• ဗိုလ်မင်းရောင်ရဲ့ မြေး
အောင်ဆန်းရဲ့ သွေး
နီစွေး ရဲရင့်
သံမဏိ နှင်းဆီပွင့်
ကျောက်လွှာထက်မှာ ပွင့်ခဲ့ပြီ ။
• တောင်တန်းတွေက တောင်းဆို
လွင်ပြင်တွေက တေးချို
မြစ်ချောင်းများက ကကြို
သပြေညို ရေစိုဖြန်း
လက်ကမ်းခဲ့ပြီ ။
• အောင်ဆန်းရဲ့သွေးဟေ့
ထောင်နန်းဆို
ကြိုက်ရာရွေးတော့
အမှန်တရားအတွက်
တပြားမှ မလျှော့ဘူး
သူ့နောက်မှာ
ပြာပုံထဲက မြန်မာပြည်
သွေးစွန်းနေတဲ့ ဧရာဝတီ
ဆွံ့အနေတဲ့ သုံးရာသီရှိတယ် ။
• ဘာကြောင့်များ
ဖိနှိပ်သူတွေက
သူ့မျက်လုံကို
ဗုံးတစ်လုံးထက်
ကြောက်နေကြတာလဲ ။
• ဘာကြောင့်များ
ဖိနှိပ်သူတွေက
သူ့စကားကို
မြှားတစ်သောင်းထက်
ကြောက်နေကြတာလဲ ။
• တကယ်တော့.....
သူ့မှာ
လှံတစ်ချောင်း မြှားတစ်စင်း
အလျင်းမရှိ
ပကတိဖြူစင်သူ ။
• တကယ်တော့...
သူ့မှာ
ပြည်သူသာလျှင်ရှိတယ်
သူ့မှာ....
အမှန်တရားသာလျှင် ရှိတယ်
သူ့မှာ ......
မကြောက်တရားသာလျှင် ရှိတယ် ။
• တကယ်တော့... သူဟာ.....
ရာဇဝင်ပြောင်မြောက်
တောက်ပတဲ့ သမိုင်းကို
ပြည်သူတွေအတွက် ရေးဖွဲ့တယ် ။
• တကယ်တော့ ... သူဟာ
ပြည်သူကို သိတယ်...
ပြည်သူထံ သူလာတယ် ...
ပြည်သူရှေ့ သူရပ်တယ် ။
• တကယ်တော့ ... သူဟာ
ပြတ်သားတဲ့ အလင်းရောင်ကြားက
တရားမျှတမှု့ .... ဓားတွေ
လွတ်လပ်ရှင်သန်မှု့ ... မြှားတွေ
ပြည်သူရဲ့ .... အားတွေနဲ့
ရန်သူကို .... ခုတ်ပိုင်းတယ်
သစ္စာမဲ့သူကို .... တွန်းလှန်တယ်
အဓမ္မဝါဒီတွေကို .... အလင်းပြတယ် ။
• တကယ်တော့ ... သူဟာ
ဇာဘုရင်ရဲ့ သွေးမဟုတ် ။
နီရိုဘုရင်ရဲ့ သွေးမဟုတ် ။
ဟစ်တလာရဲ့ သွေးမဟုတ် ။
• တကယ်တော့ .... သူဟာ
အောင်ဆန်းရဲ့ သွေး
ဘယ်တော့မှ ....
ဘယ်တော့မှ ....
ဘယ်တော့မှ ....
ပြည်သူရဲ့ လည်ချောင်းသွေးနဲ့
ခြေမဆေးဘူး ။ ။ ။
📝 ချမ်းငြိမ်းအေး
( မန္တလေး စာပေဟောပြောပွဲတွင် ဆရာဦးဘုန်း ( ဓာတု ) ရွတ်ဆိုသွားသော ကဗျာ )
Wednesday, March 26, 2014
Monday, March 24, 2014
ခေတ်စမ်း ဖခင်သို့
စာပေအသစ်
ခေတ်စမ်းခေတ်ဟု
ထွန်းရစ်ဆန်းသစ်ခဲ့လေပြီ ၊
" ငါ့ ပုခုံးထက်
မင်းတို့တက်ကြ
ငါ့ ထက်မင်းတို့ တော်ရမယ်၊ "
" ဆရာတို့ထက်
တပည့်ထက်မှ
တိုးတက်မြင့်လို့ ဆိုရမယ် ၊ "
ခေတ်စမ်းဖခင်
ဖေမောင်တင် က
စဉ်အလာသစ်
ဆိုရိုးသစ်ဖြင့်
စာသစ်စင်ပေါ် တင်ခဲ့ပြီ ၊
ဖေမောင်တင်နှစ်
တရာ့တစ်မှာ
ပုဆစ်ဒူးတုပ်
လက်အုပ်ချီမိုး
ငါ ရှိခိုးသည်
မိုးသို့ တို့စာ ကျယ်စေသနည်း ။
မောင်စွမ်းရည်
ခေတ်စမ်းခေတ်ဟု
ထွန်းရစ်ဆန်းသစ်ခဲ့လေပြီ ၊
" ငါ့ ပုခုံးထက်
မင်းတို့တက်ကြ
ငါ့ ထက်မင်းတို့ တော်ရမယ်၊ "
" ဆရာတို့ထက်
တပည့်ထက်မှ
တိုးတက်မြင့်လို့ ဆိုရမယ် ၊ "
ခေတ်စမ်းဖခင်
ဖေမောင်တင် က
စဉ်အလာသစ်
ဆိုရိုးသစ်ဖြင့်
စာသစ်စင်ပေါ် တင်ခဲ့ပြီ ၊
ဖေမောင်တင်နှစ်
တရာ့တစ်မှာ
ပုဆစ်ဒူးတုပ်
လက်အုပ်ချီမိုး
ငါ ရှိခိုးသည်
မိုးသို့ တို့စာ ကျယ်စေသနည်း ။
မောင်စွမ်းရည်
Sunday, March 23, 2014
Body hair တလွဲဆံပင်ကောင်းသူများ
(၁) ဆရာခင်ဗျား ကျွန်တော့ အသက် ၃၅ နှစ်ရှိပါပြီ၊ နှုတ်ခမ်းမွေး ကျိုးတို့ကျဲတဲသာ
ပေါက်ပါတယ်။ အဲဒါ နှုတ်ခမ်းမွေး သန်သန်မာမာပေါက်ချင်လို့ပါ။ ဘာလုပ်ရမလဲခင်ဗျာ။
(၂) ကျွန်တော်တို့ လူသားများရဲ့ခန္ဓာကိုယ် အချို့နေရာတွေမှာ အမွေးအမှင် ထူထဲစွာ
ပေါက်ရောက်ပေမယ့် အချို့ နေရာ တွေမှာကျတော့ မပေါက်ပါဘူး။
အဲဒါဘာကြောင့်ပါလဲ။ နောက်ပြီးအချို့ အမွေးတွေဟာ အချို့ပေါက်ပေမယ့်
အချို့ လူတွေမှာတော့ မပေါက်ပြန်ဘူး။ ဘယ်လိုအမွေးတွေဟာ လူတိုင်း
ပေါက်ရောက်ပြီး ဘယ်အမွေးတွေ မပေါက်ပါသလဲ။ လူတစ်ယောက်မှာ
အမွေးအမှင်ဟာ ပဓာနကျပါသလား။
လူတွေမှာ Hair ဆံပင်၊ Vellus hair ကိုယ်မွေးနု၊ ထူးခြားတဲ့အမွေးတွေဆိုပြီး
သုံးမျိုး သုံးစားရှိတယ်။ ပါးစပ်-နုတ်ခမ်း၊ လက်ဖဝါး-ခြေဖဝါး၊ နားနောက်၊ ချက်၊
လိင်အင်္ဂါနေရာတချို့နဲ့ အမာရွတ်နေရာတွေက လွဲရင် အဲဒီအမွေး သုံးမျိုးထဲက
