သိမ်းကြုံးယုသွားသော လုံးကြီးပေါက်လှ
နေလင်းညီ၊ နိုဝင်ဘာ ၁၊ ၂၀၁၃
၁၉၇၀-ပြည့်လွန်နှစ်များက
ဖြစ်သည်။ မဟာရန်ကုန် အနောက်ဖက်ရှိ မြို့နယ်တစ်ခုတွင် စာသင်တိုက်ကြီး
တစ်ခုရှိရာ စာသင်သား သံဃာ ၂၀၀- နီးပါးနှင့် ကျောင်းသားကပ္ပိယ ၅၀-ခန့်
ရှိသည်။ အတန်းပညာကို မူလတန်းမှ တက္ကသိုလ်ထိ သင်ကြားနေသူ ၃၅-ယောက်ခန့်ရှိ၍
၁၅-ယောက်မှာ အလုပ်လုပ်နေသူများ ဖြစ်သည်။ ကျောင်းစာသင်ယူနေသူ
ကျောင်းသားများကို အထူးဆိုဖွယ်မရှိ။ အလုပ်လုပ်နေသော ကပ္ပိယများကိုသာ
အထူးဆိုဖွယ်ရှိ၏။
ကိုပန်ဆိုသူကား
အသက်၈-နှစ်သားလောက်တွင် ဤကျောင်းတိုက်သို့ ရောက်လာကာ ၁၀-တန်းထိတက်ခဲ့၏။
၁၀-တန်းကို အကြိမ်ကြိမ် ဖြေဆိုပါသော်လည်း အောင်မြင်ခြင်း မရှိသည့်အတွက်
လက်နက်ချ အညံ့ခံပြီးလျှင် ဌာနဆိုင်ရာ တစ်ခု၌ အောက်ခြေဝန်ထမ်းလုပ်နေ၏။ ကျောင်းတိုက်ထူ
ထောင်ပြီးနောက် မစည်ပင် မတိုးတက်မီကပင် အညာပခုက္ကူဖက်မှ မိဘမဲ့ဘဝဖြင့် ရောက်လာသော ကိုပန်ကား အလွန်ပင်ရိုးသား၏။ အောက်ဆိုဒ်အလွန်ကောင်းသော ဌာနတွင် သူ့အရာရှိတွေကလည်း သူ့ကို အလွန်ချစ်ခင်ယုံကြည်ကြသဖြင့် တော်တော်လေး အဆင်ပြေနေ၏။ နေ့ဖက်တွင် အလုပ်ဆင်း၍ မနက်စောစောနှင့် ညပိုင်းတို့တွင် ဝေယျာဝစ္စလုပ်ကာ ကျောင်းတိုက်၌ပင် ဆက်နေ၏။ နေစရိတ် စားစရိတ် မကုန်၊ စုမိဆောင်းမိ ရှိလှ၏။
ထောင်ပြီးနောက် မစည်ပင် မတိုးတက်မီကပင် အညာပခုက္ကူဖက်မှ မိဘမဲ့ဘဝဖြင့် ရောက်လာသော ကိုပန်ကား အလွန်ပင်ရိုးသား၏။ အောက်ဆိုဒ်အလွန်ကောင်းသော ဌာနတွင် သူ့အရာရှိတွေကလည်း သူ့ကို အလွန်ချစ်ခင်ယုံကြည်ကြသဖြင့် တော်တော်လေး အဆင်ပြေနေ၏။ နေ့ဖက်တွင် အလုပ်ဆင်း၍ မနက်စောစောနှင့် ညပိုင်းတို့တွင် ဝေယျာဝစ္စလုပ်ကာ ကျောင်းတိုက်၌ပင် ဆက်နေ၏။ နေစရိတ် စားစရိတ် မကုန်၊ စုမိဆောင်းမိ ရှိလှ၏။
ကိုတင်ဆိုသူမှာလည်း
အညာဖက်မှလာသော ရိုးသားအေးဆေးသူဖြစ်၍ ကျောင်းတိုက်အနီးရှိ သစ်စက်တွင်
