Tuesday, November 12, 2013

အမျိုးသား အမျိုးသမီးနဲ့ ခွဲခြားမှု ထင်မြင်ယူဆချက်( အမျိုးသမီးဖတ်ဖို့ )


အမျိုးသမီးအမျိုးသား တန်းတူအခွင့်ရေးဆိုတာကတော့ ခေတ်အဆက်ဆက် ရှိနေမှာပါပဲ သဘာဝဆိုင်ရာအတားအဆီးအရတော့ အမျိုးသားတွေနဲ့ နေရာတကာရင်ဘောင်တန်း မရတာလည်း ပါပါတယ်။ သို့ ပေမယ့် ဒါဟာလူအခွင့်ရေးချိုးဖောက်မှုရယ်လို့ မယူဆစေချင် ပါဘူး။ အလုပ်တစ်ခုမှာ အမျိုးသားလုပ်မှဖြစ်မယ့်အလုပ်တွေရှိသလို အမျိုးသမီးလည်း ရင်ဘောင်တန်းနိုင်တဲ့ အလုပ်တွေလည်းရှိပါတယ် ဒီနေရာမှာ လုပ်ပိုင်ခွင့်ချင်း တန်းတူ ၅၀% =၅၀% ညီမျှလို့ မရတာတွေလည်း အမျိုးသမီးအမျိုးသားကြားမှာ ရှိနေအုံးမှာပါပဲ။
ကျနော်က အမျိုးသားမလို့  ဘက်လိုက်တာမဟုတ်ပါဘူး နော်။ သဘောထား ကွဲလို့ ရပါတယ်။ သဘာဝဆိုင်ရာ ဖြစ်တည်လာမှုအရတော့ ရှေ့ ဆက်ပီးလည်း လူသားမျိုးနွယ်မှာ အမျိုးသားတွေကပဲ ဦးစီးဦးဆောင် တည်ထွင်ဖန်တီး ရှာဖွေတင်ဆက် ဆက်လက်ချီ တက်နေမှာလို့ ယုံကြည်ပါတယ်။ မြန်မာစကားပုံအရကတော့ ကြက်မတွန်လို့ မိုးမလင်းဘူး ကြက်ဖတွန်မှသာ အရာရောက်တယ်လို့ ဆိုလိုက်ရင် အမျိုးသမီးတွေကို နှိမ်သလိုဖြစ်သွား မယ်ထင်တယ်။ ၀မရှိပဲ ၀ိလုပ်လို့ မရဘူးဆိုတာကို လိုသလိုတွေးရမယ်ဆိုရင် အမျိုး သမီးတွေမရှိပဲနဲ့ ကျနော်တို့ လူသားမျိုးနွယ်တွေ ဆက်လက်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာ အမျိုးသမီးနဲ့  အမျိုးသား ခွဲခြားမရတဲ့ အချိုးကျအသုံးဝင်မှုတစ်ခုပါပဲ။ 
အောင်မြင်ကျော်ကြားတဲ့ ယောက်ကျားတိုင်းရဲ့နောက်ကွယ်မှာ လိမ္မာပါးနပ်တဲ့ဇနီးကောင်း တစ်ယောက်ရှိနေတယ်ဆိုတဲ့စကားအရ ထက်မြတ်တဲ့အတွေးအခေါ်တွေမှာ မိန်းကလေး ရဲ့ထောက်ပံမှုလည်းပါတယ်ပေါ့ဗျာ။ ညီတူမျှတူပြောရရင် ငါမပါဘယ်ဟာမှမပြီး ငါချည်းလည်း ဘယ်ဟာမှ မပြီးပေါ့။  နေရာ တကာမှာတန်းတူမရနိုင်တာတွေကတော့ ကမ္ဘာတည် သရွေ့ ရှိနေမယ်လို့ ထင်တာပဲ ။နင့်ကိုငါချစ်တယ်ဆိုတဲ့ စကားဟာ ယောက်ကျားလေးတွေက စပြောရတဲ့ ဓလေ့ပေါ့ သဘာဝဖြစ်စဉ်ပေါ့ဗျာ။ မိန်းကလေးတွေက စပြောနိုင်တဲ့ အခွင့်ရေး လည်း ရှိမှာပါပဲ။ တန်းတူညီတူ သဘောာထားပေါ့။