တမျိုးမျိုး ပေါက်နေတယ်။ အထူအပါးတော့ မတူခြားနားကြတယ်။
အရွယ်ရောက်ချိန်လောက်စပြီး ကိုယ်ခန္ဓာမှာ ပေါက်လာတဲ့ အမွေးတွေကို
Body hair လို့ခေါ်သလို Androgens ဆိုတဲ့ ကျားဟော်မုန်းနဲ့ ဆက်စပ်နေလို့
Androgenic hair လို့လဲ ခေါ်တယ်။ ဒီဟော်မုန်းက ကျားရော မပါ ရှိပေမဲ့
ယောက်ျားတွေမှာ ပိုများတယ်။
ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်
ကျနော်တို့က မင်းတို့လောက် ပညာမတတ်ကြဘူး။
ဒါပေမဲ့ မင်းတို့ထက် အမျိုးကို ပိုချစ်ကြတယ်လို့ ပြောတာကို ကြားဖူးတယ်။
ဒီစကားကို ဆန်းစစ်ကြည့်ရအောင်ပါ။
၁။ ပညာမတတ်လို့ သူ့ကိုယ်သူ သိမ်ငယ်စိတ် ဝင်နေပုံရတယ်။
၂။ ပညာတတ်အသိုင်းအဝိုင်းကို မျိုးချစ်စိတ်နဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ်လိုက်ပုံရတယ်။
၃။ မင်းတို့ပညာတတ်အသိုင်းအဝိုင်းက အမျြိုးကို ငါတို့လောက် မချစ်လို့
ခေါင်းဆောင်နေရာကို မပေးနိုင်ဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပုံရတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်ထောင်စုစနစ်ကို ငြင်းပယ်ချင်လို့ ပြည်ထောင်စုစနစ်နဲ့
နီးစပ်တဲ့ ဒီမိုကရေစီစနစ်ကို ပယ်ဖျက်ပြီး အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုးနဲ့
ထူထောင်နေခဲ့သည်မှာ ဒီနေ့အထိပါပဲ။
တိုင်းပြည်ရဲ့အနုတ်လက္ခဏာပြ ကြော်ငြာသာဓကတစ်ခု
ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံးအမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက
““ပြည်ပအိမ်ဖော် အလုပ်”တဲ့ . . .
““သြော် . . .
ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနုတ်လက္ခဏာပြ
ကြော်ငြာသာဓက တစ်ခုပါလား””လို့စာအုပ်ထုတ်ဝေရေး စာပေတိုက်ကြီး တစ်တိုက်က ကျွန်တော်ရေးခဲ့တဲ့
ဆောင်းပါးတချို့ကို စုစုစည်းစည်းနဲ့ စာအုပ်တစ် အုပ်ထုတ်မယ်ဆိုတာနဲ့
ဂျာနယ်တွေကို မိတ္တူကူးဆိုင် ယူသွားပြီး မိတ္တူကူးရပါတယ်။ မိတ္တူကူး ဆိုင်ရှေ့က
ခုံတန်းလျား လေးမှာ ထိုင်စောင့်နေရင်း ပတ်ဝန်းကျင် ကို ဟိုငေးသည်ငေးနဲ့
ငေးနေမိပါတယ်။ မိတ္တူကူးတဲ့ဆိုင်ရဲ့ ဆိုင်နံရံတစ်နေရာ လူ မြင်ကွင်းမှာ
ထင်းခနဲမြင်သာအောင် ကပ်ထားတဲ့ ကြော်ငြာ စာရွက်ကြီး တစ်ရွက်ကို
တွေ့လိုက်ရပါတယ်။ ဘာကြော်ငြာများ ပါလိမ့်ဆိုပြီး စိတ်ဝင်စားလို့ ထပြီး
ဖတ် ကြည့်လိုက်ပါတယ်။
စိတ်ထဲမှာ မကောင်း စရာကြော်ငြာပါလား။ အသက် ၁၈နှစ်နဲ့ ၂၀ ကြား မိန်းကလေး
တွေကို အလုပ်ခေါ်တဲ့ ကြော်ငြာဖြစ်နေပါတယ်။ ကြော်ငြာရဲ့ ထိပ်ဆုံးမှာ စာလုံး
အမည်းကြီးနဲ့ ထင်ထင် ရှားရှားရေးထားတာက ““ပြည်ပအိမ်ဖော်အလုပ်””တဲ့။
ဆိုလိုချက်တွေကို၊ သတ်မှတ် ချက်တွေကို ဆက်ဖတ် လိုက်ပါတယ်။ ပြည်ပနိုင်ငံမှာ
သွားပြီး အလုပ်လုပ်ရမယ်။ အိမ်ဖော်အလုပ်ကိုပဲ သီးသန့်လုပ်ကိုင်ရမယ်။ တစ်လကို
မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လစာငွေလည်း ရရှိမယ်တဲ့။ အိမ်ဖော်အလုပ်အတွေ့
အကြုံရှိပြီးသား မိန်းကလေးကို ဦးစားပေးမယ်တဲ့။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့
လိုအပ်တဲ့ တခြားအ ချက်အလက်တွေ ကိုလည်း ရေးထားပါသေးတယ်။ …လူတွေ့စစ်ဆေးမယ့်ရက်ကို တော့ ဖုန်းအဆက်အသွယ်ရပြီးမှ ပြန် ဆက်သွယ်
အကြောင်းကြားမယ်လို့ ဆိုပါ တယ်။
တစ်လကို မြန်မာငွေ ၆ သိန်းနဲ့ ညီမျှတဲ့ လခဆိုတော့လည်း မိန်းကလေး တချို့
လိုချင်ကြမှာပါ။ ကိုယ့်မြန်မာနိုင်ငံ ထဲမှာ ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ
တစ် နေကုန် ကြိုးစားပြီး အလုပ်လုပ်၊ ပြန်တော့လည်း အလုပ်ရှင်၊ စက်ရုံပိုင်ရှင်
တချို့က လုပ်ခလစာငွေကိုလည်း လျှော့ ပေးချင်ကြတယ်။ အချိန်ပိုကြေးလည်း
မပေးချင်တဲ့ အလုပ်ရှင်တွေ ရှိနေကြပြန် တယ်။ ပြီးတော့ သက်သာ ချောင်ချိမှု
ခွင့် ယူရက်ကအစ မလိုက်လျောချင်ကြတဲ့ လုပ်ငန်းရှင်တွေလည်း ရှိတယ်။ ကိုယ့်လူမျိုး၊