အလုပ်လုပ်နေ၏။ အပိုစရိတ်မကုန်ခမ်းသဖြင့် သူလဲ ဆွေမျိုးမိဘ အချို့ကို
ထောက်ပံ့ နိုင်
နေ၏။
ပရိဘောဂ
စက်ရုံတွင်လုပ်နေသော ကိုမြကား ကျောင်းတိုက်မှ ရံဖန်ရံခါ လစ်ထွက်၍
အသောက်
အစား လုပ်တတ်၏။ မူးနေလျှင် သူ့မိတ်ဆွေများထံ သွားအိပ်၏။ မူးနေစဉ်
စစ်ဆေးတွေ့ရှိပါက ‘ဖြိတ်လာ’ ဘွဲ့ကို ရစေမည်ဟု ကျောင်းသား၊ ကပ္ပိယများကို
အုပ်ချုပ်သော ဆွမ်းစားကျောင်းဘုန်းကြီးကwarning ပေး
ထား၏။ ဖြိတ်လာ ဟူသည်
ဖျာလိပ်ဟု ဆိုလို၍ ကျောင်းတိုက်မှ မောင်းထုတ်မည်ဟု ပြောခြင်းတည်း။ ကိုမြကား
စုမိသည်ဟူ၍ မရှိ။ သို့သော် ကပ္ပိယ တာဝန်ကား ကျေပွန်ရုံမက၊ လိုအပ်လျှင်
ပိုလုပ်ပေးတတ်
၏။ ကောင်းကွက်က ရှိနေသည်။
ဈေးထိပ်၌
ညနေပိုင်းမှ ညပိုင်းထိ ကြိတ်ကြိတ်တိုး လက်မလည်အောင် ရောင်းရသော
အကြော်ဆိုင်ကား ဒေါ်ဝတုတ်၏ ဆိုင်ပေတည်း။ ကပ္ပိယ ကိုအေးသည် ထိုဆိုင်၌
ဝိုင်းလုပ်ပြီးလျှင် ဆိုင်ရှင်၏သမီးဖြစ် သူအား လိုချင်နေသူဟု သတင်းပြေး၏။
ဆိုင်ရှင်ကလဲ ကိုအေးအား သဘောကျ သလိုလို ကြားရ၏။ သူတို့ ဝင်ငွေလည်း
အားကိုးလောက်၏။
ကပ္ပိယများအနက်
ရေခဲစက်မှာ လုပ်သူ၊ နို့အေးချောင်း ရောင်းသူ၊ ကုန်တင်ကုန်ချ လုပ်သူ၊
ကားမောင်းသူ၊ အောက်တန်းစာရေး လုပ်သူ၊ စသည်ဖြင့် စုံလင်လှ၏။ ကပ္ပိယများမှာ
နံနက်အရုဏ်ဆွမ်းနှင့် ဟင်းကို ချက်ပေးခြင်း၊ ဥပုသ်နေ့တွင် အရုဏ်ဆွမ်းခံ
လိုက်ပေးခြင်း၊ ညနေပိုင်းတွင် ကျောင်းသားများအတွက် ထမင်းပေါင်း
ဟင်းပေါင်းများကို နွှေး၍ တည်ခင်းကျွှေးမွှေးခြင်း၊ ထင်းဖွဲများကို
သယ်ယူတိုက်ပေးခြင်း၊ ကျောင်းတိုက်သန့်ရှင်းရေးကို ဆောင်ရွက်ပေးခြင်း၊
စသည်တို့ကို တာဝန်ကျ ဇယားအတိုင်း လုပ်ပေးကြရသည်။ မိမိ မအားလပ်လျှင်
အားလပ်သူနှင့် လုပ်အား အလဲအလှယ် အချေးအငှါး လုပ်ခွင့် ပြုထားသည်။
ကျောင်းတိုက်၌
ဘာလုပ်သည်ဟု မယ်မယ်ရရ ပြော၍ မရသ၊ူ ကိုမိန်းဆိုသူလည်းရှိ၏။ ကပ္ပိယ တာဝန်လည်း
