Tuesday, November 12, 2013

မိုးခါးရေ



ကျွန်တော်က စားသောက်ဆိုင် တစ်ခုက စားပွဲထိုး တစ်ယောက်ပါ။ ကျွန်တော်နဲ့  အတူစားပွဲထိုး ၅ယောက် ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကို လိုက်ကြည့်တဲ့ စူပါဗိုက်စာ ဆိုတာ ၁ ယောက်နဲ့ ကောင်တာမှာ
 ငွေသိမ်း တဲ့ မန်နေဂျာဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ဆို အားလုံး ၇ ယောက်ရှိပါတယ်။ ကျွန်တော်တို့ ဆိုင်ကိုပိုင်တဲ့ 
သူဌေးက တစ်ပတ် ကိုတစ်ရက်ပဲ လာတယ်။  အားလုံးမန်နေဂျာနဲ့ ပဲ လွှဲထားတယ်။ ပြောရမယ်ဆိုရင် 
ဒီဆိုင်မှာ မန်နေဂျာပြီးရင် အားလုံးပြီးတယ် ဆိုပါတော့။ ကျွန်တော်က အလုပ်စ၀င်တဲ့ လူသစ်ဆိုတော့ အလုပ်ကို ကြိုးစားပြီး လုပ်ရတယ် ပြီးတော့ ကျွန်တော့ အရင်ရောက်နေတဲ့ စားပွဲထိုး အစ်ကိုတွေရဲ့ 
ခိုင်းတာကိုလဲ လုပ်ရတယ်။။

ကျွန်တော်တို့ ဆိုင်က coffee shop ဆိုတော့အရည်မျိုးစုံ ရောင်းပါတယ်။  အစားအသောက်ကိုတော့ ဘေး
ဆိုင်ကလေးတွေက ရောင်းပါတယ်။ ကျွန်တော်တို့  အလုပ်ကလူလာရင် ဘာသောက်မလဲလို့ မေး ပြီးရင်
အဖျော်ခန်းထဲက အဖျော်ဆရာကိုပြော။ ဖျော်ပြီးတာ နဲ့ ယူလာပြီး ပေးပိုက်ဆံ ရှင်း အဲဒီပိုင်ဆံကိုကောင်တာ
က မန်နေဂျာဆီမှာ အပ်ရတယ် ဆိုပါတော့။ အဲဒီလိုလုပ်တာကို ဆိုင်အခေါ် အရ အော်ဒါကောက်တယ်လို့ 
 ခေါ်ပါတယ်။

ကျွန်တော်က လူသစ်မို့ လို့ အော်ဒါမကောက်ရပါဘူး သူတို့ ပဲကောက်ကြတယ် ကျွန်တော့ကိုတော့ စားပြီးသား ပန်းကန်တွေနဲ့ သောက်ပြီးသား ဖန်ခွက်တွေပဲ သိမ်းခိုင်းတယ် ဒီလိုနဲ့ ၎ -၅ လလောက်ကြာ
လာတော့ ကျွန်တော်လဲအော်ဒါကောက်တတ် လာတယ်။ အဲဒီလိုကောက်တတ်လာတော့ အရင်အစ်ကို
တွေက ကျွန်တော့ကို " ဟေ့ မောင်မောင်ပိုက်ဆံတွေကို သေခြာရှင်းနော် ပြီးရင်မန်နေဂျာဆီမှာ သေသေ
ချာချာအပ်"  "ဟုတ်ကဲ့ အစ်ကိုစိတ်ချပါ မမှားစေရပါဘူး ကျွန်တော် ဂရုစိုက်ပါ့မယ်" စူပါဗိုက်စာဆိုတဲ့ 
လူကလဲ ကျွန်တော့ကိုပဲ သတိထားစောင့်ကြည့်တယ်။
အဲဒီတော့ ကျွန်တော်ကလဲ မမှားအောင် ဂရုစိုက်ပြီး လုပ်ကိုလုပ် ရတယ်။တနေ့ တော့တိုဆိုင်မှာ ကျွန်တော့ အရင်ရောက်တဲ့ အစ်ကိုတစ်ယောက်က သူရှင်း
လာတဲ့ ပိုက်ဆံတစ်ချို့ တစ်ဝက်ကိုသူ့ ဘောင်းဘီအိပ်ထဲ ကိုထည့်လိုက်တာ ကျွန်တော်တွေ့ လိုက်တယ် ကျွန်တော်လဲ တစ်ကြိမ်မို့ လို့ ပဲလေဆိုပြီး အမှတ်တမဲ့နေ လိုက်ပါတယ်။  ဒါပေမဲ့ သတိထားကြည့်မိတော့
သူတို့ အားလုံးဟာ ရောင်းရတဲ့ ပိုက်ဆံတစ်ချို့ တစ်ဝက်ကို ဒီလိုပဲနေ့ တိုင်းယူနေတာ သွားတွေ့ ရတယ်။
ကျွန်တော်ပြန်စဉ်းစား မိတယ် ငါ့ကျတော့ ပိုက်ဆံကိုဂရုတစ်စိုက် ရှင်းလို့ ပြောပြီး သူတို့ ကျတော့ ပိုက်ဆံ
တွေကို ခိုးနေကြတယ်။ 