ကိုယ့်နိုင်ငံ သား မဟုတ်ဘဲ တခြား အိမ်နီးနားချင်းနိုင်ငံ တချို့က ဒီမှာလာပြီး
စက်ရုံကြီးတွေဖွင့်ရင်း ကိုယ့်ပြည်တွင်းက မိန်းကလေး အလုပ်သမားတွေကို ထင်သလို စော်ကားမော်ကား နှိမ့်ချကန့်သတ် ချုပ်ချယ်ပြီး ဒီအလုပ်လေးမှ မလုပ်ရရင် ငတ်တဲ့ကိန်းဆိုက်မှာမို့ တတ်နိုင်သမျှ သည်းခံခေါင်းငုံ့ပြီး လုပ်နေကြရရှာတာကို
အခွင့်ကောင်း ယူနေတဲ့ လူတန်းစားကလည်း အလုပ်ရှင်လောကမှာ ဒုနဲ့ဒေးမဟုတ်လား။
ပြည်တွင်းအလုပ်အကိုင်တွေ ထဲမှာ အချိန်ပိုဆင်းရလို့ ညမှောင်တော့မှ ထမင်းချိုင့်လေးဆွဲပြီး ကြုံရာဘတ်စ်ကား လိုင်းကားစီးရင်း အိမ်ပြန်ရရှာတဲ့ မိန်းက လေးတချို့လည်း ရှိနေကြပါတယ်။
ကား မှတ်တိုင်မှာ ကားစောင့်ရင်း ကျီးလန့်စာစားနဲ့ ဘယ်သူကများ ငါ့ကို ထိကပါး ရိကပါး လာစော်ကားမလဲဆိုတာ အကြောက် တရားနဲ့ လှုပ်ရှားသွားလာနေကြရရှာတဲ့ မိန်းကလေး
တွေလည်း ရှိပါတယ်။ တစ်ခါကဆိုရင် မိန်းကလေးနှစ်ယောက် အလုပ်ကပြန်လာရင်း ကား
မှတ် တိုင်မှာ ညဥ့်နက်သွားတယ်။ ရဲပတ္တရောင် လှည့်ကင်းနဲ့တွေ့တော့ အချိန်မတော်
မှောင်ရိပ်ခိုမှုဆိုပြီး ပုဒ်မ ၃၀-ဃ နဲ့ အဆွဲခံလိုက်ကြရတယ်။ ရဲအချုပ်မှာ တစ်ည ချုပ်ခံရပြီး
နောက်နေ့ တရားရုံးကိုရောက်တယ်။ တရားရုံးတ ချို့ရဲ့ ဝေါဟာရရှိပါသေးတယ်။
ဒီလို ၃၀-ဃ ပုဒ်မနဲ့ ရုံးတင်ခံရတဲ့သူတွေကို ပြောတာ ရှိပါသေးတယ်။
““အချိန်မ တော် လမ်းလျှောက်မှု”” တဲ့။ ဒီလိုနဲ့ ထောင်တစ်လကျသွားရရှာတဲ့ သာဓကတွေ
ရှိခဲ့ပါ တယ်။
နောက်ပြီး မြို့စွန် မြို့ပြင်ရပ်ကွက် တွေကို ညဘက်ပြန်ရသူ မိန်းကလေးတချို့ကျတော့ ကြုံကြဆုံကြရရှာတာတွေ ရှိ ဖူးပါသေး တယ်။ ရိုးရိုးလိုင်းကားတွေ ပြေးဆွဲချိန်ကုန်သွားတဲ့အခါမှာ ကြားကားလို့ ခေါ်တဲ့ ဒိုင်နာလိုမျိုး ကားတွေက ကြား ပေါက် ၀င်ပြေးဆွဲပေးတယ်။ ကျွန်တော် မျက်ဝါးထင်ထင်မြင်ဖူး ကြုံဖူးတာတစ်ခု ပြောပြမယ်။ ကားပေါ်ကို မိန်းကလေးသုံး ယောက် ထမင်းချိုင့်လေးတွေနဲ့ ချွေးတစို စိုကပိုကရို တက်လာကြတယ်။ ညဥ့် နက်ကြားကား တချို့
လူကျပ်ပေမယ့် အဲဒီ ညကျွန်တော်လိုက်လာတဲ့ ဒိုင်နာကားက ထိုင်ခုံ ဟိုဘက်ဒီဘက်
မျက်နှာချင်းဆိုင် ၂ တန်း ရှိတာ။ တစ်တန်းက လူမပြည့်ပါဘူး။ ဒီကလေးမလေးတွေ
ဝင်ထိုင်လို့ ရ ပေမယ့်မထိုင်ဘဲ မတ်တတ်ရပ် နေကြတယ်။ ကျွန်တော်က မနေသာလို့ ““၀င်ထိုင်ကြ လေ””လို့ လှမ်းပြောတော့ မိန်းကလေး တစ်ယောက်က ပြန်ပြောလိုက်တဲ့
စကားကို ခုထိ မမေ့နိုင်သေးဘူး။ ““ဒီကားက ထိုင်စီးသမားဆို ကားခပိုယူတယ် ဦးလေးရဲ့၊
ထပြီးစီးရင် တစ်ရာသက်သာတယ်””တဲ့။ သြော် …ဒီလိုကြားကားမျိုးလည်း သူ့အရပ်နဲ့
သူ့ဇာတ် ရှိနေပါလား ဆိုတာ ကျွန်တော် စိတ်မကောင်းစွာနဲ့ သိခဲ့ရတယ်။ သူတို့ခမျာ
ကားခကအစ ခြိုးခြံချွေတာ ကြရရှာတာကိုး။ မိုးတိုးမတ်တတ်ရပ်ရင်းနဲ့ပဲ နွမ်းလျအိမ်ပြန်
ကြရရှာပါတယ်။
ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းပါစေ၊ ပင်ပန်းရ ကျိုး မနပ်တဲ့ လုပ်ငန်းခွင်မျိုးတွေက
အသီးသီး အသက ပြန်လာကြရတဲ့ လူတို့လေးတွေရဲ့ အခြေအနေကို ဘယ်လို
လူတန်းစားမျိုးတွေက တာဝန်ယူကူညီမှုပေး ကြမှာလဲ။ တချို့မိန်းကလေးတွေ
ကျတော့လည်း ကိုယ့်မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လုပ်ကိုင်လာခဲ့ကြတဲ့
လုပ်ငန်းမျိုးကို အစိုးရပိုင်းက ဖျက်သိမ်းဖယ်ရှား ပစ်တာ ခံလိုက်ရလို့ လတ်တလောမှာ
ဘာလုပ်ကိုင်စားလို့ စားရမယ်မှန်း မသိ ကြသေးတဲ့ မိန်းကလေးတွေလည်း ရှိပါ တယ်။
ယောင်ချာချာနဲ့ စိတ်ထွေတလာ ဝေဒနာကိုယ်စီအရင်းတည်ရင်း ကိုယ့်တစ် ကိုယ်ရေပဲ
ဖြစ်ဖြစ်၊ မိသားစု စားဝတ်နေ ရေးပြဿနာကိုပဲဖြစ်ဖြစ် ဘယ်ပုံဘယ်နည်း ဖြေရှင်းကြရမလဲ
ဆိုတာ ဦးတည်ရာကင်းမဲ့ သွားတဲ့ မိန်းကလေးတွေလည်း ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာပဲ အသင်္ချေအနန္တပါ။