ကျေပွန်လှသူမဟုတ်၍ ဆွမ်းစားကျောင်းဘုန်းကြီး၏ မြည်တွန်တောက်တီးမှု
ကိုမကြာခဏ ခံရသော်လည်း ဆွမ်းစားကျောင်းဘုန်းကြီး၏ ပုဂ္ဂိုလ်ရေးရာ
အခက်အခဲများ၌ ဝင်ရောက်ဖြေရှင်းပေးတတ်
သဖြင့် မျက်နှာသာ ပေးခြင်းလည်း
ခံရတတ်၏။ သူသည် လူတိုင်းနှင့် အဆင်ပြေအောင် နေ၏။ အမြှောက်
အပင့်လေးဖြင့်
လူ့အကြိုက်လိုက်၍ နေတတ်သည်။ စာလည်း အတော်ဖတ်၍ စာမဖတ်သော ကပ္ပိယများ
ကြားတွင်
ပြည်တွင်းပြည်ပ ဗဟုသုတများကို ပြောကာ အနူတောမှာ လူချော လုပ်နေ၏။ သူ့ကိုယှဉ်ပြောနိုင်
သူဟူ၍ ကိုပန်သာ ရှိ၏။
ကိုမိန်းသည်
လုပ်ငန်းရှင်၏ မန်နေဂျာလိုလိုလည်း လုပ်ဖူး၏။ နယ်ရှိ
ကုန်စုံဆိုင်ပိုင်ရှင်၏ အဝယ်တော် (ရန်ကုန်တာဝန်ခံ) လိုလိုလည်း လုပ်ဖူး၏။
ကျူရှင်ဆရာ လိုလိုလည်း လုပ်ဖူး၏။ တိတိကျကျကား မည်သူမျှမသိ။ သိအောင်လည်း
အားမထုတ်ကြချေ။
တစ်နေ့သော
ညပိုင်းတွင် လူစုံနေခိုက် ကိုမိန်းက ကပ္ပိယအားလုံးကို ဖိတ်ကြား၏။
ရေနွေးကြမ်း
နှင့် ပဲကြီးလှော်ထုပ်များဖြင့် ဧည့်ခံ၏။ အလွန်လေးနက်တည်ကြည်သော
မျက်နှာ ပုံပန်းအသွင်သဏ္ဍာန်ကို
ဖြစ်စေလျက် ဤသို့ဆို၏။ “ငါတို့ ကပ္ပိယများသည်
မြန်မာနိုင်ငံ၏ ထက်အောက်ဝန်းကျင်အရပ်ဒေသအသီး
သီးရှိ ကျေးလက်ဒေသများမှ
ရန်ကုန်မြို့သို့ တက်ရောက်လာကြသူများ ဖြစ်သည်။ မိမိတို့ ကျေးလက်တွင်
နေနိုင်စားနိုင်သူများ ဖြစ်ပါလျက် ရန်ကုန်၌ ယခုလို အပင်ပန်းခံကာ
ရုန်းကန်ကြိုးစားနေ ကြခြင်း၏ အဓိက ရည်ရွယ်ချက်ကား အဘယ်နည်း။ တိုးတက်
ချမ်းသာရန်ပင် မဟုတ်ပါလား။ ထို့ကြောင့် ရရစားစား ဘဝဖြင့်
နေရန် မသင့်တော်။
ကျောင်းဆွေးဆွေး လူဆွေးဆွေး အဖြစ်မျိုး ကို မတွေးအပ်။ ကျောင်းတိုက်ကို
မှီနေရ
သော အခြေအနေမှ ကျောင်းတိုက်ကို ပြန်လှူဒါန်းနိုင်သော အခြေအနေသို့
ဧကန်မုချရည်စူးသင့်သည်။
ဟိ သစ္စံ ၊ ဤစကားမှန်၏။ ငါတို့သည်