ကျွန်တော်ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားတယ်။ ဒါပေမဲ့ လောလောဆယ် အဖြေမရဘူး။ အဲတစ်ရက်
နှစ်ရက်လောက်ကျမှ အဖြေရသွားတယ်။

၁။ သူတို့ ခိုးတာကိုဖမ်းပြီးသတိပေးတဲ့နည်း။

၂။ သူတို့ ကိုဘာမှမပြောပဲ မန်နေဂျာကိုသွားပြောတဲ့နည်း။

ဒီလိုနဲ့ ဆိုင်ပိတ်တဲ့ တစ်ရက်မှာသူတို့ ပိုက်ဆံယူတာကို ရိပ်မိတဲ့ အစ်ကို တစ်ယောက်ကကျွန်တော့ကိုခေါ်ပြီး

*ညီလေး မောင်မောင်မင်း သိရင်မင်းဝမ်းထဲထား ပါကွာ။ သူဌေးပေးတဲ့ လခကနည်းလို့ အစ်ကိုတို့ လုပ်ရတာ
ပါ ဘယ်သူမှ မပြောနဲ့ နော် ။ မင်းလဲ လုပ်ချင်ရင် လုပ်အစ်ကိုတို့ မသိချင်ယောင်ဆောင်နေမယ် သိလား*

ကျွန်တော့ကို အဲဒီလိုစည်းရုံး ပါတော့တယ်။ ရက်တော်တော်ကြာတဲ့ အထိဘယ်လို လုပ်ရင်ကောင်းမလဲလို့  အဲဒီကိစ္စကို စဉ်းစာနေမိတယ်။ ကျွန်တော်ကတော့ ခိုးလို့ မဖြစ်ဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်က မိဘမရှိတော့ဘူးလေ။ ရွာကဘုန်းကြီးကျောင်းမှာနေရတာဆိုတော့ ဆရာတော်ကအမြဲဆုံးမတယ်။

 
*ဟေ့ ဒကာလေးမောင်မောင် သူများပစ္စည်းကို ပိုင်ရှင်မသိဘဲ မယူနဲ့ မခိုးနဲ့ နော် သူများမသထာရေစာ
စားရင် သံခဲကျောက်ခဲမျို ရသလိုပဲဘယ်တော့မှ လူမွှေးမပြောင်ဘူး။ ဘယ်သူတရားပျက်ပျက် ကိုယ်မ
ပျက်နဲ့  သူများမိုးခါးရေသောက်လို့ လဲကိုယ်လိုက်မသောက်နဲ့ သတိကြပ်ကြပ်ထား*  
*တင်ပါဘုရား တပည့်တော် ဂတိပေး ပါတယ်။*  အဲဒီလို ဂတိခံခဲ့ရတော့ ကျွန်တော်ခိုးလို့ မဖြစ်ဘူး။ သူဌေးကနေတစ်ဆင့်ဆရာတော် သိသွားရင်မလွယ် ဘူးလေ။

ဒီလိုနဲ့ ဆိုင်ပိတ်တဲ့ တနေ့ ကျွန်တော်နဲ့ ခင်နေတဲ့ အစ်ကိုကြီးကိုပြောမိတယ်။
**အစ်ကို ခင်ဗျားသူများ ပိုက်ဆံတွေမယူပါနဲ့ လားဗျာ ပိုင်ရှင် မသိပဲယူတာ မကောင်းပါဘူး အဲဒါခိုးတာနဲ့ 
အတူတူပဲ ကိုယ်ကျင့် တရားပျက်ရာမကျဘူးလား၊၊**