ကိုယ်ဘာဝါသနာပါလဲ၊ ကိုယ်ဘာ လုပ်တတ်လဲ၊ ကိုယ့်ဆန္ဒနဲ့ ကိုယ့်ရည်မှန်းချက်က
ဘာလဲဆိုတာတွေက (လုံးဝ)သာမည အဆင့်ကို ကျဆင်း သွားပြီး လတ်တလော စားဝတ်နေရေးကျပ်တည်းမှုကို ကြုံသလို ကျပန်းမြေစမ်းခရမ်းပျိုး သို့တည်းမဟုတ်
ဆင်ကန်းတောတိုး သဘောမျိုးပဲ ဖြေရှင်း လိုက်တာ ကောင်းပါတယ်လေဆိုတဲ့
အ တွေးတွေက အဓိကဖြစ်သွား တတ်ပြန်တဲ့ မိန်းကလေးတွေလည်း ရှိနေကြပါတယ်။
အဲဒီလိုဝေေ၀၀ါးဝါးမှာပဲ ငွေများရင် အဆင် ပြေတာပေါ့ ဆိုတဲ့ လမ်းကြောင်းနောက်
ကောက်ကောက်ပါအောင် သူတစ်ပါး ဆွဲဆောင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်က လိုက်ပါစီးမျောချင်လို့ပဲဖြစ်ဖြစ် အိပ်မက် သစ်တစ်ခုဆီကို ဦးတည်ရွေ့လျားသွားကြရှာတဲ့ မိန်းမသားများလည်း ရှိနေကြပါ တယ်။ တချို့ဆို တကယ့်ကို ကျောင်းနေ ပျော်ပြီး စာတော်ရမယ့်အရွယ်ကောင်းက လေးတွေပေါ့။ ထားပါတော့။ ပြည်ပနိုင်ငံ တစ်ခုကို ပျံသန်းနေတဲ့ လေယာဉ်ကြီးတစ် စီးရဲ့ ခရီးစဉ်တစ်ခုတည်းမှာတောင် လိုက်ပါသွားကြတဲ့ ကျွန်တော်တို့ နိုင်ငံက နိုင်ငံသူလေးတွေရဲ့ အခြေအနေချင်းက မမျှမတ လုံးဝမတူညီကြပါဘူး။
တချို့က မိဘ တတ်နိုင်လို့ ပြည်ပမှာ ပညာရှာ ကျောင်းသွားတက်ကြရမယ့် ပျိုရွယ်
သူ လေးတွေလေ။ တချို့ ကတော့ သူများနိုင်ငံ မှာ ““ကျွန်သွားခံကြရရှာတော့မယ့်””
မျက် စိသငယ်၊ နားသငယ်လေးတွေပေါ့။
““အိမ်ဖော်””အလုပ်ဆိုတာ တစ်နည်း အားဖြင့် စကားရိုင်းရိုင်းနဲ့ဆိုရရင် သူတစ်ပါးအိမ်မှာ
သူတစ်ပါးရဲ့ စိတ်အထာအာသာ ဆန္ဒပြည့်ဝအောင် သူတစ်ပါးအလိုကျ ကိုယ်က လခစား
အနေနဲ့ သွားပြီး သူတစ် ပါးစိတ်နဲ့ ကိုယ့် ခန္ဓာကိုယ်ဆိုသလို ““ကျွန်သွားခံ”” နေကြရရှာ
တာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ ဘ၀လုံခြုံ မှုဆိုတာက ပြည်ပမှာ
ကျောင်းသွားတက် တဲ့ မိန်းကလေးတွေလောက်တော့ ဘယ်လိုလုပ်ပြီး စိတ်ချရပါ့မလဲ။
သူတို့အပေါ်မှာ တာဝန်ယူမှုက တော်တော့်ကို စိတ်မချရတဲ့ အဆင့်မှာရှိတယ်လေ။
ကျွန်တော်တော့ စိတ်ထဲမှာ တကယ့်ကိုမကောင်းဘူး။ သားသမီးချင်း၊ မြေးချင်းလည်း
ကိုယ်ချင်းစာတယ်။ မိတ္တူဆိုင် မျက်နှာစာနံရံပေါ်က ““အိမ်ဖော်”” အခေါ် ကြော်ငြာ
လေးကို ငေး ကြည့်ရင်း
““သြော် …ကျွန်တော်တို့တိုင်း ပြည်ရဲ့အနုတ် လက္ခဏာပြ ကြော်ငြာသာဓကတစ်ခုပါလား””လို့
တွေးနေမိကြောင်း ပါခင်ဗျား။
ဆောင်းဝင်းလတ်
Myanmartandawsint Newspaper
သစ်ထူးလွင်
ပြည်တွင်းနေ ဘာသာခြားများ သိစေရန်
ပြည်တွင်းနေ ဘာသာခြားမိတ်ဆွေတွေကိုလည်း
ပြောချင်ပါတယ်။
ခင်ဗျားတို့တွေ ကျုပ်တို့ဘာသာတူချင်း
ဘာသာရေးအစွန်းရောက်တွေကို ပြောဆိုကြတာတွေ့လိမ့်မယ်။
ဒါဟာ ဘာသာရေးအစွန်းရောက်ရင်
ဘယ်သူ့ကိုမှ မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။
ခဏခဏ ပေးဖြစ်တဲ့ ဥပမာကို ထပ်ပေးဦးမယ်။
ပြောချင်ပါတယ်။
ခင်ဗျားတို့တွေ ကျုပ်တို့ဘာသာတူချင်း
ဘာသာရေးအစွန်းရောက်တွေကို ပြောဆိုကြတာတွေ့လိမ့်မယ်။
ဒါဟာ ဘာသာရေးအစွန်းရောက်ရင်
ဘယ်သူ့ကိုမှ မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။
ခဏခဏ ပေးဖြစ်တဲ့ ဥပမာကို ထပ်ပေးဦးမယ်။
Saturday, March 22, 2014
"အသုဘအလောင်းကိစ္စ ရှင်းတမ်း "
******************************
ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့
မြန်မာလူမျိုးတွေ . .
အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများပင်ဖြစ်တော့သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ
နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။
မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁
ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို
ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော်
ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . .
သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး
ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း
ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊
အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
မြန်မာစစ်တပ် ရာထူးအဆင့်အခေါ်အဝေါ်များ
(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Commander in Chief of Defense Services
(၂) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Deputy Commander in Chief of Defense Services
(၃) ကာကွယ်ရေး ဦးစီးချုပ် Commander in Chief (Army)
(၄) ကာကွယ်ရေး ဦးစီးချုပ် (ရေ) Commander in Chief (Navy)
(၅) ကာကွယ်ရေး ဦးစီးချုပ် (လေ) Commander in Chief (Air)
(၆) စစ်ရေးချုပ် Adjutant General
(၇) စစ်ထောက်ချုပ် Quartermaster General
(၈) တပ်မတော်စစ်ဆေးရေး အရာရှိချုပ် Defense Services Inspector General
(၉) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် Chief of Armed Forces Training
(၁ဝ) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် Military Affairs Security (Chief)
(၁၁) စစ်ဦးစီးအရာရှိချုပ် (ကြည်း) Chief of Staff (Army)
(၁၂) စစ်ဦးစီး အရာရှိချုပ် (ရေ) Chief of Staff (Navy)
(၁၃) စစ်ဦးစီး အရာရှိချုပ် (လေ) Chief of Staff (Air)
(၁၄) စစ်ရာထူးခန့်ချုပ် Military Appointments General
(၁၅) စစ်ဥပဒေချုပ် Judge Advocate General
(၁၆) တွဲဖက်စစ်ရေးချုပ် Vice Adjutent General
(၁၇) တွဲဖက် စစ်ထောက်ချုပ် Vice Quartermaster General
(၁၈) တပ်မတော် တပ်ထိန်းချုပ် Provost Marshal
(၁၉) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး Director of Ordinance
(၂ဝ) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး Director of Military Enginerring
(၂၁) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး Director of Medical Services
(၂၂) ဆက်သွယ်ရေး ညွှန်ကြားရေးမှူး Director of Signal
(၂၃) ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး Director of Defense Services Procurment
(၂၄) ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး
Director of People Militias and Frontier Forces
(၂၅) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး
Director of People Relation and Psychological Welfare
(၂၆) ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူး Director of Resettlement
(၂၇) လေ့ကျင့်ရေး ညွှန်ကြားရေးမှူး Director of Military Training
(၂၈) သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Armor
(၂၉) အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး Director of Artillery
(၃ဝ) တိုင်းမှူး Command Commander
(၃၁) တပ်မမှူး Division Commander
(၃၂) စစ်ဗျူဟာမှူး Tectical Operation Command
(၃၃) လက်ထောက်စစ်ဥပဒေချုပ် Assistant Judge Advocate General
(၃၄) တပ်ရင်းမှူး Commanding Officer
(၃၅) ဒုတိယ တပ်ရင်းမှူး Second in Command
(၃၆) စစ်ဦးစီးအရာရှိ (ပထမတန်း) General Staff Officer Grade I
(၃၇) စစ်ဦးစီးအရာရှိ (ဒုတိယတန်း) General Staff Officer Grade II
(၃၈) စစ်ဦးစီးအရာရှိ (တတိယတန်း) General Staff Officer Grade III
(၃၉) တပ်ရေးဗိုလ်ကြီး Adjutant
(၄ဝ) တပ်ထောက်ဗိုလ်ကြီး Quarter Master
(၄၁)ထောက်လှမ်းရေးအရာရှိ Intelligence Officer
(၄၂) ဆက်သွယ်ရေးအရာရှိ Signal Officer
(၄၃) ဆေးမှူး Medical Officer
(၄၄) ဆေးလက်ထောက် အရာခံဗိုလ် Medical Assistant
(၄၅) တပ်ရင်းတပ်ထောက် အရာခံဗိုလ် Regimental Quarter Master Sergeant
(၄၆) ရုံးအုပ်ကြီး Head Clerk
(၄၇) တပ်ကြပ်ကြီးစာရေး Sergeant Clerk
(၄၈) တပ်စာရင်းကိုင် Unit Accountant
(၄၉) ဗိုလ်လောင်း Cadet
(၅ဝ) အလုပ်သင်ဗိုလ် Apprentice
***********************
(၁) ဗိုလ်ချုပ်မှူးကြီး Senior General
(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး Vice Senior General
(၃) ဗိုလ်ချုပ်ကြီး General
(၄) ဒုတိယ ဗိုလ်ချုပ်ကြီး Lieutenant General
(၅) ဗိုလ်ချုပ် Major General
(၆) ဗိုလ်မှူးချုပ် Brigadier General
(၇) ဗိုလ်မှူးကြီး Colonel
(၈) ဒုတိယ ဗိုလ်မှူးကြီး Lieutenant Colonel
(၉) ဗိုလ်မှူး Major
(၁ဝ) ဗိုလ်ကြီး Captain
(၁၁) ဗိုလ် Lieutenant
(၁၂) ဒုတိယ ဗိုလ် Second Lieutenant
(၁၃) အရာခံ ဗိုလ် Warrant Officer I
(၁၄) ဒုတိယအရာခံ ဗိုလ် Warrant Officer II
(၁၅) တပ်ခွဲ တပ်ကြပ်ကြီး Quarter Master Sergeant
(၁၆) တပ်ကြပ်ကြီး Sergeant
(၁၇) တပ်ကြပ် Corporal
(၁၈) ဒုတပ်ကြပ် Lance Corporal
(၁၉) တပ်သား Private
Myanmar Pyi Thar
Friday, March 21, 2014
ခေတ်သစ် မီးခွက် အာလာဒင်
ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ
ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။
ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။
ဒီတော့ အမျိုးသားက "မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။
ခုတော့
ငါတို့ သွားတောင်းပန်ရတော့မယ်" လို့ပြောပြီး တစ်ဖက်အိမ်ကို
တောင်းပန်ဖို့
သွားပါတယ်။
လူကြီးဖြစ် သင်တန်း
ကောင်းဆက်နိုင်
အတွဲ ၁၀ အမှတ် ၁၂
The Flower News Journal
The Flower News Journal
အခု နိုင်ငံတကာမှာ ခေတ်စားနေ တာက သင်တန်းတွေနဲ့ ပတ် သက်လို့ပဲခင်ဗျ။
ဘာအလုပ်ပဲဖြစ်ဖြစ် သင် တန်းနဲ့ကို မလွတ်ဘူး။ သန့်ရှင်းရေးသင် တန်း၊
မှန်ချပ်တွေချည်း သန့်ရှင်းရေးလုပ်တဲ့ အထူးသင်တန်း။ စုံနေတာပဲ။ အလုပ်ရှင်
တွေကလည်း သင်တန်းဆင်းလက်မှတ် ရှိထားသူတွေကိုပဲ ရွေးပြီးခန့်ထားကြ တယ်။
နောင်တစ်ချိန် ဘာပြဿ နာ ပဲကြုံကြုံ သူ့ဘက်က သင်တန်းဆင်းရွေးပြီး ခန့်ထားပါ
တယ်ဆိုတဲ့ အချက်နဲ့ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ ကျုပ်ပဲ ဗဟုသုတနည်းလို့လား
မသိ ဘူး။ နိုင်ငံတကာမှာ 'လူကြီးဖြစ် သင်တန်း' ရယ်လို့တော့ မကြားမိဖူးဘူး။
မြင်သမျှ ကြားသမျှ
လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့
အချိန်မှာ
မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။
ဒါကို တရားဥပဒေအရ
တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။
တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။
ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။
ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊
ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊
ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့်
မကောင်းတာအတော်များများမှာ
Top Ten ထဲ အမြဲ တစေ ပါနတဲ့
ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု
အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။
မြင်သမျှ… ကြားသမျှ
သစ်မှောင်ခိုတဲ့လား
သတင်းတွေထဲမှာ ”သစ်မှောင်ခို ဖမ်းဆီးရမိ” ဆိုတဲ့ဟာမျိုးတွေ မကြာ ခဏတွေ့နေရပါတယ်။ ”မှောင်ခို” လို့ သာသုံးပေမယ့် မှောင်ခိုတွေ မဟုတ်ဘူးခင်ဗျ။
မော်တော် ကားကြီး၊ ပိုကြီးတဲ့ကားကြီးတွေနဲ့ တရားဝင်နီးနီး သယ်ယူနေကြတာပါ။
ကျွန်တော်နေတဲ့ တောင်ဒဂုံလမ်းမှာဆိုရင် နေ့စဉ်သစ်ကားချည်းပဲ အစီးနှစ်ဆယ်နီးနီး
တွေ့နေ ရပါ တယ်။ ဘယ်ဟာက မှောင်ခိုပြီး ဘယ်လို ဖြစ်မှ တရားဝင်ဆိုတာ
မခန့်မှန်းနိုင်ပါဘူး။
Wednesday, March 19, 2014
ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက်
ရိုဟင်ဂျာသမိုင်း မသိသေးသူများအတွက် လူအခွင့်အရေးကို
ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန်ကြိုးစားနေကြသည်။
၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ
ဂေါလ်ဒေ သ သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ
လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက် ဦးမြို့ တည် ၍ မြောက်ဦးခေတ်ကို
စတင် တည်ထောင်ခဲ့ပါသည်။
Monday, March 17, 2014
သေသူကို သရဏဂုံတင်ခြင်း ပြဿ နာ
အစိမ်းသေ သေသောသူကို သရဏဂုံတင်လို့ရ
-မရနှင့် သူ့ရဲ့အသုဘမှာ ငါးပါးသီလ ခံယူလို့ ရ-မရ သိချင်ပါတယ်။ အကြောင်းအကျိုး ယုတ္တိယုတ္တာ
သာဓက ၀တ္ထုလေးတင်ပြပေးပါ ဘုရား။ ကျေးဇူးတင် ပါသည်ဘုရား..