တိုးတက်ချမ်းသာရေးကို အဘယ်သို့အကောင်အထည်ဖော်မည်လဲ
ဟု မုချမသွေ
စဉ်းစားထိုက်လှပေသည် တကား။”
ကပ္ပိယများသည်
အထူးစိတ်ဝင်စားကြပြီးလျှင် ပဲကြီးလှော်နှင့် ရေနွေးကြမ်းကို
သောက်စားကြရင်း တစ်ယောက်တစ်ပေါက်ဆွေးနွေးလိုက်ကြသည်မှာ သန်းခေါင်ခါနီးပင်
ရောက်သွားလေသည် ဟူသတတ်။ သို့သော် ရေရာသေချာသော အဖြေကား မထွက်ပေ။
ကိုမိန်းသည်
ထိုသို့သော စကားဝိုင်းလေးများကို လ္ဘက်သုတ်ဖြင့် လည်းကောင်း၊ ပေါင်မုန့်၊ လ္ဘက်
ရည်တို့ဖြင့် လည်းကောင်း၊ ဘူးသီးကြော် ဗယာကြော်တို့ဖြင့် လည်းကောင်း၊
မကြာခဏ ကျင်းပပေး၏။
ထိုစဉ်က သမဝါယမစနစ်ဆိုတာလည်း ဆိုရှယ်လစ်စီးပွားရေး၏
ဒုတိယမဏ္ဍိုင်အဖြစ် စိတ်ဝင်တစား
ဆွေးနွေးကြသောခေတ် ဖြစ်သည်။
ကိုမိန်းသည် သမဝါယမစနစ်၏ သဘောသဘာဝနှင့် စည်းလုံးညီ
ညွှတ်ခြင်း၏
အကျိုးကျေးဇူးကို အခြားသူတို့အား သိစေ၏။ သို့သော် သူကိုယ်တိုင်က မပြော၊
ထိုစနစ်ကို တက္ကသိုလ်၌ ဖြစ်စေ၊ ပါတီသင်တန်း လမ်းစဉ်
လူငယ်သင်တန်းများ၌ဖြစ်စေ၊ တက်ရောက်ခဲ့ဖူးသူတို့အား
ပြောစေ၏။ ကပ္ပိယများသည်
သူတို့၏ စုဆောင်းငွေများကို ထည့်ဝင်လျက် ကြီးပွားတိုးတက်သော လုပ်ငန်း
ကို
လုပ်ဆောင်ရန် စိတ်အားထက်သန်ကြကုန်၏။ အသောက်အစားကြောင့် စုမိဆောင်းမိ
မရှိသောကိုမြပင်
လျှင် အသောက်အစားကို ရပ်၍ အချိန်ပို အလုပ်ဆင်းကာ
စုဆောင်းနေ၏။ မိဘဆွေမျိုးများကို ထောက်
ပံ့နေသူများမှာလည်း လျှော့၍
ထောက်ပံ့ကာ စုဆောင်းနေကြ၏။
ကိုမိန်းချပြသော
လုပ်ငန်းစဉ်ကား ဤသို့တည်း။ နယ်မြို့တစ်မြို့တွင် ဆေးဖက်ဝင်
သစ်ဥသစ်ဖု
တစ်မျိုးရှိရာ ရန်ကုန်၌ ဈေးကြီးလှ၏။ ထိုသစ်ဥသစ်ဖု အခြောက်များကို
ကပ္ပိယများ၏ ထည့်ဝင်ငွေများဖြင့် ဝယ်ယူ၍ ရန်ကုန်သို့ ပို့ဆောင်
ရောင်းချမည်။ ထည့်ဝင်ငွေ၏ ရာခိုင်နှုန်းအလိုက် အကျိုးအမြတ်ကို
ခွဲဝေ
သတ်မှတ်ပေးမည်။ မည်သူက သွားလာဆောင်ရွက်မည်နည်းဟု ကိုမိန်းက ဆန္ဒခံယူ၏။
ကိုမိန်းသာ
