Tuesday, November 12, 2013

ငါ့ရဲ့လျှာကို ရှာပေးကြ

ငါ့ ရဲ့ လျှာ ကို ရှာေ ပး ကြ

မင်းညွှန့်လှိုင်

နိုဝင်ဘာ ၁၁၊ ၂၀၁၃



ထိတ်စရာ လန့်စရာ

ညကအိပ်မက်ထဲမှာ

ငါ့ရဲ့လျှာပျောက်ဆုံးခဲ့ ။

ငါ့ငတ်မွတ်မှုက

ငါ့လျှာကိုမျိုချမိသလား ။

င့ါမာနက

ငါ့လျှာကိုရိတ်လှီးလိုက်သလား ။

ငါ့သစ္စာက

ငါ့လျှာကိုဖြတ်တောက်ပစ်သလား ။

ငါ့လောဘက

ငါ့လျှာကိုရောင်းချခဲ့သလား ။

ငါ့အကြောက်တရားက

ငါ့လျှာကိုဖျောက်ဖျက်ခဲ့သလား ။

ခက်နေတာက

ဒီကိစ္စကိုပြောကြားဖို့

ငါ့မှာစကားမဲ့မဲ့ ။    ။


No comments:

Post a Comment