Tuesday, October 15, 2013

ပြန်လည် ပြင်ဆင်ရေး ဆွဲသင့်တဲ့ အခြေခံ ဥပဒေ

စစ်အစိုးရ ရေးဆွဲ ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကမ္ဘာက အံ့သြ လောက် အောင် ၁၅ နှစ် တောင် ကြာလို့ စာမတတ် တဲ့သူတွေ ပါဝင်နေလို့ စာလုံး ပေါင်းပြီး ရေးဆွဲခဲ့လေ သလားလို့
 ပြောကြတယ်။



ဒီလောက် အချိန်ကြာ အောင် ရေးဆွဲခဲ့ သော်လည်း ပြည်သူတွေ ကို အကျိုး မပြုတဲ့ ဒီမိုကရေစီ နှင့် မကိုက်ညီတဲ့ ပြည်သူ့ သဘော ဆန္ဒနှင့် မတိုက် ဆိုင်တဲ့ အပြစ်အနာ ဆာဗရပွ နှင့် ပြည့်နှက် နေတဲ့ အနှီ အခြေခံ ဥပဒေကြီးကို ပြည်သူထဲ...ထဲထဲ ၀င်ဝင် မချပြ၊ မဆွေးနွေးဘဲ ပြည်သူတွေ အကြီး အကျယ် ဒုက္ခရောက် နေတဲ့ နာဂစ် မုန်တိုင်း ခံစားနေရတဲ့ အချိန်မှာ ကြိုတင်မဲ မြောက်မြားစွာ နဲ့ တက်သုတ် ရိုက်ပြဋ္ဌာန်း ခဲ့လို့ ပြည်သူတွေ က နာဂစ် Constitution လို့ ပြောကြ တယ်။

အဆင့်ဆင့် သော ရွေးကောက်ပွဲ ကော်မရှင် တွေက ကိုယ်ရွေးချယ် ထားတဲ့လူ၊ မဲရုံမှူး နှင့် မဲရုံ အဖွဲ့တွေ က ကိုယ့်လူ-ကိုယ့်ဖဲ ကိုယ် ချိုးပြီး ကိုယ့်ဘာသာ ကိုယ်ဝေတော့ ဂျိုကာတွေ အားလုံးက ကိုယ့်လက်ထဲ မှာပဲ ပေါ့။ ဟိုတုန်းက ပြောချင်လွန်း လို့ ပါးစပ်တွေ ယားနေကြ ပေမယ့် ကြောက်လို့ မပြော ခဲ့ကြဘူး။ ယုံကြရဲ့လား။ ၉၂ ရာခိုင်နှုန်း တဲ့-

