Tuesday, November 12, 2013

*အမေသို့*



ဂုဏ်အင်မေတ္တာ
နှိင်းယှဉ်ကာပြိုင်
ဘယ်မှာနိုင်သူ
ရှိမှာလဲ မေမေ ။

ကိုးလတိုင်လွယ်
ဆယ်လမယ်ဖွား
ရင်ဝယ်ထားလို့
ခွန်အားနို့ရည်
တိုက်တဲ့မေမေ ။

ရက်လနှစ်ကုန်
အတောင်စုံတော့
အဖုံလောက
မမောရအောင်
သင်ပြပညာ
ပေးတဲ့မေမေ ။

သမီးသားလှ
ဘေးမခအောင်
နေ့ညမေတ္တာ
ပို့တဲ့မေမေ ။

ဆံဖြူသွားကြွေ
အားအင်ခွေလဲ
ကမ်းဝေမေတ္တာ
သတ္တဝါတွေ
ကျန်းမာစေကြောင်း
ဆုတောင်းပေးတဲ့
မေမေ ။

သခါၤရဆို
ညနေညိုသိှု့
နုပျိုအဆင်း
ရှောင်ခွာခြင်းဖြင့်
အိုမင်းဇရာ
နှောင်ဖွဲ့ပြီ
မေမေ။

ဇရာအိုလည်း
နုပျိုဆဲပါ
ပို့မြဲမေမေ
မေတ္တာတွေ
တုနိုင်းမမှီ
မေအိုဆီသို့
မျှော်ရည်ဦးခိုက်
ကန်တော့လိုက်ပါတယ်
မေမေ ။

*အချစ်သမားလေး*

No comments:

Post a Comment