနှစ်မှာ ၆ ဘာသာ မှန်းနိုင်တဲ့ ကျောင်းသားလို့ ယူဆကြသလို သူကိုယ်တိုင်လည်း အနည်းဆုံး လေးဘာသာ အသာလေးရတယ်လို့ အထင်ရောက်ခဲ့တယ် သူကိုယ်တိုင်လည်း ငါဟာ သူတကာထက် ထူးချွန်တဲ့ ကျောင်းသားပဲလို့
လူတကာ လက်ခုပ်သြဘာသံတွေကြား ကျေနပ်နေတယ်... မရင့်ကျက်သေးတဲ့ ကလေးမို့လည်း ဖြစ်နိုင်တယ်.

သူ့ပကတိ ပညာအရည်အချင်းနဲ့ ဥာဏ်ရည်ဥာဏ်သွေး ဘယ်အတိုင်းတာလောက်မှာ
ရှိသလဲဆိုတာ သူ့ကို အမှန်အတိုင်း ပြောပြမယ့်လူ တစ်ယောက်မှ မရှိဘူး....
စာမေးပွဲတွေကလည်း သူ့အခြေအနေမှန်ထက် ပိုသာတဲ့ အဆင့်အတန်းတွေကိုချည်းပဲ
ဖော်ပြပေးခဲ့တယ်။ မင်းဟာ မင်းထင်သလောက် တော်တဲ့ လူ မဟုတ်သေးဘူးလို့ အခြေအနေမှန်ကို ဘယ်သူမှ မပြောပြနိုင်ခဲ့ဘူး... ကျွန်တော်တို့လည်း မသိခဲ့ဘူး.....

မင်း အဆင့်အတန်း မင်း ဥာဏ်ရည်ဥာဏ်သွေး မင်းကိုယ်စွမ်းကိုယ်စ ဒီလောက်ပဲ ရှိတယ်ဟေ့လို့ ချပြလိုက်တာကတော့... တက္ကသိုလ်ဝင်တန်း စာမေးပွဲပဲ ....

၆ ဘာသာထွက်နိုင်တယ်လို့ လူတကာ ထင်မှတ်ခဲ့တဲ့ သူငယ်ချင်းဟာ ဂုဏ်ထူးတစ်ဘာသာမှ မပါတဲ့အပြင် ရမှတ် ၃၀၀ ကျော်တယ်ဆိုယုံလေးနဲ့တင် ကျေနပ်ခဲ့ရလို့ လူတကာ အံ့သြခဲ့ရတယ်

ဒီအဖြစ်အပျက်ဟာ ကျွန်တော့်သူငယ်ချင်း အရင်းတစ်ယောက်ရဲ့ အဖြစ်အပျက်ပါ.. 
သူ ဖြတ်သန်းခဲ့တဲ့ ဖြစ်စဉ်တွေတိုင်းမှာ ဘေးကနေ ဆင်ခြင်ခွင့်ရတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော်ရှိခဲ့တယ်.. သင်ခန်းစာယူစရာတွေ အများကြီးရခဲ့တယ်... သူ့ကို စာမေးပွဲမေးခွန်း
ပေးမယ့် လူတွေ မရှိတော့ဘူးလေ...

လူ တစ်ယောက်အတွက် အရေးအကြီးဆုံးက ကိုယ့်အခြေအနေမှန် ကိုယ့်ပတ်ဝန်းကျင်က အခြေအနေမှန်ကို ကိုယ်တိုင်သိဖို့ပဲ ဆိုတာကို ကျွန်တော်ရော သူရော သင်ခန်းစာ ကြီးကြီးမားမား ရခဲ့ကြတယ်..

ဘယ်ကိစ္စမဆိုင် အပေါ်ယံ သကာဖြူးထားတဲ့
တော်တယ် ကောင်းတယ် ဂုဏ်ယူတယ် ကြီးကျယ်တယ် မြင့်မြတ်တယ်
ဆိုတာတွေထက် ပကတိ အခြေအနေမှန်ကို သိရဖို့သာ အရေးကြီးတယ်
ပကတိ အမှန်တရားကို လက်ခံနိုင်ဖို့သာ အရေးကြီးတယ်ဆိုတာမျိုး
ကောက်ချက်ချတယ်....