                ဒီအခြေခံ ဥပဒေကြီး ကို ပြည်သူတွေ က ပြင်ဆင် ဖို့ ပြောချင်ကြ ပေမယ့် ပြောခွင့်၊ ပြင်ခွင့် မရလို့ အောင့် အည်းပြီး နေခဲ့ကြတယ်။ ပြည်သူတွေ မသိ နားမလည် ဘူးဆိုတဲ့ အတွေးနဲ့ အထင်မသေး လိုက်ပါနဲ့။ ပြန်ပြင် စရာ မလိုလောက် အောင် ၁၅ နှစ်ကြာ ရေးဆွဲခဲ့တဲ့ ဥပဒေကို ခြောက်လ၊ တစ်နှစ် နဲ့ ရေးဆွဲ နိုင်တဲ့ ပညာရှင် တွေ ပြည်သူတွေ ထဲမှာ ဒုနဲ့ဒေးပါ။ ထားပါတော့ အခုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မဖြစ် မနေပြင် ကိုပြင် သင့်တယ်လို့ တိုင်းရင်းသား လူမျိုးစုံတွေ အားလုံး၊ လက်နက်ကိုင် အဖွဲ့တွေ အားလုံး၊ ပါတီ အများစုနှင့် လူထု တစ်ရပ်လုံးက အခိုင် အမာပြောဆို လာကြပြီ။ ဒီလို ပြောဆို နေတဲ့ အသံတွေ ဒီလောက် ကျယ်လောင် နေတာတောင် ““ပြည်သူ့ အသံ၊ လွှတ်တော် အသံ”” ဆိုတာကို မျက်ကွယ်ပြုပြီး၊ ပါတီကြီး တစ်ခုက ပြင်ဆင် ဖို့ မလိုဘူး လို့ ပြောတာကို ဂျာနယ်ထဲ ဖတ်လိုက်ရ တော့ ဆောင်းပါးရှင် တစ်ဦးရဲ့ အရေး အသား စကားနဲ့ ပြောရရင် “အံ့သြ လွန်းလို့ သေတော့မယ်”၊ အခြား ပါတီကြီး တစ်ခုက ပုဂ်္ဂိုလ် ကြီး တစ်ယောက် ကလည်း လူပုဂ်္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ဆိုလျှင် မပြင်လိုဘူး လို့ ပြောပြန်တယ်။ မူအရ တော့ အပေါ်ယံ ကြည့်လျှင် ဟုတ်သလိုလို နှင့် မဟုတ် တာ သူ့ကိုယ်သူ မလိမ်လျှင် သူကိုယ်တိုင် သိပါမယ်။ အဲဒီ ပုဂ်္ဂိုလ် တစ်ဦး တစ်ယောက် ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် အကျိုး စီးပွားတွေ နဲ့ ဆက်စပ်နေ တယ်ဆိုတာ သူ သိမှာပါ။ ပြီးတော့ လည်း အဲဒီပုဂ်္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ပုဂ်္ဂိုလ်ရေး အငြိုး အတေးတွေ နဲ့ တိုင်းပြည် အတွက် ခေါင်းဆောင်မှု မပေး နိုင်အောင် တမင်ရည် ရွယ်ပြီး ပိတ်ပင် တားဆီး ရေးဆွဲ ထားကြောင်း အမှန်တရား   အတွက် မလိမ်တတ် သူတိုင်း သိပါတယ်။ ဒီလို ပိတ်ပင် တားဆီးရုံ မျှမက  နိုင်ငံရေး  ရှင်သန်ခွင့် မရအောင် အသက် နှင့် ခန္ဓာကိုယ် ကိုပါ ပျက်စီးအောင် ဒီပဲယင်း လုပ်ကြံမှု တွေနဲ့ ရက်စက်ခဲ့ တာတွေဟာ အငြိုး အတေးရဲ့ ထင်ရှားတဲ့ သက်သေ ပါပဲ။