ဒီဟာက ရှေးပဝေသဏီထဲက သဘာဝတရားအရ ဓလေ့တစ်ခုပေါ့ဗျာ။ ဒီဓလေ့ကို ပျယ်ဖျက်ဖို့ ဆိုတာကတော့ လုံးလုံးကြီးမဖြစ်နိုင်သေးပါဘူး။ (ကိုးရီးကားမပါပေါ့ဗျာ..ဟဟ) နီပေါကလိုတော့ မိန်းကလေးတွေကို မနှိမ်ထားသင့်ပါဘူး။ လက်ခံပါတယ်။ ပြောနေတော့ပါဘူးဗျာ။ 
မြန်မာပြည်ကလိင်(ပြည့်တန်ဆာ) လုပ်သားတွေရဲ့ 99% သောဇစ်မြစ်ကတော့ စီးပွားရေးလို့ ယူဆပါတယ်။ စီးပွားအဆင်ပြေရင် မရှိသလောက် နဲလာမယ် ။ အင်တာနေရှင်နယ်မှာတော့ ပြည့်တန်ဆာမကင်းပါဘူး ရှိနေမှာပဲ။ အဲ့တော့ သူတို့ ကို တရားဝင်အဖွဲ့ အစည်းသတ်မှတ်ပြီး လူအခွင့်ရေးထ လုပ်လာမယ်ဆို မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာအရကတော့ မဖြစ်သင့်ပါဘူး။ ကျနော်တို့ ဘာသာအယူအဆအရလည်း ဒီလုပ်ငန်းကြီးဟာ တရားဝင်လိုင်စင်နဲ့ ဖြစ်မလာသင့်ပါဘူး။ လျော့နည်း လာအောင် တားဆီးဖို့ ပထမဆုံးကတော့ လူမှုဖူလုံးရေး စားဝတ်နေရေးအဆင်ပြေရေးပေါ့ဗျာ။
ဒါကိုတော့ နိုင်ငံတော်မှာတာဝန်၇ှိတယ်လို့ ယူဆတယ်။ စကားပုံအရကတော့ သားသမီး မကောင်းမိဘခေါင်းပဲ။ ဆရာမကောင်းတပည့်ခေါင်းပဲဗျ. ဒါမြန်မာစကားပုံတွေ ။ တိုင်းပြည်မကောင်းရင် တိုင်းပြည်ခေါင်းဆောင်ရဲ့ခေါင်းလို့ တထစ်ချမဟုတ်တောင် သဘာဝဖြစ်စဉ်အရတော့ ယူဆရမှာပဲနော်။
ပြောနေရှည်တယ်ဗျာ ကွန်မန့် နဲ့ မတူတော့ဘူး ကိုဘုန်းရေ။ အခုလို မှန်ကန်တဲ့အတွေး အခေါ်လေးတွေ အတွက်ကျေးဇူးပဲဗျာနော် ။ သဘောထားကွဲတယ်လို့  မအောင့်မေ့ပါနဲ့။ ဆွေးနွေးတဲ့သဘောပါ။ ကျုပ်ကို စိတ်ဆိုးနဲ့ နော် Human Right လေဗျာ ။ စိတ်ဆိုးလို့ ကတော့ လွှတ်တော်တက်တိုင်မယ် ..ဟိဟိ

မောင်(စွယ်စုံကျမ်း)

ဆက်စပ်ပြီးဖတ်ဖို့  >>  တန်းတူအခွင့်အရေးနှင့် ဓလေ့ထုံးတမ်း

No comments:

Post a Comment