Tuesday, October 15, 2013

သန်း ၆၀ကို မျက်နှာမူသော ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှု

မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော နိုင်ငံတော် သမ္မတကြီး၊ သူရဦးရွှေမန်း၊
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာများ၊ ပြည်သူများ အားလုံးက ငြိမ်းချမ်းရေးသည် လတ်တလော လိုအပ်ချက်၊ ယင်းဒေသများ ဖွံ့ဖြိုး တိုးတက်ရေးသည် ရေရှည် လိုအပ်ချက်အဖြစ် တညီတညွတ်တည်း သဘောတူညီနေကြပြီ ဖြစ်သည်။

မဟာဗျူဟာ သဘောဖြစ်သော ရည်မှန်းချက် မူဘောင်များ ထပ်တူညီနေပြီ ဖြစ်ရာ နည်းဗျူဟာ သဘောဆောင်သော လုပ်ငန်းစဉ်များ၊ နည်းလမ်းများကြောင့် အဓိက အရေးကြီးသော မဟာဗျူဟာ တူညီချက် ပျောက်ပျက်မသွားရန် အရေးကြီးနေပြီ ဖြစ်သည်။ လူသားများ အစပြု ဖန်တီးခဲ့သော ပဋိပက္ခနှင့် ပြဿနာများကို ယနေ့ မြန်မာနိုင်ငံ၏ Stakeholder အားလုံး ပါဝင်သော လူသားများ
ကပင် ပြန်လည် ဖြေရှင်း ငြိမ်းချမ်းစေသင့်ပြီ ဖြစ်သည်။

 အလားတူ အကဲဆတ်လှသော ငြိမ်းချမ်းရေး အဆင့်တိုင်းတွင် ကွန်ဆာဗေးတစ် ယိမ်းသော အတွေးအခေါ်များ သတိပြု ဆင်ခြင်သင့်ပြီ ဖြစ်သလို ငြိမ်းချမ်းရေးကို အလွယ်တကူ ကျောမခိုင်းရန်လည်း အရေးကြီး လှပေသည်။ ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် သန်း ၆၀ အတွက် အရေးတကြီး လိုအပ်နေသော နိုင်ငံ တည်ဆောက်ရေးပင်ဖြစ်ရာ အားလုံး ပါဝင်သော ငြိမ်းချမ်းရေးသို့ ချီရာလမ်း၌ သမ္မတ ကနေဒီ ပြောကြားခဲ့သလို ငြိမ်းချမ်းရေးအပေါ် ထားရှိသော သဘောထား အမြင်များ၌ ‘မဖြစ်နိုင်’ ဟူသော အယူအဆများ ဖယ်ခွာချပါမည့်အကြောင်း၊ Concept ဟူသော မူဘောင် အငြင်းပွားမှု၌ အခြေခံဥပဒေ ပြင်ဆင်ရေးအထိ အားလုံး ပါဝင်သော ဘုံသဘောတူညီချက် ရရှိထားပြီးဖြစ်ရာ Process ဟူသော နည်းလမ်းဆိုင်ရာ အငြင်းပွားမှုများကို သန်း ၆၀ ကို မျက်နှာမူသော စေ့စပ် ညှိနှိုင်းမှုဖြင့်သာ အဖြေ ရှာကြပါမည့်အကြောင်း.........။


မှူးဇော် ရေးသော "ကနေဒီ၊ ဦးသန့်၊ ကျူးဘား ဒုံးပျံ အကျပ်အတည်းနှင့် သန်း ၆၀ကို မျက်နှာမူသော 
ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းမှု" မှ ကောက်နှုတ်ဖော်ပြပါသည်။
Thursday, 18 July 2013 07:53  
မူရင်းလင့်

No comments:

Post a Comment