                ပြီးခဲ့တာ တွေ ထားပါတော့- ခံရသူ ကိုယ်တိုင် ကလည်း ခွင့်လွှတ် သင်ပုန်းချေ ခဲ့ပြီးပါပြီ။ အဲဒီတော့ စာရေးသူ အနေနှင့် မေးခွန်း တစ်ခု မေးချင်ပါတယ်။ လွှတ်တော်ထဲ မှ ခေါင်းပေါင်း နှင့် ခြုံပ၀ါ နှင့် ကိုယ်စားလှယ် တော်ကြီးများ တိုင်းပြည် နှင့် လူမျိုးကို တကယ် ချစ်ရဲ့လား။ တိုင်းပြည် နှင့် လူမျိုး အတွက် မိမိ၏ အကျိုး၊ မိမိ ပါတီ၏ အကျိုးကို စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ် စေတနာ ရှိပါရဲ့လား။ မိမိထက် တော်သူ၊ မိမိထက် တတ်သူ၊ မိမိ ထက် အရည် အချင်း ပိုမိုပြည့်ဝသူ ကို ခေါင်းဆောင် အဖြစ် နေရာ ပေးနိုင် လောက်အောင် သဘောထားကြီး နိုင်ပါရဲ့ လား။ နှစ်ပေါင်း ၅၀ ကျော် အစစ အရာရာ နောက်ကျ နေတဲ့ တိုင်းပြည်ကြီး ကို တာဝန် သိသိ၊ စေတနာ ရှိရှိနဲ့ အမှန် တကယ် ကယ်တင်ခြင်း ပါသလား။ ပါတီစွဲ ပုဂိ္ဂုလ် စွဲတွေ မထားဘဲ တကယ် တိုင်းပြည် အတွက် ဦးဆောင်မှု ပေးနိုင်မယ့် ထက်မြတ်တဲ့ ပုဂ်္ဂိုလ်၊ ပြည်သူလူထု က လှိုက်လှိုက် လှဲလှဲ ထောက်ခံ တဲ့ပုဂိ္ဂုလ်မြန်မာ အဆင့်ကို မဆို ထားဘိ ကမ္ဘာ့ ခေါင်းဆောင် အဆင့်ဟု သတ်မှတ် ခံရတဲ့ ပုဂ်္ဂိုလ်-မျိုးနှင့် ရိုးနှင့် နိုင်ငံ အတွက် ပေးဆပ်ခဲ့တဲ့ ပုဂ်္ဂိုလ်၊ မြန်မာနိုင်ငံ၏ အပြောင်း အလဲကို တကယ် ဦးဆောင်လမ်း ညွှန်ပေး နိုင်မယ့် ပုဂ်္ဂိုလ်၊ မျိုး မြန်မာနိုင်ငံ မှာ ရှိခဲ့လျှင် အဲဒီလူကို သဘော ထားကြီးကြီး နှင့် ရွေးချယ် လက်ခံ နိုင်မှာလား။ သတိ္တရှိလျှင် သန့်ရှင်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုတွေ နှင့် အတူ ၂၀၁၅ မှာ စီးချင်း ထိုးတဲ့ နိုင်ငံ ရေးမျိုး ပွဲကောင်း တစ်ခုကို ကြည့်ရဖို့ ပြင်သင့်တဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ကြ စို့လား။

                မြန်မာပြည် မှာ စစ်အာဏာရှင် စနစ်နှင့် နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ် ခဲ့ပြီးပါပြီ။ တိုင်းပြည်ကြီး ဘာဖြစ် လာခဲ့ သလဲ။ အဆင်းရဲဆုံး၊ အမွဲတေဆုံး၊ အနိမ့် ကျဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ ခဲ့တယ်။ ဒါကို ငြင်းမှာလား။ စစ်အာဏာရှင် အဆက်ဆက် က ဒီလူတွေ၊ ဒီလူတွေပဲ ဘောင်းဘီ ချွတ်ပြီး၊ ပုဆိုးနှင့် တိုက်ပုံ ၀တ်ပြီး ဆက်လက် အုပ်ချုပ် လာခဲ့တယ်။ ဘာမှ ပြောင်းလဲ မလာခဲ့ဘူး။ အဲဒီတော့ အရပ်သား တွေကို တစ်လှဲ့ လောက် အလှဲ့ပေးကြည့် ပါ။ ပြည်သူ လူထု နှစ်သက်တဲ့ ရွေးကောက် တင်မြှောက်  လိုတဲ့ ခေါင်းဆောင် ကောင်းရဲ့ သမ္မတ အဖြစ် လျှောက်သော လမ်းကို သဘောထား ကြီးကြီး အသိပညာ ကြီးကြီး နှင့် စဉ်းစား တွေးတောပြီး၊  တရားမျှတမှု မရှိဘဲ ပိတ်ဆို့ ထားတဲ့ အခြေခံ ဥပဒေ တံခါးကြီးကို ဖွင့်ဖို့ အချိန်တန် ပါပြီ။ တိုင်းပြည် နှင့် လူမျိုးရဲ့ အနာဂတ် အတွက် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထိုက်တန်တဲ့ အသိဉာဏ် နှင့် နှိုင်းယှဉ် ဆောင်ရွက် စေချင်ပါတယ်။ ပြင်သင့် ပြင်ထိုက် တဲ့ အခြေခံ ဥပဒေမှ ပြင်သင့် ပြင်ထိုက် တာတွေကို အမြန်ဆုံး ပြင်စေချင် ပါတယ်။

                စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း က မြန်မာ နိုင်ငံ အပါအ၀င် အာဆီယံ နိုင်ငံများမှ သတင်းထောက် ၁၅ ဦးနှင့် သမ္မတ အိမ်တော်မှာ သီးသန့် တွေ့ဆုံစဉ်က“မြန်မာ ဟာ အချိန်တွေ ဆုံးရှုံး ခဲ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ နှစ်ပေါင်းများစွာ ဒီဒေသ တိုးတက်ချိန်မှာ မြန်မာက အချိန် ပြောင်းဆေး တစ်လုံးလို ဖြစ်နေတယ်။ ဘာမှ မပြောင်း လဲသလို ဖြစ်နေ ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ လောက် က မြန်မာကို ပြန်ကြည့် မယ်ဆိုလျှင် ရန်ကုန်ဟာ ဘန်ကောက်၊ စင်ကာပူ နဲ့ ယှဉ်လို့ရတယ်။ ကွဲပြားခြား နားမှုက သိပ်မကြီး ဘူး။ ဒါပေမဲ့ ဒီနေ့မှာ တော့ အရှေ့ တောင် အာရှ တစ်ခုလုံးက ရွေ့လျား သွားပြီး၊ မြန်မာဟာ လည်း အခုဆိုလျှင် ရွေ့လျား ခြင်းလား။ ပါဝင်ခြင်းလား ဆိုတာ ဆုံးဖြတ် ရတော့မယ်”” လို့ ပြောခဲ့ ပါတယ်။ ဒါ့ အပြင် မြန်မာနိုင်ငံ ဟာ ရင်းနှီးမြှုပ်နှံမှု တွေ စုပ်ယူခိုင်း ဖို့ စွမ်းရည် ခေါင်းဆောင်တွေ လိုအပ် နေပါတယ် လို့ သူ က ဆိုတယ်။

                မြန်မာနိုင်ငံ ကို ပဲ့ကိုင်ကြမယ့် ပုဂ်္ဂိုလ် တွေအတွက် အလွန် တန်ဖိုးရှိတဲ့ စကားပါ။ အင်မတန် တန်ဖိုးကြီးပြီး စဉ်းစားစရာ ကောင်းတဲ့ “ Food for thought ” လည်း ဖြစ်ပါတယ်။

                ကိုယ့်ထက် နှစ်ငါးဆယ်ကျော် ရှေ့ရောက် နေပြီး မရပ်မနား ရွေ့လျား နေတဲ့ အာဆီယံ နိုင်ငံတွေကို အမီ လိုက်ဖို့ တိုင်းပြည် ငြိမ်းချမ်းဖို့ လိုပြီ။ နိုင်ငံကို ခေါင်း ဆောင်မယ့် သူတွေ စည်းလုံးဖို့ လိုပြီ။ ညီညွတ်ဖို့ လိုပြီ။ တိုင်းရင်းသား လူမျိုးစုတွေ နိုင်ငံရေး သံဝေဂ ရကြဖို့ ကောင်းပြီ။ တိုင်းပြည်မှာ အရည် အချင်း မရှိတဲ့ ခပ်ညံ့ညံ့ ခေါင်းဆောင်ကြီး တွေ အုပ်ချုပ် ခဲ့လို့ သစ်တောပြုန်း၊ သယံဇာတ တွ ရှုံးပြီး၊  တိုင်းပြည်ကြီး ကတော့  မွဲသထက် မွဲခဲ့တယ်။ ဒါတွေကို တွေးလိုက်ရင် ရင်ထဲမှာ တနုံ့နုံ့ နာကျင် ခံစားခဲ့ရတယ်။ နိုင်ငံ သယံ ဇာတတွေ ဆုံးရှုံးခဲ့ တာကို ဂျပန် တက္ကသိုလ် တစ်ခုမှာ အင်္ဂလိပ်စာ ပါမောက္ခ လုပ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဒေါက်တာ မြင့်အောင် (a)  Mr Andrew က သူ့ကို နိုင်ငံခြားသား တစ်ယောက် ပြောတဲ့ စကားကို ကျွန်တော့်ကို ဒီလိုပြန် ပြောပြ တယ်။ “ Mr Andrew,Iam really sorry your country,beause it become the prey of the other countries ”အခြား နိုင်ငံရဲ့ သားကောင်ဖြစ် နေတဲ့ ခင်ဗျားတို့ နိုင်ငံ အတွက်  ကျွန်တော် တကယ်ပဲ ၀မ်းနည်း ပါတယ်တဲ့။