အဲ့ဒါကြောင့် ကျွန်တော် လက်ရှိ အပေါ်ယံသကာဖြူးထားတဲ့ ဖြစ်စဉ်တွေထဲမှာ ဘောင်ပြင်မှာပဲ နေတယ်...

ငါတို့ မြန်မာတွေက တော်တယ် မျိုးချစ်စိတ်က မည်၍ မည်ပုံရှိတယ်... 
မည်သို့ ခမ်းနားကြီးကျယ်တယ်ဆိုတဲ့ အပေါ်ယံ ရွှေမှုန်ကြဲ ဇာတ်လမ်းတွေထဲက ခွဲထွက်ပြီး..
လက်ရှိ ဘာဖြစ်နေလည်းဆိုတာ စဉ်းစားတယ်... 
သိပ်တော်နေရင် ခုချိန် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ်နေပီပေါ့...

သေချာတာတော့ ငါတို့ မြန်မာတွေ ခုထိ သောက်ဖြစ် မရှိကြသေးဘူး.... 
အစိုးရက ပြောပြောနေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံဆိုတာလည်း ဖြစ်မလာသေးဘူး... 
တကမ္ဘာလုံးသိတာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခုဆိုတာပဲ.. .

ကိုယ့် အဘိုးတွေ အဘွားတွေတောင် မမွေးသေးတဲ့ လွန်ခဲ့သော နှစ် ပေါင်း ၃၀၀ ၄၀၀ ၅၀၀ ၆၀၀ က ရွှေထီးဆောင်းခဲ့တာတွေကို စားမြုံပြန်ပြီး လက်ရှိ မွဲတေနေတဲ့ အဖြစ်က ရုန်းထွက်ဖို့ 
မကြိုးစားဘဲ ဘိုးဘွားဘီဘင်က ကာလတွေတုန်းက ဟိတ်တွေ ဟန်တွေ မာန်တွေကို ဆောင်လို ခြုံပြီး ကွေးလို့ ကောင်းနေတုန်း...

စစ်အစိုးရ လက်ထက် တစ်လျှောက်လုံး တိုင်းပြည်ကြီးက မည်ရွှေ့မည်ပုံ တိုးတက်နေပြီ ဖြစ်ကြောင်း ဆိုတဲ့ ရွှေမှုန်ကြဲ ဇာတ်လမ်းတွေ ခုလက်ရှိ ၀တ်စုံလဲ အစိုးရ ခေတ်မှာလည်း မည်၍မည်ပုံ တိုးတက်ပြီး မည်၍မည်မျှ ဂုဏ်ယူရပါကြောင်းတွေနဲ့ အထဲက နောက်ချီးခဲကို အပေါ်က ရွှေမှုန်ကြဲနေတဲ့နောက်ကို လိုက်နေကြရင်းနဲ့ ပကတိ အရှိတရား အမှန်တရားကနေ ကင်းကွာ သွားတာမျိုးလည်း မလိုချင်ဘူး......

ပြောလိုက်သမျှ တစ်ခုမှ အကောင်းကို မရှိဘူး.. အကောင်းလည်း မမြင်ဘူးလို့ ဝေဖန်ကြစရာတော့ ရှိလည်း... အဲ့လိုဆိုတော့လည်း ပြန်ပြောစရာ စကားက.... ပထ၀ီအနေအထားအရရော သယံဇာတ ပေါကြွယ်ဝ မူ အရရော ရတနာပုံကြီး ဖင်ခုထိုင်ထားပြီး ကမ္ဘာ့အဆင်းရဲဆုံး 
 တိုင်းပြည် ဖြစ်နေရတဲ့ ဘ၀မှာ.. ဘယ်ဟာ အကောင်းရှိ ပါ့မတုန်း လို့ပဲ... မေးရမှာပါပဲ...... !

ညီသစ်

No comments:

Post a Comment