**ဟ မောင်မောင် ကလဲ မင်းတော်တော်ညံ့တဲ့ကောင်ပဲ မန်နေဂျာ ကအစ အားလုံးယူနေကြတာ သူများ
မိုးခါးရေသောက်လို့ မှကိုယ်မသောက်ရင်ကိုယ်လူမိုက်ဖြစ်သွားမှာပေါ့ကွ မင်းလဲအဆင်ပြေသလိုသာလုပ်
ငါသွားတော့မယ်**

ဒီလိုနဲ့ အစ်ကိုကြီးထွက်သွားတော့ ဆရာတော်ပြောတာကိုလဲ သတိရမိတယ်။

*ဒကာလေးမောင်မောင် သူများမိုးခါးရေသောက်လို့ လဲကိုယ် လိုက်မသောက်နဲ့ နော်ကြပ်ကြပ် သတိထား *
ရက်တော်တော်ကြာတော့ ကျွန်တော်ဆုံးဖြတ်ချက် တစ်ခှချလိုက်တယ်။ ဒီကိစ္စသူဌေးသိသွားရင် အားလုံး ဒုက္ခရောက် ကုန်မယ်။ ကျွန်တော်လဲနာမည်ပျက်မယ်။ ဒါကြောင့် မန်နေဂျာကိုပြောပြဖို့ ကျွန်တော် ဆုံးဖြတ် လိုက်တယ်။ ပိတ်ရက်တစ်ရက်မှာ မန်နေဂျာဆိုတဲ့ဦးလေးကို ကျွန်တော်သွားတွေ့ ပြီး
 * ဦးလေး စားပွဲထိုးတွေအားလုံး ပိုက်ဆံခိုးနေတာ ကျွန်တော်တွေ့ ရတယ်။အဲဒါဦးလေးခေါ်ပြီး ဆုံးမပေးပါလား ကျွန်တော်က အားလုံးကောင်းစေချင်လို့  လာပြောပြတာပါ**

**သြော် အေးအေး မင်းဘယ်သူ့ ကိုမှ လျှောက်မပြောနဲ့ နော်။ မင်းစိတ်ထဲမှာပဲထား ဦးလေးသူတို့ ကိုခေါ်ပြီး ဆုံးမပေးမယ်သိလား**

**ဟုတ်ကဲ့ ဦးလေး ကျေးဇူးတင်ပါတယ် *

 
ဒီလိုနဲ့  နေလာလိုက်တာ တနေ့ မှာ --လာစားတဲ့ သူတွေကလဲများ နေတဲ့အချိန် ကျွန်တော် ပန်းကန်တွေ
သယ်လာတုံး စားပွဲထိုး အစ်ကိုတစ်ယောက်က အမှတ်တမဲ့ ကျွန်တော့်ကို မတော်တဆ သဘောမျိုးနဲ့ 
ဝင်တိုက် လိုက်တယ် အဲဒီတော့ ကျွန်တော့်လက်ထဲက ပုဂံတွေအားလုံး ကျကွဲကုန်တယ်။ လူတွေအားလုံး
လဲ ကျွန်တော့်ကို ၀ိုင်းကြည့်ကြတယ် ရှက်လိုက်တာ မပြောပါနဲ့ တော့။ ဒါနဲ့ ပုဂံကွဲတွေ ကိုမြန်မြန် လိုက်သိမ်း
ပြီး ကြမ်းပြင်ကို လဲသန့် ရှင်းရေး ပြန်လုပ်လိုက်တယ်။ ပြီးတော့ မန်နေဂျာက ကျွန်တော့်ကိုခေါ်ပြီး

*မောင်မောင်ရာ ပန်းကန်တွေကို သေသေချာချာသယ်မှပေါ့ကွာ ခုတော့ကွဲကုန်ပြီ။ အလုပ်ကိုဂရုစိုက် မှပေါ့*
ကျွန်တော်ပြန်ပြောမလို့ ပါးစပ် အဟမှာ-