                မြန်မာ့ သယံဇာတတွေ ကို အချဉ် ဖမ်းနေတဲ့ အိမ်နီးချင်း နိုင်ငံကြောင့် လေ-
စစ်အာဏာရှင် တွေ အုပ်ချုပ် ခဲ့တဲ့ ကုန်ဆုံး ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် အချိန်တွေ ကို ပြန်လည် တွေးမိရင် ရင်ထဲမှာ ထိခိုက် နာကျင်မှုကို ခံစားရတယ်။  “Time Past by never recall”ကုန်ဆုံးတဲ့ အချိန်တွေကို
 ပြန်လည်ပြီး မရနိုင် တော့ဘူး။ ဗိုလ်နေ၀င်း လက်ထက်က စပြီး တိုင်းပြည်ကို စိတ်တိုင်းကျ မလုပ်တတ် မကိုင် တတ်နဲ့ ဖျက်ဆီး ခဲ့တယ်။ အခုလည်း တိုင်းပြည် ကြီးခေတ်နောက် ဆန်ကျန် ရစ်စေမယ့် အမြော် အမြင် နည်းစွာနဲ့ ၂၀၀၈ အခြေခံ ဥပဒေကြီး ကို ရေးဆွဲ အတည်ပြု ပြီး၊ နောင်လာ နောင်သားတွေ ကို ဆိုးမွေတွေ ပေးခဲ့ကြ ပြန်တယ်။ ဒီတော့ အခြေခံ ဥပဒေ ကို အချိန်မီ ပြင်ဆင်ရန် မှ တစ်ပါး အခြားမရှိပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ လူတွေ ရေးဆွဲတာပါ။  ဒီမိုကရေစီ မကျ၊ တရား မမျှတတဲ့ လူတွေ
 ရေးဆွဲခဲ့တဲ့ ဥပဒေကို ပြင်ရ ခက်ခဲတယ်။ မပြင် ချင်ဘူးဆိုတဲ့ လူတွေဟာ ရူးသွပ်များ နေသလားလို့ တွေးမိ တယ်။ ပြင်ဆင်ဖို့ ဆန္ဒဟာ ပြည်သူ့ ဆန္ဒ မဟုတ်ဘူး။ ပြင်ဖို့ မလိုဘူးဆိုတဲ့ လူတွေဟာ တကယ်ပဲ ဒီလို ထင်လောက် အောင် အသိဉာဏ်များ နည်းရော့ သလား။ ဒီလို အသိဉာဏ်၊ ဒီလို အတွေးခေါ် ဦးနှောက်နဲ့ လွှတ်တော်ထဲ ရောက်လာလျှင် တော့ တိုင်းပြည်ကြီး ရေစုန် မျောတော့ မှာပေါ့။