အထက်ပါ မေးခွန်းရှင်၏ စကားအရ မည်သည့်နည်းနှင့်သေသူကိုမဆို အလောင်းကို သရဏဂုံတင်လျင်
မရနိုင်ပါ၊ နောက် တဖန် သေလွန်သူ၏ အသုဘမှာ ငါးပါးသီလ ခံယူခြင်းသည်လည်း ကျစ်ရစ်သူ မိသားစုများအတွက်သာ
ဖြစ်နိုင်ပါသည်၊ သေပြီးသူအတွက် ထူးခြားမလာပါ၊ သို့ပါသော်လည်း ထိုသို့သရဏဂုံတင်ခြင်းသည်
ကျန်ရစ်သူမိသားစု၏ မေတ္တာ၊ ကရုဏာ စေတနာတို့ကို ဖော်ပြရာေ ရာက်သဖြင့် အကျိုးယုတ်ခြင်း
မရှိသောကြောင့် ပြုလုပ်သင့်သော ကုသိုလ်ဓလေ့တခုဟု ဆိုသင့်ပါသည်။ လိုရင်းတိုရှင်းဖြေလျင် ဒါလောက်ဆို လုံလောက်ပါတယ်၊
ဒါပေမယ့် အကြောင်းရင်းကို အကျိုး အကြောင်း ပြည့်စုံစွာ ရှင်းပြမှ အဆင်ပြေမှာ ဖြစ်တာကြောင့်
သိသင့်တာလေးတွေကို ရှင်းပြပါရစေ..
သရဏဂုံ အဓိပ္ပါယ်
ဘယံ သန္တာသံ ဒုက္ခံ ဒုဂ္ဂတိပရိကိလေသံ သရတိ
ဟိံသတိ ၀ိနာသေတီ တိ သရဏံ၊
( ကြောက်ခြင်း ထိတ်လန့်ခြင်းသဘောရှိသော
ဆင်းရဲများနှင့် အပါယ်သို့ ကျရောက်စေတတ်သော ကိလေသာတို့ကို ညှင်းဆဲတတ်၊ ဖျက်ဆီးသတ်တတ်သောကြောင့်
သရဏ ( ကိုးကွယ်ဆည်းကပ်ရာ ) လို့ ခေါ်ဆိုရကြောင်း ) ဂမန-သဒ္ဒါက မှီဝဲဆည်းကပ်ခြင်း ကပ်ရောက်ခြင်းဆိုတော့ (သရဏ- ဂမန)
နှစ်ပုဒ်ကို ပါဠိပျက်အနေဖြင့် သရဏဂုံ လို့ ခေါ်ဆိုကြောင်း မူလပဏ္ဏာသ အဋ္ဌကထာ ပ-၁၃၆ မှာ ဆိုထားပါတယ်၊
ဗုဒ္ဓဘာသာဝင်တယောက်အတွက် ဘ၀မှာ သရဏဂုံဟာ
အရေးပါလှပါတယ်၊ ဘုရားဟောဒေ သနာများမှာ သရဏဂုံကို အသက်ထက်ဆုံး တည်မြဲစွာ စောင့်ထိန်းခဲ့လျှင်
ကောင်းရာ သုဂတိကို ရောက် နိုင်သလို တမဂ်တဖိုလ်အထိ မျှော်လင့်နိုင် ကြောင်း စသည်ဖြင့်
ဝတ္ထုသာဓကတွေ ဟောထားခဲ့တယ်၊ ထိုသရဏဂုံဟာ အသက်ထင်ရှားရှိစဉ်မှာ ဆောက်တည်ထား ပြီးသော်လည်း
သေသွားရင်တော့ အလို အလျောက် ပျက်ဆီးသွားပါတယ်၊ လူ့ခန္ဓာကိုယ်မှ သိစိတ်ဝိဥာဉ် မရှိတော့တဲ့
အတွက်ကြောင့် စောင့်ထိန်း မယ် ဆိုတဲ့ စိတ်လဲ မတည်မြဲတော့ပါဘူး ၊
အသက်ရှင်စဉ်မှာ တခြားသော အယူဝါဒ ဘာသာကို
ပြောင်းလဲကိုးကွယ်ရင်လဲ သရဏဂုံပျက် တတ်ပါ တယ်၊ ထို့ကြောင့် အစိမ်းသေဖြစ်စေ၊ လူကြီးရောဂါဖြင့်
မီးစာကုန် ဆီခန်း သေသည်ဖြစ်စေ သေသူကို သရဏဂုံတင်လို့ မရနိုင်ကြောင်းကို ရှေးဦးစွာ မှတ်သားရပါမယ်။
သေသူ၏ အသုဘ၌ ငါးပါးသီလ ခံယူခြင်း ဆိုသည်မှာလဲ
ကျန်ရစ်သူတို့က မိမိ၏ ဆွေမျိုးသားချင်းများ ကုသိုလ်ရစေရန် သို့တည်းမဟုတ် သေသူ့အပေါ်တွင်
ဘယ်လောက်ချစ်ကြောင်း၊ သံယောဇဉ်ထားကြောင်း၊ စသည်ဖြင့် မေတ္တာစေတနာ ကရုဏာတို့ကို ဖော်ပြလိုသောကြောင့် ကုသိုလ်လုပ်ကြခြင်း
ဖြစ်ရ ကား သေ သူအတွက်တော့ သာဓုခေါ်နိုင်သော ဘ၀ရောက်နေလျင် အကျိုးထူးပါမည်၊ သာဓုမခေါ်ဆိုနိုင်သော
ဘ၀သို့ ရောက်နေလျင် အကျိုးမထူးပါ၊ ကျန်ရစ်သူ များမှာတော့ ကုသိုလ်ကောင်းမှုတခု ပြုလုပ်ခွင့်
ရသွားပါသည်။
ဘုရားခေတ်က သာဓက
ဘုရားရှင်လက်ထက်က ဇာဏုေဿာ ဏိ ဆိုတဲ့
ပုဏ္ဏားကြီးတယောက်ရှိတယ်၊ ဒေသနာများမှာတော့ အဲဒီပုဏ္ဏားကြီးဟာ ကတ်သီးကတ်သတ် မေးခွန်းများ
မေးလေ့ရှိသူလို့ နာမည်ကြီးသပေါ့၊ တနေ့မှာ အဲဒီ ပုဏ္ဏားကြီးက သေသူကို ရည်စူးကာ အမျှဝေရာတွင်
တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့် ရှိ မရှိ ဆိုတဲ့မေးခွန်းကို မေးတယ်၊ အဲဒီအကြောင်းကို
ဘုရားရှင်နဲ့ ပုဏ္ဏားကြီးတို့ အပြန်အလှန်မေး- ဖြေစကား များကို ကြားရရင် နားလည်နိုင်မည်
ထင်ပါသည်။
အရှင်ဂေါတမ သေသူကို ရည်စူးကာ အမျှဝေရာတွင်
တမလွန်ရောက်နေသူတိုင်း အကျိုးခံစားခွင့်ရှိပါသ လား။
ပုဏ္ဏားကြီး သာဓုခေါ်နိုင်တဲ့ဘ၀ကိုရောက်ရင်
အကျိုးခံစားနိုင်ပါတယ်.။
ဘယ်လို ဘ၀မျိုးက သာဓုခေါ်နိုင်ပြီး ဘယ်လို
ဘ၀မျိုးက သာဓုမခေါ်နိုင်ပါသလဲဘုရား။
သေခါနီးမှာ စွဲလန်းစိတ်နဲ့သေပြီး မကျွတ်မလွတ်တဲ့
တစ္ဆေ သရဲ ပြိတ္တာ စတဲ့ ဘုံဘ၀ကိုရောက်နေရင်၊ ကိုယ်ကလဲ ကောင်းမှုပြုကာ သူ့ကို ရည်စူးအမျှဝေရင်၊
သူကလဲ ၀မ်းသာစွာ သာဓုခေါ်ရင် အကျိုးခံစားခွင့် ရရှိနိင်ပါတယ်၊
သေပြီးနောက် လူ့ပြည်၊ နတ်ပြည်၊ ငရဲပြည်ကို
ရောက်သွားသူများ၊ တိရိစ္ဆာန်ဘ၀ကိုရောက်သွားသူများဟာ ကျန်ရစ်သူ များက ဘယ်လိုပင်အမျှဝေသည်ဖြစ်စေ
သာဓုမခေါ်နိုင်တော့ပါဘူး၊
ဒါ ဆိုရင်ဘုရား.. သူတို့က သာဓုမခေါ်နိုင်ရင်
ကုသိုလ်လုပ်ပေမယ့် အကျိုးမရှိတော့ဘူးပေါ့..။
အကျိုးမရှိတာ မဟုတ်ပါဘူး၊ ရှိပါတယ်
ပုဏ္ဏားကြီး၊ ယခုလက်ရှိသေပြီးသူက သာဓုမခေါ်နိုင်သော် လည်း ဆွေမျိုးတော်ပြီး မကျွတ်မလွတ်သေးတဲ့ဆွေမျိုးတွေ