ဆောင်ရွက်သင့် သည်ဟု တစ်ခဲနက်ထောက်ခံကြ၏။ အားလုံးက
အစုငွေထည့်ကြ၏။
ကိုမိန်းသည် ပထမအကြိမ် ရောင်းဝယ်သည်။ ရသောအကျိုးအမြတ်ကို အချိုးကျ ခွဲဝေသည်။ အားလုံးဝမ်းမြောက်ကြ၏။
ဒုတိယအကြိမ်ရောင်းဝယ်၏။
အိုကေ နေပြန်၏။ ဆေးဖက်ဝင် သစ်ဥသစ်ဖုအကြောင်းကို အတန်
ငယ်နားလည်သော
ဘုန်းကြီးတစ်ပါးက ထိုအကြောင်းကြားသော အခါ ဤသို့ မှတ်ချက်ပြု၏။ “ တောက
ဈေးနှုန်းနဲ့ ရန်ကုန်က ဈေးနှုန်း ကွာတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်
ရန်ကုန်ဆိုင်တွေက အချိန်
ယူပြီးဖြေးဖြေး ရောင်းရတော့ ကိုမိန်းပြောသလို
ချက်ချင်းအရောင်းထွက်တယ်ဆိုတာ ဟုတ်ပါ့မလား။”
ကပ္ပိယများကမူ
ဟုတ်ပါ့မလား ဆိုတာ မစဉ်းစား၊ နောက်တစ်ကြိမ် ဘယ်လောက်မြတ်မလဲ ဆိုတာပဲ
စဉ်းစားကြကုန်၏။ တတိယအကြိမ်တွင် အချီကြီးရင်း၍ အချီကြီးမြတ်မည်ဟုဆိုကာ
ကိုမိန်းထံ အစုငွေပေးလိုက် ကြသည်မှာ လက်ထဲရှိတာ အကုန်လုံးဖြစ်သည်။ အချို့က
ချေးငှား၍ပင် ပို၍ ထည့်ဝင်ကြသေး၏။ ပေးသမျှကို ကိုမိန်းက ငြင်းပယ်သည်ဟူ၍
အလျှင်းမရှိ။
ကိုမိန်းသွားလိုက်သည်မှာ
ယခုထိ ပြန်မလာတော့။ ကပ္ပိယများသည် နှမြောတသ သုံးကြိမ်မက ရွတ်ဆို၍
ကိုမိန်းအား ဆဲရေးတိုင်းထွာကြကုန်၏။ အဘယ်မျှပင် ဆဲရေးတိုင်းထွာကြသော်လည်း
ပါသွားသော ငွေများကား တစ်ပြားတစ်ချပ်မျှပင် ပြန်ရောက်မလာတော့။
ကိုမိန်းလည်း နယ်မြို့တစ်မြို့သို့သွား၍ ပါလာသမျှ
ငွေကြေးများ ရင်းနှီးကာ အချီကြီးကြံပြန်၏။ ထိုမြို့တွင် ချမ်းသာသော
မုဆိုးမသားအမိရှိရာ သမီးမှာ လုံးကြီးပေါက်လှ (စိုးမြတ်သူဇာလို) ဖြစ်၏။
ကိုမိန်းသည် ကုန်သည် လူချမ်းသာ ဟန်ဆောင်၍ မိန်းမသိုက်တူးရန် ကြံစည်၏။
မုဆိုးမသားအမိလဲ ကိုမိန်းအား အကဲခတ်နေ၏။ ကိုမိန်းလဲ ပေးလိုက် ကမ်းလိုက်
ပိုးလိုက် ပန်းလိုက် လုပ်နေသည်။ ဟို လုံးကြီးပေါက်လှကလည်း
ကြိုက်တော့မလိုလို ယူတော့မလိုလို လုပ်ပြီး ချူစားနေရာ ကိုမိန်းလဲ