                ဥရောပ ကို မပြောနဲ့။ အာရှနဲ့ အာဆီယံ နိုင်ငံတွေကို ပဲ လေ့လာ ကြည့်စမ်းပါ။ကိုယ့်တိုင်းပြည်
 နှင့် ယှဉ်ရင် ဘယ်လောက် ကွာခြားနေပြီ လဲလို့-အနှစ် ငါးဆယ်ကျော် ပြည်သူတွေ နဲ့ မျိုးဆက်သစ် တွေရဲ့ နားနဲ့ မျက်စိကို ပိတ်ထား တော့ အာဆီယံ နိုင်ငံတွေက အရှိန် အဟုန်နဲ့ ရွေ့လျား နေတဲ့ အချိန်မှာ
 မြန်မာပြည်ကြီး ဟာ အဘယ်မျှ နောက် ကျနေပြီလဲ ဆိုတာ ပြည်သူတွေ မသိကြဘူး။ လမ်းတွေ ဖောက်၊ တံတားတွေ ဆောက်၊ ဆည်တွေ ဆောက်ပြလို့ ပြည်သူတွေက ရေတွင်းထဲက ဖားလိုပဲ ပင်လယ်ကို မမြင်ဘူးတော့  “ A frog that has never seen the ocean consider its well a great sea ”ဆိုသလို သူ့ရေတွင်းကို ပင်လယ်ကြီး လောက် ကျယ်တယ်လို့ ထင်ခဲ့ ကြတယ်။

                အဲဒီတော့ မကောင်းတာ ရှိလျှင် ပြင်ပါ။ အားလုံး က ပြင်သင့် တယ်လို့ ပြောနေတဲ့ အခြေခံ ဥပဒေကို ပြင်ရမှာ၊ ဘာကြောင့် ၀န်လေး နေရတာလဲ။ တော်သူကို ရှေ့ဆောင် စေဆိုတဲ့ စကားလို ကိုယ့်ထက် တော်သူ၊ ကိုယ့် ထက်တတ်သူ၊ ကိုယ့်ထက် အရည် အချင်းရှိသူ၊ ကိုယ့်ထက် ပြည်သူ လူထုက ပိုမိုပြီး ယုံကြည် မြတ်နိုးပြီး ထောက်ခံ သူကိုသာ တိုင်းပြည်ကြီး ကို ဦးဆောင်ခွင့်ရ အောင် သဘောထား ကြီးကြီးနဲ့ ၀ိုင်းဝန်း ပံ့ပိုးပေးကြပါ။ ဒီလို ဆောင်ရွက် ပေးသင့်ကြောင်း မသိနိုင် လောက်တဲ့ အသိပညာ၊ အတွေးအခေါ် အားနည်း နေလျှင်တော့ တိုင်း ပြည်မှာ ထိုက်တန်တဲ့ ခေါင်းဆောင်ကြီး တွေ ဆုံးရှုံးရ လို့ နစ်နာ ပါလိမ့်မယ်။ တိုးတက်မှု ရရှိမှာလည်း မဟုတ်ဘူး။ ကိုယ့်ထက် အနှစ် ၅၀ ကျော် ရှေ့က
 ရွေ့လျားနေတဲ့ နိုင်ငံတွေရဲ့ နောက်မှာ ဝေး၍၊ ဝေး၍၊ ဝေး၍ တစ်ဖန် ကျန်ရစ် ခဲ့ဦးမယ်။

                ဒါကြောင့် ပထမဆုံး အိနိ္ဒယ လွတ်လပ်ရေးမှာ အိနိ္ဒယ ၀န်ကြီးချုပ် နေရူး ပြောခဲ့တဲ့ စကားလေး တစ်ခုကို မျှဝေ ပေးလိုက် ချင်ပါတယ်။ ဂုရုကြီးနေရူး က-
“ No nation can’t be great whose People are narrow in thought ” တဲ့
အတွေး အခေါ် ကျဉ်းမြောင်း သူတွေ နေထိုင်တဲ့ နိုင်ငံဟာ ဘယ်တော့မှ မတိုးတက် ဘူး တဲ့-

                မြန်မာပြည်ဟာ ဒီလိုပဲ ဖြစ်နေပြီ လား။
                ပျက် အစဉ် ပြင်ခဏ
                ပြင်ကြ ရအောင်။     ။


 ဦးတင်မောင်လတ်

မူရင်းလင့်

No comments:

Post a Comment