အများကြီး ရှိနေတယ်၊ သူတို့ကလဲ ငါတို့ဆွေ မျိုးတွေ ဘယ်တော့များ ကောင်းမှုပြုပြီး အမျှဝေကြမလဲ
.. လို့ စောင့်စား မျှော်လင့်နေကြတယ်၊ ဒါကြောင့် သူတို့ သာဓုခေါ်နိုင်တာကြောင့် အကျိုးရှိပါတယ်..
အဲဒီလို ဆွေမျိုးတော်သူတွေ မရှိတော့ဘူး
ဆိုရင်ရော ဘုရား ..
ပုဏ္ဏားကြီး ရှည်လျားလှတဲ့ သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးတဲ့သူဆိုတာ မရှိနိုင်ဘူး၊
ဒါကြောင့် ကိုယ်ပြု သမျှ ကုသိုလ်ဟာ အလကားမဖြစ်ပါဘူး လို့ မိန့်တော်မူခဲ့တယ်။
တဆက်ထဲတွင် သေပြီးနောက် (၇) ရက်လွန်လျင်
(၅) ရက်လွန်လျင် ရက်လည်ဆွမ်းသွပ်၊ ပရိတ်တ ရားတော်နာခြင်း စသည်တို့ကို လူအများစု ယုံကြည်နေကြသည်ကား သေပြီးနောက် တပတ်တိတိ ကျန်ရစ်သူအိမ်သူအိမ်သားတို့၏ ပတ်ဝန်းကျင်မှာ ကျင်လည်နေကြမြဲဖြစ်သည်၊
ရက်လည်ပြီးကာမှ သွားလိုရာ ဘုံဋ္ဌာန၊ ရောက်သင့်ရာဘုံဋ္ဌာန တခုခုသို့ ရောက်ကြရသည်ဟူသော
အန္တရာဘ၀ ဒိဋ္ဌိ (ပစ္စုပ္ပန် ဘ၀နှင့် တမလွန်ကြားတွင် ဘ၀တခုရှိနေသေးသည်) ဟူသော မှားယွင်းသော
အယူအဆရှိနေသော
ကြောင့် လုပ်ကြခြင်းဖြစ်သည်။ အမှန်တော့ မကျွတ်မလွတ်သေးသော တစ္ဆေ သရဲ ပြိတ္တာတို့
ဖြစ်နေမှ သာ သာဓုခေါ်နိုင်ပြီး ကောင်းကျိုးချမ်းသာများ ခံစား စံစားနိုင်ပါသည်။
အထူးအားဖြင့် အစိမ်းသေ ( accident
) တခုခုဖြင့်သေလွန်သူကို စာပေစကားအရ ဥပေစ္ဆေဒက ကံ ဖြင့် သေသူလို့ ဆိုရပါမယ်၊ ထိုသူမျိုးဟာ
သေခါနီးတွင် ကြောက်လန့် ထိတ်လန့်ခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်သော ဝေဒနာကို ခံစား နေရသဖြင့်
ကုသိုလ်ဖြစ်စေမည့် ဘုရားတရားအာရုံကို နှလုံးသွင်းဖို့ ခဲယဉ်းသောကြောင့် ဘ၀ကူး ကောင်းဖို့လည်း
ခက်ခဲ ပါလိမ့်မည်။ ထိုသူမျိုးအတွက် အမျှဝေရန် ဧကန်လို အပ်ပါသည်။
ဗုဒ္ဓအဘိဓမ္မာအလိုအရ ဒီဘ၀ စုတိစိတ်ကျပြီးလျင်
နောက်ဘ၀တွင် ခဏငယ်အနည်းငယ်သာခြားပြီး ပဋိသန္ဓေနေရသည်ဟု အတိအလင်းဖော်ပြထားသည်၊ ဆိုလိုသည်မှာ မြန်မာပြည်မှာ သေသွားသူသည် အင်္ဂလန်၊ ပြင်သစ်
အမေရိကန် စသောဝေးလံသောအရပ်သို့ တခဏချင်း သွားရောက် ၀င်စားနိုင်ပေသည်။ ဥပမာ စိတ်သည်
ယခုချက်ချင်း မရောက် ဖူးသေးသော တနေရာကို အာရုံပြုလျင် ချက်ချင်းလက်ငင်း အချိန်မဆိုင်းပဲ
ရောက်ရှိနိုင်သောကြောင့်ပင်၊ ထို့အတူ ပဋိသန္ဓေစိတ်သည်လည်း အာရုံပြုမိရာ တနေရာ ရာကို ရောက်နိုင်ပါသည်၊
စိတ်၏ လျင်မြန်ပုံကား ဥပမာပြဖို့ပင် မဖြစ်နိုင် တော့ပါ၊
အနှစ်ချုပ်အနေဖြင့် လူတယောက်မှာ သေဆုံးသွားရင်
ထိုပုဂ္ဂိုလ် တသက်လုံးဆောက်တည်လာခဲ့တဲ့ သရဏဂုံဟာ အလိုလို ပျက်ဆီးသွားပါတယ်၊ ခံယူနိုင်စွမ်း
စိတ်ဝိဥာဉ် မရှိတော့လို့ပါ၊ ကျန်ရစ်သူ မိသားစုများကလဲ ဘာမှ မတတ် နိုင်ကြတော့ဘူး ဆိုတော့
ဒီဘက်ဘ၀မှာ ငါတို့တော့ လက်လွှတ် လိုက်ရပြီ၊ သို့သော်လည်း ဟိုဘ၀မှာ သတိရလျင် သရဏဂုံဆက်ပြီး ယူပါစေတော့ရယ်လို့
ရည်စူးကာ လူသေကို သရဏဂုံတင်ကြခြင်း ဖြစ်ပါတယ်။
မေတ္တာဖြင့်
( ပန်းကမ္ဘာ)
Date.1.Jun.2012
http://www.dhammapalace.org/2012/06/blog-post.html
မြန်မာပြည်မှာနေရတာကောင်းတယ်
မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊
ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်း
ထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ
ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာမဆလာတွေသုံး၊
ဘာအရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။ ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက်
သဘာဝနဲ့ နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား
တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့
ချန်ထားရတာ။ ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။
အရသာ ရှိလေစွ။
မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့
တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး
အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင်
ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို
ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊ အခါတစ်သောင်းလောက်
ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။ မော့ပေရော့
လတ်လတ်ဆတ်ဆတ်။