* တော်ပြီ မင်းဘာမှပြန်ပြောမနေနဲ့ လုပ်စရာရှိတာ သွားလုပ်တော့ *

  သြော်ပြန်ဖြေရှင်းခွင့်တောင် မပေးတော့ပါလား။ တော်တော်စိတ်ဆိုး သွားတာပဲ။

ဒီလိုနဲ့ လကုန်ရက် လခထုတ်တဲ့နေ့ မှာ သူဌေးရောက်လာပြီးကျွန်တော်တို့ အားလုံးကိုလခ ထုတ်ပေးတယ်။
ပြီးတော့ ကျွန်တော့်ကိုခေါ်ပြီး --

* မောင်မောင် မင်းလုပ်လို့ ပန်းကန်တွေကွဲသွားတယ်ဆို မန်နေဂျာက ပြောနေတယ် ဟုတ်သလား*

* ဟုတ်ပါတယ်သူဌေး * 
* ပြီးတော့ သူတို့ အားလုံးကပြောကြတယ် မင်းကအလုပ်ကိုကြိုးကြိုးစားစား မလုပ်ဘူးတဲ့*
ကျွန်တော် သူတို့ အားလုံးရဲ့ မျက်နှာကို လိုက်ကြည့်လိုက်တယ် ။အားလုံးမျက်နှာ လွှဲ နေကြတယ် ။
ကျွန်တော်နဲ့ ခင်တဲ့ အစ်ကိုတစ်ယောက်ပဲ ၀မ်းနည်းနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကိုကြည့်နေ တာ သတိထားမိတယ်။ သူဌေးက ကျွန်တော့်ကို ဆက်ပြောတယ်။
* ဒါဆိုရင်သူတို့ အားလုံးကလဲ သဘောမကျဘူး ဆိုတော့မင်းကို ငါအလုပ်ဆက်ခိုင်းလို့ မဖြစ်တော့ဘူး
ရော့ဒီမှာ မင်းလစာ*
သူဌေးကမ်းပေးတဲ့ လစာစာအိပ်ကလေးကို လှမ်းယူလိုက်ပါတယ်။ ပြီးတော့ သူဌေးက

* တကယ်သာ ဆက်လုပ်မယ်ဆိုရင် မင်းခွဲခဲ့တဲ့ ပန်းကန်တွေရဲ့ တန်ဖိုးကိုမင်းရော်ရမှာ ဒါပေမဲ့ မင်းကို ငါဆက်မခိုင်းတော့ဘူး ဆိုတော့ အဲဒီ ပန်းကန်ဖိုးတွေမဖြတ်ပဲ မင်းလစာအပြည့် ငါပေးလိုက်တယ်*
* ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး *

ကျွန်တော်ပြောပြီးလှည့်ထွက် လာခဲ့တယ်။ နောက်ကခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကို ခင်တဲ့အစ်ကိုဖြစ်နေတယ်။ သူက ကျွန်တော့်ပုခုံးကို ဖက်ပြီး  
* မင်းတော်တော်မိုက်တာပဲ မောင်မောင်ရာ ဘာဖြစ်လို့ မန်နေဂျာကိုမှ သွားပြောရတာလဲကွာ သူတို့ 
အားလုံးက အတူတူတွေချည်းပဲကွ။ ဒါကြောင့် အကွက်ဆင်ပြီးမင်းကို အလုပ်ထုတ်လိုက်တာ*
* ဗျာ တကယ်လား အစ်ကို *

* ဟုတ်တယ်ဒါကြောင့်မင်းကို အစ်ကိုပြောခဲ့သားပဲ ဘယ်သူမှ မပြောပါနဲ့ လို့  သူများ မိုးခါးရေသောက်လို့ မှ
ကိုယ်လိုက် မသောက်တော့ ကိုယ်လူမိုက်ဖြစ်သွား တာပေါ့ကွာ *

အစ်ကိုကြီး စကားအဆုံးမှာတော့ ကျွန်တော် စကားတစ်ခွန်းပြောပြီး နှုတ်ဆက်ထွက်လာခဲ့ပါတော့တယ်။ ကျွန်တော်ပြောခဲ့တဲ့ စကားကတော့။ 
* ကျွန်တော်လူမိုက် မိုးခါးရေ မကြိုက်ဘူး အစ်ကို *

No comments:

Post a Comment