တက်တက်ပြောင် သွားတော့၏။ တကယ်ရှိသူ မဟုတ်မှန်း ရိပ်မိသွားသော
လုံးကြီးပေါက်လှက ပိုက်ဆံရှိသူ ကုန်သည်တစ်ဦးအား ယူလိုက်တော့ ကိုမိန်းလဲ
အသည်းဟက်တက် ကွဲသွား၏။
X x x
ဟိုတစ်လောက
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေ (ဗိုလ်မှူး-ငြိမ်း) ၏
အမည်သညာ
ခေါ်စရာကား မုန်းဟူသော စာမူကို ဖတ်ရ၏။ ဆည်စီမံကိန်းများကို
သွားရောက်စစ်ဆေးရာ ငွေကြေးကုဋေ
ပေါင်းများစွာ ဆုံးရှုံးကုန်ကျခဲ့သော်လည်း
ကြိုတင်ထုတ်ပြန်ခဲ့ သကဲ့သို့ ဆည်ရေသောက် ဧရိယာများလဲ မရ၊ လျှပ်စစ်ဓာတ်အားလဲ
၃ ပုံ ၁ ပုံ လောက်ပင် မထွက်။ ပြောင်းရွေ့သွားရသော ကျေးရွာများစွာမှ
ရွာသား
များစွာလဲ အခြေပျက်၊ အနေပျက် ချို့တဲ့ဆင်းရဲ နေကြကြောင်း ဖော်ပြထား၏။
စာရေးသူ ရောက်ရှိလေ့လာခွင့်ရခဲ့သော ရေအားလျှပ်စစ် စီမံကိန်းအချို့မှာလည်း
ဤနည်းနှင်နှင်များသာ
ဖြစ်၏။ ထိုသို့သော ရင်နင့်ဖွယ် ဇာတ်လမ်းများကို
ကြားရသောအခါ ကပ္ပိယများကို လိမ်သွားသော ကိုမိန်း
၏ ဇာတ်လမ်းကို သတိရသည်။
(၁)
အခြေပျက် အနေပျက် ဘဝပျက်သွားရလောက်အောင် ပြောင်းရွေ့ပေးကြရသော
အနစ်နာ
ခံပေးကြရသော ရွာသားများမှာ နိုင်ငံတိုးတက်ရေးဆိုသော
ဖြီးလုံးဖြန်းလုံးများကို ယုံသဖြင့်လည်းကောင်း
၊အာဏာကို ကြောက်သဖြင့်
လည်းကောင်း ဒုက္ခရောက်ကြသည်။ ရှိသမျှကို ပုံအောပေးထည့်ဝင်ကြသော
ကပ္ပိယများနှင့် တူနေသလား။
(၂)
ငါ လုပ်သမျှ၊ ဖြီးသမျှ ဖြစ်ရမည်၊ အောင်မြင်ရမည်ဟု သွေးနထင်ရောက်ကာ စီမံကိန်းများကို
စိတ်ကူးဖော်ဆောင်ခဲ့ကြသူများသည် ကိုမိန်းနှင့် တူနေသလားဟု
စဉ်းစားမိပါသည်။
(၃)
ပြည်တွင်းပြည်ပမှ ပုံစံမျိုးစုံဖြင့် ကိုယ်ကျိုးရှာ အမြတ်ထုတ်သွားကြသော
မသမာသူများသည် လုံးကြီးပေါက်လှ အပျိုချောနှင့် တူနေသလား။ ဟု
စဉ်းစားမိပါသည်။Nay Linnn Nyi (myanmarupdates)
No comments:
Post a Comment