Monday, March 10, 2014
တန်ဖိုး ဆိုတာ .......
တစ်ခါက ရွာကြီးတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ်။
သူမှာ သိပ်လှ
တဲ့ မြေးမလေး တစ်ယောက် လည်းရှိတယ်။
အဘိုးအိုပာာ မျက်လှည့်ပညာသိပ်
ကျွမ်းတယ်။
အဲဒီပညာနဲ့ ပဲအ သက်မွေးခဲ့ တယ်..။
.မြေးမလေးကိုလည်း
အဲဒီပညာတွေသင်ပေးထားတယ်။
တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။
တစ်နေ့တော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့။
ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ကြိုး ကနေ
မြွေဖြစ်သွားတာတွေ
ပြကွက်မျိုးစုံနဲ့ ပရိသတ်ကိုဖျော်ဖြေတယ်။
အားလုံးပြပြီးရင် ပရိသတ်က
စွန့်ကြဲ တဲ့ငွေကိုပဲယူတယ်။
အခုပြတဲ့ပွဲမှာ
အဘိုးအိုပာာ ထူးဆန်းတဲ့ စကားတစ်ခွန်းပြောတယ်။
Sunday, March 9, 2014
မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ
စာဖတ်သူမမများအတွက် အားတက်စရာ အမှန်တရားလေးတစ်ရပ်ကို
ဆွေးနွေး တင်ပြလိုက်ချင်ပါတယ်။
ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ
ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတတ်တဲ့ ယောက်ျား (ဝါ) လိင်တူချင်းမှ
အကြိုက်ကျသူ မဟုတ်တဲ့
ယောက်ျားအများစုဟာ မိန်းမသားများရဲ့ ရုပ်ရည်ကိုသာ
နှစ်သက်စွဲလန်းကြတာ
မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း မက်မောတတ်ကြတဲ့
အကြောင်းပါ။ ဆိုလိုတာက
ကိုယ့်ရုပ်ရည်ကိုယ် သိပ်အားမရဖြစ်နေတဲ့ မမများ
အနေနဲ့ ဘာမှ အားငယ်စရာ
မလိုဘူးလို့ ပြောလိုက်ချင်တာပါပဲ။
ကိုယ့်ရုပ်ရည် က သိပ်အဆင်မပြေတောင် ကိုယ့်ကိုယ်ခန္ဓာက ဟိုတစ်ဖက်သားအတွက် မက်စရာ ဖြစ်နေနိုင်ပြန်သေးတယ်ဆိုတာကို နှလုံးသွင်းနိုင်မယ်ဆိုရင် အားငယ်စိတ်တွေ လျော့ပါးသွားပါလိမ့်မယ်။
သည်လို ပြောလိုက်တော့ “ဟင်… ကျွန်မ အရပ်ကလည်း ငါးပေမပြည့်၊
ကိုယ်လုံးကျတော့လည်း
ခါး ရင် ၂၈၊ ခါး ၂၇၊ တင် ၂၆ ဖြစ်နေတယ်ရှင့်။
ရုပ်က မလှရတဲ့အထဲ
ကိုယ်လုံးကလည်း ပုံမလာပါဘူးတော်။ အားငယ်စရာ ပိုမကောင်းပေဘူးလား”လို့
မေးလာမယ့် မမတွေလည်း ရှိနေနိုင်ပါတယ်။
ရည်းစားတစ်ယောက်ကိုဝေမျှထားတဲ့ အမွှာညီအမ
တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ
သူတို
့ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။
အလုပ်၊ကား ၊ဖေ့ဘွတ်အကောင့်
အတူတူ....နောက်ဆုံး ရည်းစားတောင်မှ
နှစ်ဦးပေါင်းတစ်ယောက်ထဲထားပါသတဲ့။
သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ
ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ်ကအစ တူသထက်တူအောင်
ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစလို့ အသေးစိတ်တူညီအောင်ပြုပြင်ခွဲစိတ်တာ
ဒေါ်လာ နှစ် သိန်းလေးသောင်း နဲ့ ရှစ်ရာကုန်ကျခဲ့ပါတယ်။
Saturday, March 8, 2014
မိန်းမဆိုတဲ့ ပစ္စည်း
သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟု သုံးနှုန်း။
【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့်ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့်
【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့်ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့်
အောက်စီဂျင်ဓါတ်များပါဝင်။
【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန် ရှိသည်။
【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန် ရှိသည်။
သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီ စသော အရာများဖြင့်
ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင်
အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်း
တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။
ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။
သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။
【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့်
ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။
သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။
【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့်
စွဲလမ်းခြင်း ဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။
Subscribe to:
Posts (Atom)